သတင်း

အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည် ဂေါ်ရခါးမကြီးမိသားစု ဘေးကင်းရန်ကွာ ချမ်းသာရာသို့ ရောက်ရှိပါပြီ

(3.12.2017)ရက်နေ့က တင်ခဲ့တဲ့ အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည်(၁) သတင်းပါ ဂေါ်ရခါးမကြီးမိသားစု ဘေးကင်းလုံခြုံရာ ရောက်ရှိသွားပါပြီ။
ဉာဏ်ကောင်းပြီး လိမ္မာယဉ်ကျေးထက်မြတ်တဲ့ သမီးကလေးနှစ်ယောက်နှင့်အတူ ရတနာသုံးပါး၏ အရိပ်အာဝါသသို့ ရောက်ရှိသွားတာပါ။
သမီးလေးနှစ်ယောက်၏ ပညာရေးကိုလည်းတာဝန်ယူတယ်၊ မိခင်ဂေါ်ရခါးမကြီးအတွက်လည်း အလုပ်အကိုင်ရှာဖွေပေးတယ်၊ မိသားစုသုံးဦးလုံး ဘကပညာရေးကျောင်းတိုက်ထဲမှာပဲ အေးချမ်းလုံခြုံစွာ ခိုလုံခွင့်ရရှိသွားတာဖြစ်ပါတယ်။
8.12.2017 ရက်နေ့မှာ စာရေးသူထံရောက်ရှိပြီး ဒီကနေ့ 9.12.2017 ရက်နေ့မှာပဲ ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ပေးလိုက်တာပါ။
မြေနိမ့်ရာလှံစိုက်ဆိုသလို ဂေါ်ရခါးမကြီးမိသားစုကို မကူညီတဲ့အပြင် သတင်းမှာတွေပေးပို့ပြီး အထင်အမြင်လွဲအောင်လုပ်နေသူများ ရှိကြပါတယ်။
အဲဒီအပြင် ဂေါ်ရခါးမကြီးကို ပိုက်ဆံပေး အဝတ်လျှော်ခိုင်းတဲ့ အနီမတွေရဲ့ ပြက်ရယ်ပြုချက်များ လှောင်ပြောင်သရော်မှုများကြောင့် ဂေါ်ရခါးမကြီးမှာ အကြီးအကျယ်စိတ်ဆင်းရဲခဲ့ရပါတယ်။
သမီးလေးနှစ်ယောက်ကလည်း အမေမှအမေဆိုပြီး အမေနဲ့တစ်ရက်မှမခွဲဘဲ အတူတကွရှိနေပါတယ်။
ကူညီဆောင်ရွက်ပေးသော မဘသညီတော်မောင် မိသားစုများ ကျန်းမာချမ်းသာဘေးရန်ကွာ၍ သာသနာအကျိုး လူမျိုးအတွက် ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ပါစေသော်ဝ်……….။
ပို့စ်အဟောင်းလေးကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။
ဝီရသူ(မစိုးရိမ်)
9.12.2017
PM 7:19
========================================================
“အစ္စလာမ်မိုက်ဇေးရှင်းဒုက္ခသည်(၁)အကြပ်ကိုင်ခြိမ်းခြောက်၍ အစ္စလာမ်ဇာတ်သွင်းခြင်း(ဖြူး)”
2.12.2017 ရက်နေ့ မနက်အစောမှာ ဂေါ်ရခါးအမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာပါတယ်။
