သတင္း

ဒုကၡသည္စခန္းမွ မုသားမ်ား

(23.5.2013 ရက္ေန႔မွာ ဟန္နာဘိခ်္ လာေရာက္ ေတြ႕ဆုံသြားပါတယ္။ 1.7.2013 ရက္စြဲပါ Time မဂၢဇင္းမွာ The Face of Buddhist Terror ေခါင္းစဥ္ႏွင့္ မ်က္ႏွာဖုံးပုံတပ္ၿပီး ေရးသားခဲ့ပါတယ္။

ရက္စြဲက ဇူလုိင္လ ၁ ရက္ေန႔ထုတ္ မဂၢဇင္းျဖစ္ေသာ္လည္း ဇြန္လ ေနာက္ဆုံးပတ္ 26.6.2013 မွာ လုိင္းေပၚပ်ံ႕ႏွံ႔ေနပါၿပီ။
အဲဒီေနာက္ပုိင္းမွာေတာ့ ျမန္မာစာနယ္ဇင္းေတြက သူ႔ကုိျပန္လည္ေခ်ပၾက၊ သံဃာေတာ္မ်ား သီလရွင္မ်ားႏွင့္ ဗုဒၶဘာသာဝင္မ်ားက ဆႏၵျပပြဲမ်ား က်င္းပၿပီး ကန္႔ကြတ္ရႈတ္ခ်ခဲ့ၾက အေမရိကန္ႏုိင္ငံ တုိင္းမဂၢဇင္း ရုံးေရွ႕မွာ ဆရာေတာ္သံဃာေတာ္မ်ားႏွင့္ ေရႊျမန္မာမ်ား ဆႏၵျပခဲ့ၾကႏွင့္ ကမၻာ့ဇာတ္ခုံေပၚကုိ တင္ေပးလုိက္တာကေတာ့ ႏွမငယ္ေလး ဟန္နာဘိခ်္ပါပဲ။

အဲဒီအခ်ိန္ကေနစၿပီးေတာ့ အၾကမ္းဖက္သမားႀကီး ဝီရသူအျဖစ္ တစ္ကမၻာလုံးက မွတ္ထင္သြားကာ ႏုိင္ငံတကာမီဒီယာမ်ား ႏုိင္ငံတကာဧည့္သည္ေတာ္မ်ား စာေရးသူထံ မၾကာခဏ လာေရာက္ အကဲခတ္ စူးစမ္းၾကပါတယ္။

အခ်ဳိ႕ဆုိရင္ တုိင္းမဂၢဇင္းေရးသလုိ လုံးဝမျဖစ္ႏုိင္ဘူးဟု တစ္ထုိင္တည္းမွာပဲ ဆယ္ခါမက ေျပာသြားသူေတြ ရွိပါတယ္။
အဲဒီလုိေျပာတဲ့အထဲမွာ EU အဖြဲ႕မွ မြတ္စလင္အခ်ဳိ႕၊ တူရကီသတင္းဌာနမွ မြတ္စလင္အခ်ဳိ႕လည္း ပါပါတယ္။ အဲဒီတုန္းက လက္နက္ႀကီးနဲ႔အထုခံရသလုိ ခံစားခဲ့ရတဲ့ ေဝဒနာေတြဟာ ျပည္တြင္းျပည္ပ ရဟန္းရွင္လူ ျပည္သူမ်ားရဲ႕ ကုသေပးမႈေၾကာင့္ အလွ်င္းေပ်ာက္ကင္းသြားခဲ့ပါတယ္။

တစ္ခ်ိန္ခ်ိန္မွာ ဟန္နာဘိခ်္ႏွင့္ အဂၤလိပ္လုိ ဒီဘိတ္လုပ္ႏုိင္ေလာင္ေအာင္ သုိ႔တည္းမဟုတ္ ဟန္နာဘိခ်္ေရးသားတဲ့ အမွားေတြကုိ ျပန္လည္ေခ်ပတဲ့ ေဆာင္းပါးေတြ အဂၤလိပ္လုိေရးႏုိင္တဲ့အဆင့္ ေရာက္ေအာင္ ေလ့လာလုိက္စားမယ္လုိ႔ စိတ္ကူးမိခဲ့ပါေသးတယ္။

