အင်တာဗျူး

အမှန်တရားပေါ်ပေါက်ရေးအတွက် အကူအညီတောင်းလာတဲ့ အကျဉ်းသားမူဆလင်တစ်ဦးရဲ့ သဘောထား

5.12.2017 ရက်နေ့ ရက်စွဲနှင့် ရေးထားတဲ့စာပါ။ မူဆလင်အမည်က ဦးသီဟ(ခ)ဦးဟာမစ်(ဘ)ဦးခင်မောင်ဆွေ၊ ထောင်ဝင်နံပါတ်(မတလ/၁၄/၀၆၀၉၃/က)ဖြစ်ပါတယ်။ သူ့စာထဲမှာတော့ ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မန္တလေးအဓိကရုဏ်းနှင့်ပတ်သက်ပြီး ရောင်ပြန်ခေါ် ထွန်းထွန်းကိုသတ်မှုနှင့် ထောင်ဒဏ်(၁၀)နှစ် ၅(ည)နှင့်ထောင်ဒဏ် ၅ နှစ် ၁၇(၁)နှင့် ၂နှစ် လဝက၁၃(၁)နှင့် ထောင်ဒဏ် ၁နှစ် စုစုပေါင်း ထောင်ဒဏ် ၁၈နှစ် ချမှတ်ခံရတဲ့အပြင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂နှင့် အမှုရင်ဆိုင်ဆဲလို့ သိရပါတယ်။

သူအခု အကူအညီတောင်းလာတာကတော့ အစ္စလာမ်တပ်မတော်ထူထောင်ရန် လူစုခြင်း၊ ရန်ပုံငွေထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ တရားမဝင်အဖွဲ့အစည်းများ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ တပ်သားသစ်များ လျှို့ဝှက်ပေးပို့ခြင်း အပါအဝင် သူသိရှိထားသော ဖြစ်ရပ်မှန်များကို အမှန်အတိုင်းထုတ်ဖော်လိုတာကြောင့် အကူအညီတောင်းတာလို့ ဆိုပါတယ်။

ဌာနဆိုင်ရာကိုပေးပို့သော်လည်း အမှုမှန်ကို ဖော်ထုတ်ခြင်း၊ အဓိကတရားခံများကို ဖမ်းဆီးခြင်း မရှိတဲ့အတွက်ကြောင့် အခုလို စာရေး အကူအညီတောင်းတာဆိုထားပါတယ်။ စာတိုက်မှတစ်ဆင့် တရားဝင်ပေးပို့တဲ့စာဖြစ်ပြီး လွတ်ငြိမ်းသက်သာခွင့် မရရှိနိုင်သော်လည်း ပြည်တွင်းနေ မူဆလင်တစ်ဦးအနေနှင့် ဆရာကြီးဦးရာဇတ်အပါအဝင် နိုင်ငံသားကောင်းမူဆလင်တစ်ဦးအနေနှင့် တာဝန်ကျေချင်လို့ အမှုမှန်ဖော်ထုတ်ချင်တာလို့ ဆိုပါတယ်။ သူကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့စာတွေကို တင်ပြလိုက်ပါတယ်။

NLD အစိုးရ၊ စရဖ၊ SB၊ စသုံးလုံး၊ CID၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ လုံခြုံရေးရာ စသည်တို့မှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ရှိ အကြီးအကဲမှန်သမျှ အခွင့်အရေးကို လက်မလွတ်တမ်း အမှုမှန်ဖော်ထုတ်ကာ တိုင်းပြည်၏ အန္တရာယ်ရန်စွယ်များကို ဥပဒေဘောင်အတွင်းမှ တိကျပြတ်သားစွာ ဆောင်ရွက်ပေးဖို့ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျနေသော ဦးသီဟ(ခ)ဦးဟာမစ်ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

ဝီရသူ(မစိုးရိမ်)
9.12.2017
PM 8:02