တပည့်လေးတစ်ပါးက ဒုက္ခသည်မကြီးရဲ့ အခက်အခဲတွေကို စိတ်ရှည်လက်ရှည်နားထောင်ပြီး မှတ်တမ်းတင်ပါတယ်။
ဒုက္ခသည်မကြီးရဲ့ လတ်တလောအခက်အခဲကတော့ ငွေကြေးနဲ့အကြပ်ကိုင်ပြီး အစ္စလာမ်ထဲဝင်ခိုင်းတာကို ခံနေရတာပါပဲ။
ဖြစ်ပုံက ဒီလိုပါ။
သူမဇာတိက ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်ပါ။ ပျော်ဘွယ်သားနှင့် အိမ်ထောင်ကျပြီး၊ ပျော်ဘွယ်မှာ နေကြပါတယ်။
သူမကလည်း ဂေါ်ရခါး သူမခင်ပွန်းကလည်း ဂေါ်ရခါးပါ။ သမီးကြီး စန္ဒာဝင်း ၂နှစ်အရွယ် သမီးငယ် သိင်္ဂီဝင်း (ကိုယ်ဝန်တစ်လသား)အရွယ်မှာ ခင်ပွန်းဖြစ်သူ ဦးဗဟာဒူးရဲ့ မိသားစုအားလုံး ၁၂ ဦးက အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားကြပါတယ်။ စီးပွားရေးအခြေအနေကြောင့် ကူးပြောင်းခဲ့ခြင်းဖြစ်သလို မူဆလင်တွေကလည်း အိမ်ခြံမြေများ ဝယ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
လင်ဖြစ်သူနှင့်အတူ တစ်ဆွေလုံး တစ်မျိုးလုံး မူဆလင်အဖြစ်ခံယူသွားခဲ့သော်လည်း သူမ ဒေါ်အေး(ခ)မိုးမိုးက လုံးဝမကူးပြောင်းခဲ့ပါ။
လင်မယား အကြီးအကျယ်စကားများရာမှ လက်ပါလာကာ သူမကိုရိုက်ပုတ်မှုကြောင့် သူမလဲကျသွားပြီး အိမ်နံရံက ဝါးခြမ်းစတွေနဲ့ ထိခိုက်မိခဲ့လို့ နောက်ကျောမှာ ဒဏ်ရာရခဲ့ပါတယ်။
ကွာရှင်းခွင့်လည်း မပေး။ အစ္စလာမ်ထဲလည်း ဇွတ်ဝင်ခိုင်းတာကြောင့် ဒေါ်အေးက သမီးကြီးစန္ဒာဝင်းကို လက်ဆွဲကာ အိမ်ပေါ်မှ ဆင်းလာခဲ့ပါတော့တယ်။
အိမ်မှဆင်းလာခဲ့တဲ့ ကလေးတစ်ယောက်အမေ ကိုဝန်ဆောင်မိခင်ဒေါ်အေးက ဦးဗဟာဒူးထံ ကွာရှင်းခွင့် ရိုးရိုးလေးတောင်းတာမရလို့ တရားရုံးကို ဦးတိုက်လျှောက်ထားပြီး ကွာရှင်းလိုမှုနဲ့ တိုင်ကြားလိုက်ပါတယ်။
တရားသူကြီးက ဥပဒေကြောင်းအရ ရှင်းပြတာလည်း မနာခံဘဲ ကွာရှင်းမပေးနိုင်ကြောင်းသာ ဘူးခံနေပါတယ်။ ဒါနဲ့ အစ္စလာမ်ဇာတ်သွင်းမှုနဲ့ ထောင်ချပစ်မယ်ပြောမှ ကွာရှင်းပေးလိုက်တာပါ။
ကွာရှင်းခွင့်ရသွားပြီးတဲ့နောက် ရန်ကုန်ရထားပေါ်မှာ ဟိန္ဒူအဖိုးကြီးတစ်ယောက်နှင့် တွေ့ခဲ့ပါတယ်။ သူမအကြောင်းကို သိရတဲ့အခါ ဟိန္ဒူအဖိုးကြီးက မြေးအရွယ်ဖြစ်တာမို့ သူစောင့်ရှောက်မယ်လို့ပြောပြီး ရွာကိုခေါ်သွားပါတယ်။ ဒီလိုနဲ့ ဒေါ်အေးဟာ ဟိန္ဒူအဖိုးကြီးရဲ့ အကူအညီနဲ့ ဖြူးမြို့နယ်၊ ဆင်မော့တော့ရွာသို့ ရောက်ရှိသွားပါတယ်။