အခုေတာ့ ႏွမငယ္ဟန္နာဘိခ်္က ဒုကၡသည္စခန္းမွ မုသားမ်ားဆုိတဲ့ေခါင္းစဥ္နဲ႔ အလိမ္အညာ ဇာတ္ထုတ္ႀကီးကုိ အစဆြဲထုတ္ေပးႏုိင္ခဲ့လုိ႔ ဟန္နာဘိခ်္ေပးတဲ့ေဝဒနာ ဟန္နာဘိခ်္ပဲ ျပန္ကုစားသြားသလုိ သက္သာရာရသြားခဲ့ပါၿပီ။

ေက်းဇူးတင္ပါတယ္ ႏွမငယ္။ ျပန္ဆုံခ်င္ပါတယ္ ႏွမငယ္။ မင္းလည္း စာေပသမား ငါလည္း စာေပသမား။ ကမၻာ့ဇာတ္ခုံမွာ ေနာင္တစ္ခ်ိန္ ျပန္လည္ေတြ႕ဆုံၾကတဲ့အခါ အတိတ္ကေဝဒနာေတြ ေမ့ထားလုိက္ၾကၿပီး စာေပအတတ္ပညာနဲ႔ ကမၻာသူကမၻာသားေတြကုိ အက်ဳိးျပဳဖုိ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ႀကီး သႏၷိ႒ာန္ခ်မွတ္ႏုိင္တဲ့ အဆင့္ထိ တုိ႔တေတြ ခင္မင္ရင္းႏွီးႏုိင္ၾကပါေစလုိ႔ပဲ ဆုေတာင္းပါတယ္။

ဟန္နာဘိခ်္တစ္ေယာက္ မီဒီယာအတတ္ပညာျဖင့္ ကမၻာသူ ကမၻာသားကုိ အက်ဳိးျပဳႏိုင္ပါေစ။)


ဝီရသူ(မစိုးရိမ္)
5.2.2018
PM 12:03

ဟန္နာဘိခ်္ ေဆာင္းပါး လင့္-
https://mobile.nytimes.com/…/a…/rohingya-myanmar-camps.html…

 

 

“ဒုက္ခသည်စခန်းမှ မုသားများ”

(23.5.2013 ရက်နေ့မှာ ဟန်နာဘိချ် လာရောက် တွေ့ဆုံသွားပါတယ်။ 1.7.2013 ရက်စွဲပါ Time မဂ္ဂဇင်းမှာ The Face of Buddhist Terror ခေါင်းစဉ်နှင့် မျက်နှာဖုံးပုံတပ်ပြီး ရေးသားခဲ့ပါတယ်။

ရက်စွဲက ဇူလိုင်လ ၁ ရက်နေ့ထုတ် မဂ္ဂဇင်းဖြစ်သော်လည်း ဇွန်လ နောက်ဆုံးပတ် 26.6.2013 မှာ လိုင်းပေါ်ပျံ့နှံ့နေပါပြီ။
အဲဒီနောက်ပိုင်းမှာတော့ မြန်မာစာနယ်ဇင်းတွေက သူ့ကိုပြန်လည်ချေပကြ၊ သံဃာတော်များ သီလရှင်များနှင့် ဗုဒ္ဓဘာသာဝင်များက ဆန္ဒပြပွဲများ ကျင်းပပြီး ကန့်ကွတ်ရှုတ်ချခဲ့ကြ အမေရိကန်နိုင်ငံ တိုင်းမဂ္ဂဇင်း ရုံးရှေ့မှာ ဆရာတော်သံဃာတော်များနှင့် ရွှေမြန်မာများ ဆန္ဒပြခဲ့ကြနှင့် ကမ္ဘာ့ဇာတ်ခုံပေါ်ကို တင်ပေးလိုက်တာကတော့ နှမငယ်လေး ဟန်နာဘိချ်ပါပဲ။

