Daily Archives: December 10, 2017

သတင်း

ဇွဲကပင်ဆရာတော်ကြီးရဲ့ မဲဘောင်ကျောင်းတိုက်မှာ

တပ်မတော်နှင့်နိုင်ငံ့ဝန်ထမ်းကောင်းများငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့သောကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအားထောက်ခံပွဲ။ နေ့ ရက်။ ။၁၀.၁၂.၂၀၁၇ အချိန်။ ။မွန်းတည့် ၁၂နာရီမှညနေ ၄နာရီထိ နေရာ။ ။မဲဘောင်ကျောင်းတိုက် ဘားအံမြို့
သတင်း

စာမူတောင်းခံလျှောက်ထားခြင်းပါဘုရား

တပည့်တော်များ၏ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် တိုက်တည်ဆရာတော်ကြီး(၄)ပါးတို့တွင် အပါအင်ဖြစ်တော်မူသော အဂ္ဂါဘိဓဇဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ လွန်တော်မူခြင်းအထိမ်းအမှတ် ပူဇော်ပွဲကို တပည့်များစုပေါင်း၍ နှစ်စဉ်မပျက် ကျင်းပပူဇော်ခဲ့ကြရာ လာမည့် ၁၃၈၀ပြည့်နှစ်တွင် (၁၅)နှစ်တိုင်မြောက် ရောက်ခဲ့ပြီဖြစ်ပါ၍ (၁၅)နှစ်ပြည့် အထိမ်းအမှတ်ပူဇာအဖြစ် ကဆုန်လပြည့်နေ့ပူဇော်ပွဲတွင် ဆရာတော်ကြီး၏ သာသနာပြု စိတ်ဓာတ် စွမ်းရည်နှင့် ဘဝရပ်တည်မှု စသည်တို့တွင် ထင်ဟပ်ပေါ်လွင်စေသော အထိမ်းအမှတ်စာစောင် ထုတ်ဝေပူဇော်နိုင်ရန် ရည်သန်ချက်ရှိသည်အားလျော်စွာ ဆရာတော်ကြီးနှင့်ပတ်သက်သမျှ တပည့်များ အလှမ်းမမီသော အကြောင်းအရာများကိုပါ စုံလင်နိုင်သမျှစုံလင်စွာ ပါဝင်နိုင်စေရေးအတွက် အားပေးချီးမြှောက်တော်မူသောအားဖြင့် ဆရာတော်ဘုရားတို့၏ ရှုမြင်သုံးသပ်ချက်များနှင့်အတူ စာရေးသားချီးမြှင့်တော်မူ၍ သုံးစွဲခွင့်ပေးသနားတော်မူပါမည့်အကြောင်း ...
သတင်း

အမျိုးသားရေးစိတ်ထားနှင့် နိုင်ငံရေးစိတ်ထား(၂)

စာရေးသူနှင့် ရွှေညဝါဆရာတော်တို့ စတင်တွေ့ဆုံတာက ၂၀၀၁ ခုနှစ်မှာပါ။ ထိုစဉ်က ဝီရသူ(မစိုးရိမ်)ဟူသော ကလောင်အမည်က သာသနာလောကမှာ တတက်နေတစ်စင်းလို ထင်ရှားနေပါပြီ။ ရွှေညဝါဆရာတော်ကိုယ်တိုင် သူ့သင်တန်းမှာဟောပြောဖို့ ဖိတ်ကြားလို့ လာခဲ့တာပါ။ ရွှေညဝါဆရာတော်ကိုယ်တိုင် ဘူတာကြီးအထိ လာကြိုပေမယ့် စာရေးသူနှင့် လမ်းလွဲသွားခဲ့ပါတယ်။ သူ့သင်တန်းမှာ သုံးညဆက်တိုက် ဟောကြားခဲ့ဖူးပါတယ်။ ထိုစဉ်က စာရေးသူဟောကြားခဲ့တဲ့ နောက်မကျစေနဲ့ တရားတော်တို့ မိခင်ရွာက သာသနာတရားတော်တို့ဟာ BA MA Ph-D ဆရာတော်လေးတွေရဲ့ ရင်ထဲမှာ ယခုထိ တည်ရှိနေဆဲပါပဲ။ ရွှေညဝါဆရာတော်က စာရေးသူကို လက်အုပ်ချီပြီး လျှောက်ထားခဲ့ဖူးပါတယ်။ တပည့်တော် ပညာသီဟပါ။ ...
သတင်း

