ထုုတ္ျပန္ေၾကညာခ်က္သတင္း

ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းဗဟုိ  သေဘာထား ထုတ္ျပန္ေၾကညာခ်က္

တပုိ႔တြဲလျပည့္ ၁၃၇၉ ခု(၃၁-၁-၂ဝ၁၈) ဗုဒၶဟူးေန႔ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕တြင္က်င္းပေသာ ခရစ္ယာန္သင္းအုပ္ဆရာမ်ားအား ဝတ္စံုလွဴဒါန္းပြဲ၌ ရွင္ေပါလု(အဂၤလိကန္) အသင္းေတာ္ သံဃာဆရာေတာ္မ်ားအား သကၤန္းကပ္လွဴျခင္းႏွင့္ မိတ္ဆံုစားပြဲဟု သံုးစြဲထားပံုကုိ အင္တာနက္အြန္လိုင္းမ်ား၌လည္းေကာင္း၊ သတင္းစာမ်ား၌လည္းေကာင္း ဆုိင္းဘုတ္မ်ားႏွင့္တကြ ဓာတ္ပံုအေထာက္အထားမ်ားအရ ေတြ႕ျမင္ၾကားသိေနရသည္။

၄င္းအျပင္ စစ္ကုိင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕၊ ေအာင္မဂၤလာရပ္၌ ၂ဝ၁၈ ခု၊ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔၌ က်င္းပမည့္ ခရစ္ယာန္ဘာသာေရးအခမ္းအနား ဖိတ္ၾကားလႊာ၌လည္း- စစ္ကုိင္းတုိင္းေဒသႀကီး၊ ေရဦးၿမိဳ႕၊ ေအာင္မဂၤလာရပ္ေန (ဦးစံထြန္း(ခ) ဦးဖိုးတြတ္) + ေဒၚေအးေရႊ (ခ) ေဒၚေသးလွီတုိ႔၏ တတိယေျမာက္သားရတနာ ဘုန္းေတာ္ႀကီး Peter မ်ိဳးျမင့္ထြန္း၏ ရဟန္းခံဂုဏ္ ျပဳပြဲသုိ႔ ၾကြေရာက္ပါရန္ ေလးစားစြာဖိတ္ၾကားအပ္ပါသည္၊ ‘တပည့္ေတာ္တို႔သည္ ကိုယ္ေတာ္ကုိ ခ်စ္ေၾကာင္း ကုိယ္ေတာ္သိေတာ္မူပါသည္’။ (ရွင္ေယာဟန္ ၂၁း၁၇) …ဟု သံုးႏႈန္းထားသည္ကုိလည္း ဓာတ္ပံုႏွင့္တကြ ေတြ႕ရွိရပါသည္။

ေဖာ္ျပပါအတုိင္း ဗုဒၶသာသနာဆိုင္ရာ သံဃာ၊ သကၤန္း၊ ရဟန္းခံဟူေသာ ေဝါဟာရအသံုးအႏႈန္းမ်ားကုိ ဘာသာျခားမ်ားက သူတုိ႔ဘာသာေဝါဟာရအျဖစ္ သူတုိ႔ကုိယ္က်ိဳးအတြက္ ပံုမွား႐ုိက္ ယူငင္ အသံုးခ်ေနသည္ကုိ ဗုဒၶဘာသာ ရဟန္းရွင္လူမ်ားက စိတ္မခ်မ္းေျမ႕ဖြယ္ ေျပာဆုိ ကန္႔ကြက္ ႐ႈတ္ခ်ေန ၾကပါသည္။ ထုိ႔ေၾကာင့္-ေဖာ္ျပပါအတိုင္း ဗုဒၶသာသနာဆုိင္ရာ သံဃာ၊ သကၤန္း၊ ရဟန္းခံဟူေသာ ေဝါဟာရအသံုးအႏႈန္း မ်ားကုိ ဘာသာျခားမ်ားက သူတို႔ဘာသာ ေဝါဟာရအျဖစ္ သူတုိ႔ကုိယ္က်ိဳးအတြက္ ပံုမွား႐ုိက္ ယူငင္အသံုးခ်ေနသည္ကုိ – ျပင္းျပင္းထန္ထန္ ကန္႔ကြက္႐ႈတ္ခ်ပါေၾကာင္းႏွင့္ ေနာက္ေနာင္ ဤကဲ့သုိ႔လုပ္ရပ္မ်ားကုိ ျပဳလုပ္သည္ကုိလည္း လံုးဝ လက္ခံမည္မဟုတ္ေၾကာင္း ….အားလံုးေသာ ဗုဒၶဘာသာဝင္ ရဟန္း ရွင္ လူမ်ား၏ကုိယ္စား အမ်ိဳး ဘာသာ သာသနာေစာင့္ ေရွာက္ေရး ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းႀကီးက သေဘာထားထုတ္ျပန္လိုက္သည္။