ဆင်မော့တော့ဆိုတာ ဟိန္ဒူရွာလေးပါ။ ဟိန္ဒူအဖိုးအိုက သူမကို အိမ်ထောင်စုစာရင်းထဲထည့်ကာ မိသားစုဝင်တစ်ဦးလို စောင့်ရှောက်ခဲ့ပါတယ်။
သူမကလည်း သူမခင်ပွန်း(ဟောင်း)က သမီးလေးကို အနှောက်အယှက်မပေးနိုင်အောင် ဟိန္ဒူရွာလေးမှာပဲ ဆင်းရဲချို့တဲ့စွာ အဝတ်လျှော်စားရင်း ဇာတ်မြှုပ်နေခဲ့ပါတယ်။
အဝတ်လျှော်လုပ်ငန်းလုပ်ပြီး သမီးနှစ်ဦးကို ကျောင်းထားလာခဲ့တာ အခုဆိုရင် သမီးကြီးစန္ဒာဝင်းက ၁၄နှစ်အရွယ် ရှစ်တန်းကျောင်းသူကြီး ဖြစ်နေပါပြီ။ အိမ်မှဆင်းလာစဉ်က ကိုယ်ဝန်တစ်လသားအရွယ်သာရှိခဲ့သော သမီးငယ် သိင်္ဂီဝင်းက ၁၂ အရွယ် ငါးတန်းကျောင်းသူကြီးတောင် ဖြစ်နေပါပြီ။
ဒီလိုနဲ့ ၁၂ နှစ်လုံးလုံး အနှောက်အယှက်ကင်းကင်းနဲ့ ရုန်းကန်လာခဲ့ရာမှ သမီးငယ်ဆေးရုံတက်တဲ့အခါမှာ အန္တရာယ်ကျရောက်လာတာဖြစ်ပါတယ်။
သမီးငယ်တောင်ငူဆေးရုံကြီးမှာ ကုသမှုခံယူနေချိန်မှာ မူဆလင်လူနာများမှတစ်ဆင့် သူမမိသားစုကို ခြေရာခံမိသွားတဲ့ ဦးဗဟာဒူးက သွယ်ဝိုက်သောနည်းနဲ့ ငွေကြေးထောက်ပံ့ပါတယ်။
ခဝါသည်မကြီးဒေါ်မိုးက ငွေကြေးမတတ်နိုင်တာကြောင့် သမီးငယ်ကို ဆေးရုံမတင်ဖြစ်ဘဲ တောင်ငူမှပြန်လာပြီးလို့ နောက်တစ်နေ့မှာ တောင်ငူဆေးရုံကြီးမှ သူနာပြုဆရာမတစ်ဦးက ဖုန်းဆက်ခေါ်ပါတယ်။
ဆင်းရဲသားလူနာတွေအတွက် ဆေးအလှူရှင်တွေရှိတယ်။ ပြန်လာခဲ့ပါလို့ ပြောတဲ့အခါ အလှူရှင်က ဘယ်သူလဲလို့ ဆရာမကိုပြန်မေးလိုက်ပါတယ်။ ဆရာမက လူမှုကူညီရေးအသင်းကလို့ ပြောတာနဲ့ ယုံယုံကြည်ကြည်ပဲ လက်ခံလိုက်ပါတယ်။
ဒါပေမဲ့ ပိုက်ဆံလှူတာ လက်မခံဘူး ဆေးလှူတာပဲ လက်ခံမယ်ပြောပြီး ဆေးရုံပြန်တက်တာ ရှစ်ရက်ကြာကုသခဲ့ရပါတယ်။
လွန်ခဲ့တဲ့ ၁၅ရက်လောက်ကမှ ပြဿနာပေါ်ခဲ့တာပါ။ မူဆလင်အကြီးအကဲ ဗလီဆရာကြီးလေးယောက်က ကျေးရွာလူကြီးမှ တစ်ဆင့်သူမကို ခေါ်တွေ့ပါတယ်။ (နေရာသာသိပြီး ဆိုင်အမည်မမှတ်မိတဲ့)လ္ဘက်ရည်ဆိုင်မှာ ခေါ်တွေ့တာဖြစ်ပါတယ်။
သူမက တစ်ယောက်တည်း။ မူဆလင်ကြီးတွေက လေးယောက်ပါ။
အဖော်ခေါ်တာ လိုက်မည့်သူမရှိလို့ တစ်ယောက်တည်းသွားရခြင်းဖြစ်ပြီး “မူဆလင်တွေက ခုတ်တာ ဖြတ်တာတွေ လက်ရဲတာကြောင့် မလိုက်ချင်ဘူး”ဆိုကာ အသိမိတ်ဆွေတွေက ငြင်းပယ်ကြတာလို့ ဆိုပါတယ်။
