သတင်း

လူမျိုးတုံးသတ်ဖြတ်တာ ဘယ်သူလဲ? သေချာကြည့်ထားကြ။ ပြဲနေတဲ့ ငပြူးတွေကို တွေ့ရလိမ့်မယ်

လူမျိုးတုံးသတ်ဖြတ်တာ ဘယ်သူလဲ?
သေချာကြည့်ထားကြ။
ပြဲနေတဲ့ ငပြူးတွေကို တွေ့ရလိမ့်မယ်။

ဝီရသူ ( မစိုးရိမ်)
25.9.2017
pm 8:46

=======================

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင် များ၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိ

နေပြည်တော် စက်တင်ဘာ ၂၅

ရခိုင်ပြည်နယ်အတွင်း ARSA စွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်ရုပ် အလောင်း ၂၈ လောင်းအား ယမန်နေ့ စက်တင်ဘာ ၂၄ ရက်တွင် မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာအနီး၌လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ကျန်ရှိဟိန္ဒူဘာသာဝင်ရုပ်အလောင်းများ ထပ်မံရှာဖွေ တွေ့ရှိရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။

ယနေ့မွန်းလွဲပိုင်းတွင် ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သည့် နေရာ၏ အရှေ့မြောက်ဘက်မီတာ ၄၀ဝ ခန့်အကွာနေရာ၌ မသင်္ကာဖွယ်မြေအနေအထား စတင်တွေ့ရှိပြီး အပုပ်နံ့ရသဖြင့် တူးဖော်ရှာဖွေရာ အကျယ် ၃ ပေခန့်နှင့် အနက် ၅ ပေခန့်၊ တစ်ကျင်းနှင့် တစ်ကျင်း ၁၀ ပေခန့်အကွာစီ တူးထားသည့် ကျင်း ၂ ကျင်းအား တွေ့ရှိခဲ့သည်။

အဆိုပါမြေကျင်းများအနက် ပထမကျင်းအတွင်းမှ အမျိုးသားရုပ်အလောင်း ၁၄ လောင်းနှင့် ဒုတိယကျင်းအတွင်းမှ အမျိုးသားရုပ်အလောင်း ၃ လောင်း စုစုပေါင်းအမျိုးသားရုပ်အလောင်း ၁၇ လောင်း တူးဖော်ရှာဖွေတွေ့ရှိပြီးဖြစ်သဖြင့် ယနေ့အထိ ရုပ်အလောင်း ၄၅ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

အဆိုပါနေရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအ ကော်မတီဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများက သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြသည်။

အထက်ပါတူးဖော်ရရှိခဲ့သည့် ဟိန္ဒူဘာသာဝင်ရုပ်အလောင်းများအား မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် လိုအပ်သည့် ဆေးစစ်ချက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဟိန္ဒူဘာသာဝင်များ၏ ဓလေ့ထုံးတမ်းစဉ်လာများအတိုင်း သဂြိုလ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့ထပ်မံတူးဖော်ရရှိခဲ့သည့် ရုပ်အလောင်းများသည် ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း ပူးပေါင်းရှာဖွေရေးဆောင်ရွက်ခဲ့ကြသော မောင်တောမြို့နယ်၊ ကြိမ်ချောင်းအလယ်ရွာနေ ဦးရှိမော်တော်၊ သမန်းကျေးရွာနေ ဦးဖြမ်ဟော်ရီတို့နှင့် ဟိန္ဒူဘာသာဝင်အချို့၏ အတည်ပြုပြောကြားချက်များအရ သိရှိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ဟိန္ဒူဘာသာဝင် များပူးပေါင်း၍ ကျန်ရှိဟိန္ဒူဘာသာဝင်များ ရှာဖွေတွေ့ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

fbပေါ်တွေ့သမျှ
ဓာတ်ပုံတွေပါ။