Daily Archives: February 5, 2018

မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း


မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့ ၈၁လမ်း၊ ၂၉×၃၀လမ်းကြား ချမ်း/ရှေ့နေ ဦးသန်းလှိုင်+ဒေါ်ခင်ပိုက် (သမီး) ဒေါ်စုစုလှိုင်၊ ဒေါ်ဝင်းဝင်းလှိုင်၊ ဒေါ်သီတာလှိုင် မိသားစုမှ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။ (5.2.2018) အလှူရှင် ဦးသန်းလှိုင်+ဒေါ်ခင်ပိုက် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၁၄) မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မန်းမဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပညာဒါနဓမ္မသဘင် ကျင်းပလှူဒါန်း

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းနေ ဦးမြင့်ဇော်+ဒေါ်တင်တင်ဝင်း (သား)ပြည့်ဖြိုးစံ၊ (သမီး)သီရိခိုင် မိသားစုက အလှူငွေ ၅,၃၀၀,၀၀၀ (ငါးဆယ့်သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (28.1.2018) (၄င်းအလှူငွေ ငါးဆယ့်သုံးသိန်းကျပ်သည် ဦးမြင့်ဇော်မိသားစုက သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းမှာ ပညာဒါန အလှူတော် ဓမ္မသဘင်ကျင်းပ၍ ရရှိသော ဓမ္မပူဇာအလှူငွေများဖြစ်ပါသည်။ 21.1.2018 မှ 25.1.2018 ထိ ငါးရက်တိုင်တိုင် ပညာဒါနအလှူတော်တရားပွဲ ကျင်းပခဲ့ရာ ဓမ္မကထိကဆရာတော် ငါးပါးက ဓမ္မပူဇာအလှူငွေများကို မန်း ...
ထုတ်ပြန်ကြေညာချက်သတင်း

ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းဗဟို  သဘောထား ထုတ်ပြန်ကြေညာချက်

တပို့တွဲလပြည့် ၁၃၇၉ ခု(၃၁-၁-၂ဝ၁၈) ဗုဒ္ဓဟူးနေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်ကျင်းပသော ခရစ်ယာန်သင်းအုပ်ဆရာများအား ဝတ်စုံလှူဒါန်းပွဲ၌ ရှင်ပေါလု(အင်္ဂလိကန်) အသင်းတော် သံဃာဆရာတော်များအား သင်္ကန်းကပ်လှူခြင်းနှင့် မိတ်ဆုံစားပွဲဟု သုံးစွဲထားပုံကို အင်တာနက်အွန်လိုင်းများ၌လည်းကောင်း၊ သတင်းစာများ၌လည်းကောင်း ဆိုင်းဘုတ်များနှင့်တကွ ဓာတ်ပုံအထောက်အထားများအရ တွေ့မြင်ကြားသိနေရသည်။ ၄င်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်၌ ၂ဝ၁၈ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ကျင်းပမည့် ခရစ်ယာန်ဘာသာရေးအခမ်းအနား ဖိတ်ကြားလွှာ၌လည်း- စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ အောင်မင်္ဂလာရပ်နေ (ဦးစံထွန်း(ခ) ဦးဖိုးတွတ်) + ဒေါ်အေးရွှေ (ခ) ဒေါ်သေးလှီတို့၏ တတိယမြောက်သားရတနာ ဘုန်းတော်ကြီး ...
သတင်း

ဒုက္ခသည်စခန်းမှ မုသားများ

(23.5.2013 ရက်နေ့မှာ ဟန်နာဘိခ်ျ လာရောက် တွေ့ဆုံသွားပါတယ်။ 1.7.2013 ရက်စွဲပါ Time မဂ္ဂဇင်းမှာ The Face of Buddhist Terror ခေါင်းစဉ်နှင့် မျက်နှာဖုံးပုံတပ်ပြီး ရေးသားခဲ့ပါတယ်။ ရက်စွဲက ဇူလိုင်လ ၁ ရက်နေ့ထုတ် မဂ္ဂဇင်းဖြစ်သော်လည်း ဇွန်လ နောက်ဆုံးပတ် 26.6.2013 မှာ လိုင်းပေါ်ပျံ့နှံ့နေပါပြီ။ အဲဒီနောက်ပိုင်းမှာတော့ မြန်မာစာနယ်ဇင်းတွေက သူ့ကိုပြန်လည်ချေပကြ၊ သံဃာတော်များ သီလရှင်များနှင့် ဗုဒ္ဓဘာသာဝင်များက ဆန္ဒပြပွဲများ ကျင်းပပြီး ကန့်ကွတ်ရှုတ်ချခဲ့ကြ အမေရိကန်နိုင်ငံ တိုင်းမဂ္ဂဇင်း ရုံးရှေ့မှာ ဆရာတော်သံဃာတော်များနှင့် ရွှေမြန်မာများ ...
သတင်း

ဝီရသူ(မစိုးရိမ်) ပေးပို့အပ်သော အမျိုးသားရေးသဝဏ်လွှာ” (တိုက်ကြီး မ.ဘ.သ ဦးဇနိတ ဖတ်ကြားသည်။)

တပ်မတော်နှင့်ပြည်သူအကြား သွေးခွဲစော်ကားနေသူများအား ကန့်ကွက်ရှုတ်ချပွဲသို့ ပေးပို့အပ်သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိ က အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာ ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊ မိုင်ဒါကွင်း၌ ကျင်းပအပ်သော တပ်မတော်နှင့်ပြည်သူအကြား သွေးခွဲစော်ကားနေသူများအား ကန့်ကွက်ရှုတ်ချပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့ ယနေ့အချိန်အခါသည် တိုင်းရေးပြည်ရေးရှုပ်ထွေးနေသော ကာလကြီးဖြစ်ပါသည်။ နိုင်ငံရေးသမားများသည် သူတို့ပေးထားသည့်အိပ်မက်တွေအတိုင်း ဘာမှလုပ်မပေးနိုင်သည့်အခါမျိုး၌ သူတစ်ပါးအပေါ် လွှဲပုံချတတ်ကြပါသည်။ ထိုသို့သော နိုင်ငံရေးသမားတို့၏ လွှဲချမှုကြောင့် မြန်မာ့တပ် မတော်သည် နိုင်ငံတကာမှာ အထင်လွဲခံနေရပါသည်။ ထိုသို့ မိမိအဆင်မပြေတိုင်း ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၂၂၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် အောင်ပန်းမြို့ ဦးဣန္ဒာစရိယ(ဦးဇင်းမဲကြီး)မှ အလှူငွေ ၃၀၀၀၀၀(သုံးသိန်း)ကျပ် လှူဒါန်းပါသည်။ (29.1.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ၄၀,၆၃၃,၅၀၀ိ ကျပ်။ စုစုပေါင်း ...