


ပညာရေးအကယ်ဒမီ နံနက်စာအလှူတော်

29.9.2019 ရက်နေ့၊ မနက် ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။
ဓမ္မစေတီကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာရေးအကယ်ဒမီကျောင်းမှ ဆရာတော်သံဃာတော်များ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများအား နံနက်စာ နို့စိမ်းခေါက်ဆွဲ ဆက်ကပ်လှူဒါန်း ကျွေးမွေးကြတာ ဖြစ်ပါတယ်။

အလှူရှင်များက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဦးရန်ကြီးအောင်+ဒေါ်မော်မော် (မော်မော်ရွှေဆိုင်)မိသားစုနှင့် မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ဝေယျာဝစ္စအဖွဲ့တို့ ဖြစ်ပါတယ်။

ပညာရေးအကယ်ဒမီကျောင်းကို အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူနှင့် ဓမ္မစေတီကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အရှင်နာဂိန္ဒာလင်္ကာရတို့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်တွင် (၅)တန်းမှ (၁၀)တန်းအထိ ကျောင်းသားကျောင်းသူပေါင်း ၃၂၀ ကျော် ပညာသင်ယူလျက်ရှိပါတယ်။