မူဆလင်ကုလားကြီးတွေက သူမကိုပြောပါတယ်။ သမီးငယ်ဆေးကုစရိတ်ကို သူတို့စိုက်ထုတ်ပေးခဲ့တာပါတဲ့။ ကုန်ကျငွေ ခြောက်သိန်းပြန်မပေးနိုင်ရင် အစ္စလာမ်ဘာသာဝင်အဖြစ် ခံယူရမယ်။ အစ္စလာမ်ဘာသာထဲမဝင်ရင် ထောင်ချပစ်မယ်တဲ့။
အဲဒီကျမှ ခင်ပွန်းဟောင်းက တစ်ဖက်လှည့်နဲ့ ထောက်ပံ့ခဲ့မှန်း သိသွားတာပါ။ သမီးငယ်ဆေးရုံတက်စဉ်က ရှစ်ရက်တာကာလမှာလည်း မူဆလင်ကုလားတစ်ယောက် မကြာမကြာရောက်လာတတ်ပါတယ်။ မူဆလင်လူနာကလည်း ဒေါ်မိုးသမီးငယ်ကို လာကြည့်တယ်လို့ထင်၊ ဒေါ်မိုးကလည်း မူဆလင်လူနာကို လာကြည့်တယ်ထင်နေခဲ့ကြတာပါ။
အခုမှ ခင်ပွန်းဟောင်းဖြစ်သူ မူဆလင်ကုလားတွေလွှတ်ပြီး ငွေထောက်ပံ့ခိုင်းမှန်း၊ ငွေကြေးနဲ့အကြပ်ကိုင်ပြီး မူဆလင်ထဲ ဝင်ခိုင်းနေမှန်း သိခဲ့ရတာပါ။
ဒီသတင်းကို သမီးတွေကြားတော့ 786 ထဲမဝင်ချင်ဘူးဟုဆိုကာ အော်ငိုကြပါတော့တယ်။
သမီးကြီးစန္ဒာဝင်းက ဓမ္မစကူးလ်ကျောင်းသူပါ။ ဓမ္မစကူးလ်ဆရာတော်လေးတွေထံ ဖုန်းဆက်အကြောင်းကြားရာမှ စာရေးသူထံ ရောက်လာခဲ့တာဖြစ်ပါတယ်။
ဓမ္မစကူးလ်ဆရာတော်လေးတွေထံ သမီးကြီးစန္ဒာဝင်းပေးပို့တဲ့ မက်ဆေ့ကိုလည်း ကြည့်လိုက်ပါဦး။
“786မလုပ်ချင်ဘူး။ တပည့်တော်မတို့မိသားစုကို ကယ်ပါဦးဘုရား”
“သာသနာကို စော်ကား သမီးသားမကျန်စော်ကားတဲ့ လူမျိုးဖြစ်မဲ့အစား သားအမိသုံးယောက်လုံး ဆေးသောက်သေပြီး ဘာသာအတွက် အသက်ပေးနိုင်ပါတယ် မေမေမသိအောင် လုပ်ဖို့ စဉ်းစားပြီးပါပြီ မေမေငိုတာမကြည့်ရက်လို့ပါ။
သမီးမိသားစုဟာ 786ရဲ့ဝဋ်ကြွေး ဒီဘဝမှာပဲ ကုန်ပါစေ နောင်ဘဝ မပါပါစေနဲ့လို့ ဆုတောင်းပါတယ်။
မေမေက သဘောအင်မတန်ကောင်းပါတယ်၊ စန္ဒာဝင်းအမေ ဒေါ်မိုးလားလို့မေးပြီး ပြောပြပါနော်၊ သမီး ဘာသာ သာသနာ စော်ကားနေတဲ့ ခွေးလူမျိုးမဖြစ်ချင်ဘူး သာသနာကိုစောင့်ရှောက်မဲ့ သမီးရတနာဖြစ်အောင် နေပါ့မယ်လို့ ဘုန်းဘုန်းဘုရားကို ကတိပေးပါရစေ”တဲ့။
ဒီကနေ့ 3.12.2017 ရက်နေ့မှာပဲ မူဆလင်ကုလားတွေက ဂေါ်ရခါးမကြီးကို ခေါ်တွေ့ပါတယ်။ ဖြူးမြို့ သာဓုကန်ရပ်ကွက်၊ လ္ဘက်ရည်ဆိုင်တစ်ဆိုင်ထဲမှာ ခေါ်တွေ့တာပါ။ ပထမတစ်ခါတွေ့တုန်းက 2.12.2017 ရက်နေ့မှာ ငွေအကြေပြန်ဆပ်ဖို့ သတ်မှတ်ထားတာကြောင့် ၃ရက်နေ့မှာ ခေါ်တွေ့ခြင်းပဲ ဖြစ်ပါတယ်။