ဦးေဆာင္တာဝန္ခံ နာယကမ်ား
အမ်ိဳး ဘာသာ သာသနာေစာင့္ေရွာက္ေရး
ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္းႀကီး

စာအမွတ္၊ ဝဝဝ၁/ စီမံ-ဗုဒၶဓမၼပရဟိတေဖာင္ေဒးရွင္း/၂ဝ၁၈
ေန႔စြဲ၊ ၁၃၇၉ ခု၊ တပုိ႔တြဲလျပည့္ေက်ာ္ ၅ ရက္
(ေဖေဖာ္ဝါရီလ ၅၊ ၂ဝ၁၈) တနလၤာေန႔။

 

 

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဗဟို
သဘောထား ထုတ်ပြန်ကြေညာချက်
● —————————————
တပို့တွဲလပြည့် ၁၃၇၉ ခု(၃၁-၁-၂ဝ၁၈) ဗုဒ္ဓဟူးနေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ကျင်းပသော ခရစ်ယာန်သင်းအုပ်ဆရာများအား ဝတ်စုံလှူဒါန်းပွဲ၌ ရှင်ပေါလု(အင်္ဂလိကန်) အသင်းတော် သံဃာဆရာတော်များအား သင်္ကန်းကပ်လှူခြင်းနှင့် မိတ်ဆုံစားပွဲဟု သုံးစွဲထားပုံကို အင်တာနက်အွန်လိုင်းများ၌လည်းကောင်း၊ သတင်းစာများ၌လည်းကောင်း ဆိုင်းဘုတ်များနှင့်တကွ ဓာတ်ပုံအထောက်အထားများအရ တွေ့မြင်ကြားသိနေရသည်။

၎င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်၌ ၂ဝ၁၈ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ကျင်းပမည့် ခရစ်ယာန်ဘာသာရေးအခမ်းအနား ဖိတ်ကြားလွှာ၌လည်း-စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်နေ (ဦးစံထွန်း(ခ) ဦးဖိုးတွတ်) + ဒေါ်အေးရွှေ (ခ) ဒေါ်သေးလှီတို့၏ တတိယမြောက်သားရတနာ ဘုန်းတော်ကြီး Peter မျိုးမြင့်ထွန်း၏ ရဟန်းခံဂုဏ် ပြုပွဲသို့ ကြွရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်၊ ‘တပည့်တော်တို့သည် ကိုယ်တော်ကို ချစ်ကြောင်း ကိုယ်တော်သိတော်မူပါသည်’။ (ရှင်ယောဟန် ၂၁း၁၇) …ဟု သုံးနှုန်းထားသည်ကိုလည်း ဓာတ်ပုံနှင့်တကွ တွေ့ရှိရပါသည်။

ဖော်ပြပါအတိုင်း ဗုဒ္ဓသာသနာဆိုင်ရာ သံဃာ၊ သင်္ကန်း၊ ရဟန်းခံဟူသော ဝေါဟာရအသုံးအနှုန်းများကို ဘာသာခြားများက သူတို့ဘာသာဝေါဟာရအဖြစ် သူတို့ကိုယ်ကျိုးအတွက် ပုံမှားရိုက် ယူငင် အသုံးချနေသည်ကို ဗုဒ္ဓဘာသာ ရဟန်းရှင်လူများက စိတ်မချမ်းမြေ့ဖွယ် ပြောဆို ကန့်ကွက် ရှုတ်ချနေ ကြပါသည်။ ထို့ကြောင့်-ဖော်ပြပါအတိုင်း ဗုဒ္ဓသာသနာဆိုင်ရာ သံဃာ၊ သင်္ကန်း၊ ရဟန်းခံဟူသော ဝေါဟာရအသုံးအနှုန်း များကို ဘာသာခြားများက သူတို့ဘာသာ ဝေါဟာရအဖြစ် သူတို့ကိုယ်ကျိုးအတွက် ပုံမှားရိုက် ယူငင်အသုံးချနေသည်ကို – ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် နောက်နောင် ဤကဲ့သို့လုပ်ရပ်များကို ပြုလုပ်သည်ကိုလည်း လုံးဝ လက်ခံမည်မဟုတ်ကြောင်း ….အားလုံးသော ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူများ၏ကိုယ်စား အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီးက သဘောထားထုတ်ပြန်လိုက်သည်။

ဦးဆောင်တာဝန်ခံ နာယကများ
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး
ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းကြီး

စာအမှတ်၊ ဝဝဝ၁/ စီမံ-ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း/၂ဝ၁၈
နေ့စွဲ၊ ၁၃၇၉ ခု၊ တပို့တွဲလပြည့်ကျော် ၅ ရက်
(ဖေဖော်ဝါရီလ ၅၊ ၂ဝ၁၈) တနင်္လာနေ့။