့ပြည်သူကိုစော်ကားလိုက်သော ဒုဝန်ကြီး ဦးအောင်ထူး

ကုန်ဈေးနှုံးတက်လို့ အစိုးရကိုအပြစ်တင်တဲ့သူတွေဟာ အပြစ်တင်တတ်တဲ့အကျင့်ပါနေတဲ့သဘောလို့ စီးပွားကူးသန်းဒုဝန်ကြီးဦးအောင်ထူးက ပြောကြားသွားတာပါ။ ကုန်ဈေးနှုံးတက်တာ အစိုးရနှင့်မဆိုင်ဘူးဆိုရင် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့ တိုင်းပြည်ကြီးပွားတိုးတက်ရေးတို့ နိုင်ငံသာယာဝပြောရေးတို့ မလိုအပ်တော့ဘူးပေါ့နော်။ အုပ်ချုပ်ရေးနှင့် ဥပဒေရေးရာလောက်ပဲ အစိုးရမှာတာဝန်ရှိတယ်ဆိုတဲ့သဘောပေါ့နော်။ ဒါဆိုရင် စီးပွားရေးဝန်ကြီးမထားတော့နှင့်လေ ဒါဆိုရင် ကုန်ဈေးနှုံးမတက်အောင်ထိန်းနိုင်တဲ့ ပညာရှင်ကြီးတွေကို အပ်လိုက်တော့လေ။ လုပ်ပိုင်ခွင့်မရှိရင် မရှိဘူးပြောပါ။ အထက်အမိန့်မရလို့ မလုပ်ရရင် မလုပ်ရဘူးပြောပါ။ ပြည်သူလူထုကိုတော့ မစော်ကားပါနဲ့။ ခင်ဗျားတို့ပြောသလိုပြောရရင် နိုင်ငံတကာမှာ ဒီလိုစကားမျိုးပြောတဲ့ဝန်ကြီး တောင်းပန်ပြီး နှုတ်ထွက်ရတယ်ဗျ။ ခင်ဗျားကြီးတောင်းပန်လိုက်ပါ။ ပြီးရင် နှုတ်ထွက်လိုက်ပါ။ ဒါဟာ ဒီမိုကရေစီသဘောတရားတစ်ခုပါပဲ။ ဒါဟာ ဒီမိုကရေစီ အစိုးရတွေရဲ့ ...
အင်တာဗျူး

အမှန်တရားပေါ်ပေါက်ရေးအတွက် အကူအညီတောင်းလာတဲ့ အကျဉ်းသားမူဆလင်တစ်ဦးရဲ့ သဘောထား

5.12.2017 ရက်နေ့ ရက်စွဲနှင့် ရေးထားတဲ့စာပါ။ မူဆလင်အမည်က ဦးသီဟ(ခ)ဦးဟာမစ်(ဘ)ဦးခင်မောင်ဆွေ၊ ထောင်ဝင်နံပါတ်(မတလ/၁၄/၀၆၀၉၃/က)ဖြစ်ပါတယ်။ သူ့စာထဲမှာတော့ ၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ မန္တလေးအဓိကရုဏ်းနှင့်ပတ်သက်ပြီး ရောင်ပြန်ခေါ် ထွန်းထွန်းကိုသတ်မှုနှင့် ထောင်ဒဏ်(၁၀)နှစ် ၅(ည)နှင့်ထောင်ဒဏ် ၅ နှစ် ၁၇(၁)နှင့် ၂နှစ် လဝက၁၃(၁)နှင့် ထောင်ဒဏ် ၁နှစ် စုစုပေါင်း ထောင်ဒဏ် ၁၈နှစ် ချမှတ်ခံရတဲ့အပြင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂နှင့် အမှုရင်ဆိုင်ဆဲလို့ သိရပါတယ်။ သူအခု အကူအညီတောင်းလာတာကတော့ အစ္စလာမ်တပ်မတော်ထူထောင်ရန် လူစုခြင်း၊ ရန်ပုံငွေထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ တရားမဝင်အဖွဲ့အစည်းများ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ တပ်သားသစ်များ လျှို့ဝှက်ပေးပို့ခြင်း အပါအဝင် ...