အဲဒီအချိန်ကနေစပြီးတော့ အကြမ်းဖက်သမားကြီး ဝီရသူအဖြစ် တစ်ကမ္ဘာလုံးက မှတ်ထင်သွားကာ နိုင်ငံတကာမီဒီယာများ နိုင်ငံတကာဧည့်သည်တော်များ စာရေးသူထံ မကြာခဏ လာရောက် အကဲခတ် စူးစမ်းကြပါတယ်။

အချို့ဆိုရင် တိုင်းမဂ္ဂဇင်းရေးသလို လုံးဝမဖြစ်နိုင်ဘူးဟု တစ်ထိုင်တည်းမှာပဲ ဆယ်ခါမက ပြောသွားသူတွေ ရှိပါတယ်။
အဲဒီလိုပြောတဲ့အထဲမှာ EU အဖွဲ့မှ မွတ်စလင်အချို့၊ တူရကီသတင်းဌာနမှ မွတ်စလင်အချို့လည်း ပါပါတယ်။

အဲဒီတုန်းက လက်နက်ကြီးနဲ့အထုခံရသလို ခံစားခဲ့ရတဲ့ ဝေဒနာတွေဟာ ပြည်တွင်းပြည်ပ ရဟန်းရှင်လူ ပြည်သူများရဲ့ ကုသပေးမှုကြောင့် အလျှင်းပျောက်ကင်းသွားခဲ့ပါတယ်။

တစ်ချိန်ချိန်မှာ ဟန်နာဘိချ်နှင့် အင်္ဂလိပ်လို ဒီဘိတ်လုပ်နိုင်လောင်အောင် သို့တည်းမဟုတ် ဟန်နာဘိချ်ရေးသားတဲ့ အမှားတွေကို ပြန်လည်ချေပတဲ့ ဆောင်းပါးတွေ အင်္ဂလိပ်လိုရေးနိုင်တဲ့အဆင့် ရောက်အောင် လေ့လာလိုက်စားမယ်လို့ စိတ်ကူးမိခဲ့ပါသေးတယ်။

အခုတော့ နှမငယ်ဟန်နာဘိချ်က ဒုက္ခသည်စခန်းမှ မုသားများဆိုတဲ့ခေါင်းစဉ်နဲ့ အလိမ်အညာ ဇာတ်ထုတ်ကြီးကို အစဆွဲထုတ်ပေးနိုင်ခဲ့လို့ ဟန်နာဘိချ်ပေးတဲ့ဝေဒနာ ဟန်နာဘိချ်ပဲ ပြန်ကုစားသွားသလို သက်သာရာရသွားခဲ့ပါပြီ။

ကျေးဇူးတင်ပါတယ် နှမငယ်။ ပြန်ဆုံချင်ပါတယ် နှမငယ်။ မင်းလည်း စာပေသမား ငါလည်း စာပေသမား။ ကမ္ဘာ့ဇာတ်ခုံမှာ နောင်တစ်ချိန် ပြန်လည်တွေ့ဆုံကြတဲ့အခါ အတိတ်ကဝေဒနာတွေ မေ့ထားလိုက်ကြပြီး စာပေအတတ်ပညာနဲ့ ကမ္ဘာသူကမ္ဘာသားတွေကို အကျိုးပြုဖို့ ပျော်ပျော်ရွှင်ရွှင်ကြီး သန္နိဋ္ဌာန်ချမှတ်နိုင်တဲ့ အဆင့်ထိ တို့တတွေ ခင်မင်ရင်းနှီးနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။

ဟန်နာဘိချ်တစ်ယောက် မီဒီယာအတတ်ပညာဖြင့် ကမ္ဘာသူ ကမ္ဘာသားကို အကျိုးပြုနိုင်ပါစေ။)

ဝီရသူ(မစိုးရိမ်)
5.2.2018
PM 12:03

ဟန်နာဘိချ် ဆောင်းပါး လင့်-
https://mobile.nytimes.com/…/a…/rohingya-myanmar-camps.html…