မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၇၄)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် ထပ်မံ လှူဒါန်းပါသည်။ (11.5.2017) (ပြီးခဲ့သည့် 9.4.2017 ရက်နေ့ကလည်း ဆရာတော်ကြီး၏ သက်တော်(၈၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မန်း မဟော်သဓာ အမျိုးသားရေးကျောင်းတော်ကြီးအတွက် အလှူငွေ သိန်း(၁၀၀)ကျပ် လှူဒါန်းဖူးပါသည်။)

မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၁၁,၃၁၅,၅၀၀ စုစုပေါင်း – ၁၆၈,၅၁၅,၅၀၀ (တစ်ထောင့်ခြောက်ရာ့ရှစ်ဆယ့် ငါးသိန်း တစ်သောင်းငါးထောင့်ငါးရာကျပ်) ရရှိပြီဖြစ်သည်။

အလှူရှင် မိသားစုနှင့်အတူ အမျိုး ဘာသာ သာနာရေးကို အစဉ်အားပေးကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။