မူဆလင်ကုလားတွေက တိုက်ရိုက်ခေါ်တွေ့တာ မဟုတ်ဘဲ (……)ရွာသူကြီးက ဆက်သွယ်ပေးတာပါ။ ရွာသူကြီးကိုယ်တိုင် ဖုန်းဆက်ခေါ်တာမဟုတ်ဘဲ ဂေါ်ရခါးမကြီး အဝတ်လျှော်ပေးတဲ့ အိမ်ရှင်အမျိုးသမီးမှတစ်ဆင့် ချိန်းဆိုခြင်းဖြစ်ပါတယ်။
လ္ဘက်ရည်ဆိုင်ရောက်တဲ့အခါ (…….)ရွာသူကြီးနဲ့ အရင်တွေ့ပါတယ်။ မစိုးရိမ်ဆရာတော် ဦးဝီရသူထံ မနေ့ကပဲရောက်ခဲ့တယ်လို့ ပြောလိုက်တဲ့အခါမှ (……..)ရွာသူကြီး လေသံပြောင်းသွားတာပါ။ အရင်တစ်ခါလည်း ဒီရွာသူကြီးပဲ တွေ့ဆုံပေးခဲ့ပြီး ဒီရွာသူကြီးကိုယ်တိုင်က ဗုဒ္ဓဘာသာဘက် မရပ်တည်ဘဲ မူဆလင်တွေဘက်ကနေ အကြပ်ကိုင်ပေးခဲ့တာဖြစ်ပါတယ်။
အခုတော့ ၄င်းရွာသူကြီးက လေသံပြောင်းရုံတင်မဟုတ်ဘဲ မူဆလင်တွေနဲ့ ပွဲတည်ပေးခဲ့ပြီး ရှောင်ထွက်သွားပါတော့တယ်။
မူဆလင်တွေက ဖုန်းအားလုံးပိတ်ပါလို့ အကွက်ကျကျပြင်ဆင်ပြီးမှ အကြပ်ကိုင်တာပါ။
ငွေခြောက်သိန်းပြန်ပေးမလား-အစ္စလာမ်ခံယူမလား ထောင်ကျခံမလား ထပ်မေးတာပါပဲ။
မူဆလင်တွေက အရင်တစ်ခါတွေ့ခဲ့ရတဲ့ မူဆလင်တွေမဟုတ်ဘဲ နယ်ခံမူဆလင်တစ်ဦးနဲ့ ပျော်ဘွယ်မြို့က ဟာဂျီမောင်မောင်ဖြစ်တယ်လို့ ဆိုပါတယ်။
ဂေါ်ရခါးမကြီးကတော့ မူဆလင်ထဲမဝင်ချင်လို့ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ကလေးတစ်ယောက် ဗိုက်တစ်လုံးနဲ့ အိမ်ကဆင်းလာခဲ့တာ။ အခုဆို ပိုတောင်ဆိုးသေးတယ်လို့ ပြန်ပြောခဲ့ပါသတဲ့။
ခင်ပွန်းဟောင်း ဗဟာဒူးက မယားသုံးယောက်ယူထားပြီး ကလေးခုနစ်ယောက်ရနေပြီလို့ ဆိုပါတယ်။
ဂေါ်ရခါးမကြီးက သမီးနှစ်ယောက်ကို အဝတ်လျှော်ကျွေး ကျောင်းထားပေးနေတာကြောင့် ဗဟာဒူးက ငွေနဲ့အကြပ်ကိုင်လိုက်တာဖြစ်မှာပါ။
အရင်တုန်းကလည်း မူဆလင်ထဲဝင်ဖို့ ပြောခဲ့တာ မရမှန်းသိပေမယ့် အခုအချိန်မှာ ဆင်းရဲဒဏ်မခံနိုင်လို့ ဝင်လိမ့်မယ်ထင်ပြီး ထပ်မံအကြပ်ကိုင်လာတာဖြစ်မှာပါ။
ဒါနဲ့ ဖြူးမြို့မှ ဝီရမျိုးဆက်အဖွဲ့ကို ဆင်မော့တော့ရွာလွှတ်လိုက်ပါတယ်။
ရွာသူကြီးကလည်း ငြင်းပါတယ်။ ဒါနဲ့ ဂျိတ်ဆွဲရွာသူကြီးနှင့် သွားတွေ့ကြပါတယ်။ ၄င်းကလည်း ငြင်းပါတယ်။
