သတင်း

လွတ်မြောက်ခြင်းနှစ်ပတ်လည် ဆွမ်းအနုမောဒနာတရား

ဒီန့ 13.1.2018 ရက်နေ့ စာရေးသူ မြစ်ဆုံအကျဉ်းထောင်မှ လွတ်မြောက်ခဲ့တာ ၆နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ ဆွမ်းအလှူရှင်ကတော့ အမရပူရမြို့ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း MK-ကျောက်မျက် မိသားစုဖြစ်ပါတယ်။

၎င်းတို့လှူထားသော စာရေးသူ ဘုရားဝတ်တက်ရာ ဂုဏ်တော်ပွားရာ မေတ္တာပို့ရာ အမျှဝေရာ ဘုရားကျောင်းဆောင်နှင့်အတူ ကုသိုလ်ခန်းမလေး ရေစက်ချပွဲနှင့် လွတ်မြောက်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းပဲဖြစ်ပါတယ်။

ဓမ္မသဟာယကျောင်း စာသင်သံဃာ ၅၀ပါးအား တစ်ပါးလျှင် ၁၅၀၀၀ကျပ်စီ=၇၅၀၀၀၀ကျပ်
အကျဉ်းစံ သံဃာတော်များနှင့် ကိုကျော်မျိုးရွှေအား ၅၀၀၀၀ကျပ်စီ=၃၅၀၀၀၀ကျပ်
ပင့်သံဃာသုံးပါးနှင့် ဝိုင်းတော်သား၁၆ပါးအား ၃၀၀၀၀ကျပ်စီ=၄၈၀၀၀၀ကျပ်
လောကအလင်း ကျူရှင်ကျောင်းအတွက် ၃၀၀၀၀၀ကျပ်
မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း မုခ်ဦးမှာတပ်ဆင်မည့် သံပန်းတံခါးအတွက် သိန်း၂၀ကျပ်
စာရေးသူ၏ နဝကမ္မအတွက် ၅၀၀၀၀၀ကျပ်
စုစုပေါင်း ၄,၃၈၀,၀၀၀ကျပ် လှူဒါန်းပါတယ်။


နေ့ဆွမ်းဆက်ကပ်အပြီးမှာ ရေစက်ချ အနုမောဒနာတရား ဟောကြားပါတယ်။ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း အမှူးပြုသော ရောဟိဏီ သံဃာ့ဝေယျာဝစ္စ ဝိုင်းတော်သူ ဝိုင်းတော်သားများ စုပေါင်းတရားနာကြပါတယ်။ နမောတဿဂုဏ်ရည် တရားတော် ဟောကြားတာပါ။

နမောတဿ ရွတ်ပွားပါ၊
ဘေးရန်ကင်းလို့ ချမ်းသာမှာ။

ဘေးရန်ကင်းလို့ ချမ်းသာရေး၊
နမောတဿ ရွတ်ပွားပေး။

နမောတဿ ရွတ်ပွားပါ၊
ဘုန်းကံကြီးလို့ ထက်မြက်မှာ။

ဘုန်းကံကြီးလို့ ထက်မြက်ရေး၊
နမောတဿ ရွတ်ပွားပေး။

နမောတဿ ရွတ်ပွားပါ၊
ကျက်သရေမင်္ဂလာတိုးပွားမှာ။

ကျက်သရေမင်္ဂလာ တိုးပွားရေး၊
နမောတဿ ရွတ်ပွားပေး။