ထုုတ္ျပန္ေၾကညာခ်က္သတင္း

လူမႈကြန္ရက္အင္တာနက္စာမ်က္ႏွာေပၚတြင္ ေဖာ္ျပပါရွိသည့္ ဗီဒီယိုႏွင့္ပတ္သက္၍ ရွင္းလင္းေဖာ္ျပျခင္း

လူမႈကြန္ရက္အင္တာနက္စာမ်က္ႏွာေပၚတြင္ ေဖာ္ျပပါရွိသည့္ – သစၥာတရားတကယ္သိသြားရင္ ေစတီေပၚ ဗုဒၶရုပ္ပြားေတာ္ေတြေပၚ ခ်ီးတက္ပါလည္း ရပါတယ္- ဆိုသည့္ တိုက္ႀကီးၿမဳိ႕နယ္၊ က်ဳိက္စကိုင္းေက်းရြာ၊ အထုပ္ကေလးရိပ္သာ၏ ဦးစီးပဓာန ေရႊက်င္ဂိုဏ္းဝင္ ဆရာေတာ္တစ္ပါးျဖစ္သည့္ ဘဒၵႏၲပ႑ဝံသ၊ အထုပ္ကေလးဆရာေတာ္ မိန္႔ၾကားခဲ့သည့္ ဗီဒီယိုဖုိင္ႏွင့္ပတ္သက္၍ ၁၂.၄၃.၂၀၁၈ ရက္ေန႔၊ ၁၃ ၀၀ အခ်ိန္တြင္ ၿမဳိ႕နယ္သံဃနာယကအဖြဲ႔(ေရႊက်င္)မွ အထုပ္ကေလး ေရႊက်င္ဆရာေတာ္၏ ေဟာေျပာမႈမ်ားသည္ ေထရဝါဒ ပဋကတ္ေတာ္မ်ားႏွင့္ ညီညြတ္မႈမရွိသျဖင့္ ေဟာေျပာျခင္းမျပဳရန္ ၾသဝါဒေပးခဲ့ပါသည္။ ၾသဝါဒေပးမႈကို မလိုက္နာပါက သံဃာ့အဖြဲ႔အစည္းဆုိင္ရာ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ အေရးယူခံရမည္ျဖစ္ေၾကာင္း ထပ္မံၾသဝါဒေပးခဲ့ပါသည္။ ဆရာေတာ္မ်ား၏ ၾသဝါဒေပးခ်က္ႏွင့္အညီ လိုက္နာမည္ျဖစ္ပါေၾကာင္း အခမ္းအနားသို႔ၾကြေရာက္လာၾကေသာ ၿမဳိ႕နယ္သံဃနာယကအဖြ႔ဲဥကၠ႒ဆရာေတာ္ ဘဒၵႏၲသုဇာတ၊ အက်ဳိးေတာ္ေဆာင္ဆရာေတာ္ ဘဒၵႏၲေထရာဝံသ၊ အဖြဲ႔ဝင္ဆရာေတာ္မ်ားျဖစ္ေသာ ဘဒၵႏၲဓမၼပါလႏွင့္ ဘဒၵႏၲပညာစာရ၊ ရတၱညဴမဟာနာယကဆရာေတာ္ ဘဒၵႏၲသာသန၊ ဌာနဆုိင္ရာမ်ားျဖစ္ၾကေသာ ၿမဳိ႕နယ္သာသနာေရး၊ ၿမဳိ႕နယ္ရဲစခန္းမွဴးတုိ႔ေရွ႕ေမွာက္တြင္ ဝန္ခံကတိလက္မွတ္ ေရးထုိုးခဲ့ၿပီးျဖစ္သည္။

အထုပ္ကေလးရိပ္သာဆရာေတာ္သည္ ေရႊက်င္ဂုိဏ္းဝင္တစ္ပါးျဖစ္၍ ဘြဲ႕ေတာ္မွာ ဘဒၵႏၲပ႑ဝံသ၊ သက္ေတာ္(၆၀)၊ သိကၡာဝါ(၂၉)ဝါရွိၿပီး ပရိယတၱိစာေပမ်ား သင္ၾကားဖူးျခင္းမရွိပါေၾကာင္း၊ ဥပဇၥ်ာယ္မွာလည္း တိုက္ႀကီးၿမဳိ႕နယ္၊ ယင္းတုိက္ကြင္းေက်းရြာ၊ ပစၧိမာရုံေက်ာင္းဆရာေတာ္ ဦးသာသနျဖစ္ေၾကာင္း သိရွိရပါသည္။