ဂေါ်ရခါးမကြီးကလည်း ရွာသူကြီးမှ ရွာသူကြီးအတိအကျပြောနေပါတယ်။
ဂေါ်ရခါးမကြီးထံ ဖုန်းဆက်ချိန်းဆိုတဲ့ (………)ရွာသူ အမျိုးသမီးကြီးက သူကြီးကတော်နဲ့ ဆွေမျိုးတွေပါ။
အဲဒီ အမျိုးသမီးကြီးဆီ ဖုန်းဆက်ပြီး ရွာသူကြီးရဲ့ ဖုန်းနံပါတ်တောင်းခိုင်းလိုက်တော့ ရှုပ်ရှုပ်ရှက်ရှက်တွေလာမလုပ်နဲ့။ ဘာလုပ်ပစ်မယ်၊ ညာလုပ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာကြောင်း ဂေါ်ရခါးမကြီးက ပြန်ပြောပါတယ်။ ဝီရမျိုးဆက်(ဖြူး)အဖွဲ့မှ ကိုဝင်းကျော်သူ ပြန်လာတဲ့အခါမှ အဖြေမှန် ပေါ်ပေါက်သွားပါတယ်။ ဂေါ်ရခါးမကြီးပြောတဲ့ ရွာသူကြီးဆိုတာ ဆင်မော့တော့ရွာသူကြီးမဟုတ်ဘဲ ဂျိတ်ဆွဲရွာသူကြီးဖြစ်နေလို့ပါ။ ဆင်မော့တော့ရွာနှင့် ဂျိတ်ဆွဲရွာက ရွာချင်းကပ် ဘုရားကျောင်းလေးသာ ခြားနေတာကြောင့် ဆင်မော့တော့ရွာသူကြီးထင်နေရှာတာပါ။
ဒါပေမယ့် ဂေါ်ရခါးမကြီးပြောတဲ့ ပုံပန်းသဏ္ဌာန်နှင့် ကိုဝင်းကျော်သူ မြင်တွေ့ခဲ့ရတဲ့ ဂျိတ်ဆွဲရွာသူကြီး ပုံပန်းသဏ္ဌာန်က တူညီနေလို့ပါ။ နောက်ပြီး ဂေါ်ရခါးမကြီးကိုမွေးစားတဲ့ ဟိန္ဒူအဖိုးကြီးနှင့် ဂျိတ်ဆွဲရွာသူကြီးက ဆွေမျိုးသားချင်း တော်စပ်နေတာကြောင့် ကလေးမလေးဆေးရုံတက်ရတာကအစ မူဆလင်တွေသိနေတာဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကလည်း အကြီးမလေးကို ဆိုက္ကားနှင့်တင်ပြီး ခိုးပြေးသွားပါသေးတယ်။ ဆိုင်ကယ်နှင့်လိုက်လို့ ပြန်ရတာပါ။ ခင်ပွန်းဟောင်း ဗဟာဒူးက ခိုးခိုင်းတာလို့ ယူဆနေပါတယ်။ အခုလည်း ဂေါ်ရခါးမကြီးဟာ သမီးနှစ်ယောက်ကို ဘုန်းကြီးကျောင်းဖွက်လိုက် အရပ်ထဲဖွက်လိုက်နှင့် ကလေးအခိုးခံရမှာကြောက်နေပါတယ်။
ဂေါ်ရခါးမကြီးကို စာရေးသူကပြောလိုက်ပါတယ်။ ကိုယ်က ငွေချေးတာမဟုတ်လို့ ငွေပြန်ပေးစရာမလိုဘူး၊ အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်းရင်လည်း အဲဒီကုလားတွေကို ထောင်ချလို့ရတယ်။ အရေးအကြောင်းရှိရင် ကိုဝင်းကျော်သူတို့ ဝီရမျိုးဆက်အဖွဲ့ကို အကူအညီတောင်းဖို့နှင့် စာရေးသူထံ အမြန်အကြောင်းကြားဖို့ မှားလိုက်တာပါ။
မူဆလင်တွေက ရွာသူကြီးကိုအသုံးချပြီး ဂေါ်ရခါးမကြီးကို အနိုင်ကျင့်တာလား?
ဒါမှမဟုတ် ရွာသူကြီးကပဲ မူဆလင်တွေနဲ့ပေါင်းပြီး ဆင်းရဲသူ(ဂေါ်ရခါး)မကြီးကို အနိုင်ကျင့်တာလား? ဆိုတာ တစ်ချိန်ချိန်မှာ အဖြေထွက်နိုင်ပါတယ်။
အမျိုးစောင့်ဥပဒေလေးရပ်ထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ အခန်း(၄)ပုဒ်မ(၁၅)မှာ မည်သူမျှ တစ်ဦးတစ်ယောက်ကို ကိုးကွယ်ရာဘာသာကူးပြောင်းရန် ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) အနိုင်အထက်ပြုခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ်။
၎င်းကို ကျူးလွန်ရင် ထောင်ဒဏ်(၁)နှစ်ထိ ချမှတ်နိုင်တယ်လို့ ပုဒ်မ(၁၈)မှာ သတ်မှတ်ထားပါတယ်။
ငွေရေးကြေးရေးအရပဲ ဖြစ်ဖြစ်၊ မသမာတဲ့ အခြားနည်းလမ်းအရပဲဖြစ်ဖြစ် ဘာသာတစ်ခုမှ ဘာသာတစ်ခုကို ဆန္ဒမပါဘဲ အတင်းအဓမ္မကူးပြောင်းခိုင်းခွင့်မရှိသလို၊ မိမိယုံကြည်ရာဘာသာကို ကူးပြောင်းတဲ့အခါမှာလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ တားဆီးပိတ်ပင်ခွင့်မရှိပါဘူး။
တားမြစ်ဟန့်တား နှောက်ယှက်တဲ့သူကို ပုဒ်မ(၁၉)အရ ထောင်ဒဏ်(၆)လအထိ အပြစ်ပေးလို့ ရပါတယ်။
ဒီလို ဘာသာဓားပြတိုက်မှုတွေ ရှိတာကြောင့် အမျိုးစောင့်ဥပဒေကို တောင်းဆိုခဲ့ကြတာပါ။ မဘသအဖွဲ့ဆိုတာ ပေါ်ပေါက်လာတာပါ။
ဘုရားအချင်းချင်း ဓားပြတိုက်ခြင်း ကင်းရှင်းကြပါစေ။
(ဒီစာရေးနေချိန်မှာပဲ 4.12.2017 ရက်နေ့ မနက် ၁၀း၀၀ နာရီ ထပ်မံလာတွေ့ဖို့ ဖုန်းဆက်နေကျ အမျိုးသမီးကပဲ ဖုန်းဆက်ချိန်းလာပါတယ်။ ကုလားတွေကပဲလာနိုင်မလား၊ ဂေါ်ရခါးမကြီးကပဲ သွားရဲမလားဆိုတာ မနက်ဖြန်မှာ သိရပါလိမ့်မယ်။)
ဝီရသူ(မစိုးရိမ်)
3.12.2017
PM 3:31