လူမႈကြန္ရက္အင္တာနက္စာမ်က္ႏွာေပၚတြင္ ေဖာ္ျပပါရွိေသာ ဗီဒီယိုဖုိင္ႏွင့္ပတ္သက္၍ သက္ဆုိင္ရာ သံဃာ့အဖြဲ႔အစည္းက ေခၚယူဆံုးမၾသဝါဒေပးျခင္း၊ ဝန္ခံကတိလက္မွတ္ေရးထိုးျခင္းမ်ားကို သံဃာ့အဖြဲ႔အစည္းမ်ားက ဌာနဆုိင္ရာမ်ား၏ေရွ႕ေမွာက္တြင္ ေဆာင္ရြက္ၿပီးျဖစ္ပါေၾကာင္းႏွင့္ ဝန္ခံကတိခ်ဳိးေဖာက္ပါက တည္ဆဲဥပေဒအရ အေရးယူမည္ျဖစ္ပါေၾကာင္း အမ်ားျပည္သူသိရွိႏိုင္ေစရန္ အသိေပး ရွင္းလင္းေဖာ္ျပအပ္ပါသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန

 

 

လူမှုကွန်ရက်အင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသည့် ဗီဒီယိုနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

လူမှုကွန်ရက်အင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသည့် – သစ္စာတရားတကယ်သိသွားရင် စေတီပေါ် ဗုဒ္ဓရုပ်ပွားတော်တွေပေါ် ချီးတက်ပါလည်း ရပါတယ်- ဆိုသည့် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာ၊ အထုပ်ကလေးရိပ်သာ၏ ဦးစီးပဓာန ရွှေကျင်ဂိုဏ်းဝင် ဆရာတော်တစ်ပါးဖြစ်သည့် ဘဒ္ဒန္တပဏ္ဍဝံသ၊ အထုပ်ကလေးဆရာတော် မိန့်ကြားခဲ့သည့် ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ၁၂.၄၃.၂၀၁၈ ရက်နေ့၊ ၁၃ ၀၀ အချိန်တွင် မြို့နယ်သံဃနာယကအဖွဲ့(ရွှေကျင်)မှ အထုပ်ကလေး ရွှေကျင်ဆရာတော်၏ ဟောပြောမှုများသည် ထေရဝါဒ ပဋကတ်တော်များနှင့် ညီညွတ်မှုမရှိသဖြင့် ဟောပြောခြင်းမပြုရန် သြဝါဒပေးခဲ့ပါသည်။ သြဝါဒပေးမှုကို မလိုက်နာပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ထပ်မံသြဝါဒပေးခဲ့ပါသည်။ ဆရာတော်များ၏ သြဝါဒပေးချက်နှင့်အညီ လိုက်နာမည်ဖြစ်ပါကြောင်း အခမ်းအနားသို့ကြွရောက်လာကြသော မြို့နယ်သံဃနာယကအဖွ့ဲဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုဇာတ၊ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တထေရာဝံသ၊ အဖွဲ့ဝင်ဆရာတော်များဖြစ်သော ဘဒ္ဒန္တဓမ္မပါလနှင့် ဘဒ္ဒန္တပညာစာရ၊ ရတ္တညူမဟာနာယကဆရာတော် ဘဒ္ဒန္တသာသန၊ ဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်သာသနာရေး၊ မြို့နယ်ရဲစခန်းမှူးတို့ရှေ့မှောက်တွင် ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။

အထုပ်ကလေးရိပ်သာဆရာတော်သည် ရွှေကျင်ဂိုဏ်းဝင်တစ်ပါးဖြစ်၍ ဘွဲ့တော်မှာ ဘဒ္ဒန္တပဏ္ဍဝံသ၊ သက်တော်(၆၀)၊ သိက္ခာဝါ(၂၉)ဝါရှိပြီး ပရိယတ္တိစာပေများ သင်ကြားဖူးခြင်းမရှိပါကြောင်း၊ ဥပဇ္ဈာယ်မှာလည်း တိုက်ကြီးမြို့နယ်၊ ယင်းတိုက်ကွင်းကျေးရွာ၊ ပစ္ဆိမာရုံကျောင်းဆရာတော် ဦးသာသနဖြစ်ကြောင်း သိရှိရပါသည်။

လူမှုကွန်ရက်အင်တာနက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသော ဗီဒီယိုဖိုင်နှင့်ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းက ခေါ်ယူဆုံးမသြဝါဒပေးခြင်း၊ ဝန်ခံကတိလက်မှတ်ရေးထိုးခြင်းများကို သံဃာ့အဖွဲ့အစည်းများက ဌာနဆိုင်ရာများ၏ရှေ့မှောက်တွင် ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ဝန်ခံကတိချိုးဖောက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေး ရှင်းလင်းဖော်ပြအပ်ပါသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန