မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းနေ ဦးမြင့်ဇော်+ဒေါ်တင်တင်ဝင်း (သား)ပြည့်ဖြိုးစံ၊ (သမီး)သီရိခိုင် မိသားစုက အလှူငွေ ၅,၃၀၀,၀၀၀ (ငါးဆယ့်သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (28.1.2018)
(၄င်းအလှူငွေ ငါးဆယ့်သုံးသိန်းကျပ်သည် ဦးမြင့်ဇော်မိသားစုက သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းမှာ ပညာဒါန အလှူတော် ဓမ္မသဘင်ကျင်းပ၍ ရရှိသော ဓမ္မပူဇာအလှူငွေများဖြစ်ပါသည်။
၂၃.၁.၂၀၁၈ ဒေါက်တာအရှင်သီဟဥာဏာလင်္ကာရာဘိဝံသ(သီတဂူ)မှ ၉၀၀,၀၀၀ ကျပ်
“မန်းမဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ပညာဒါနဓမ္မသဘင် ကျင်းပလှူဒါန်း”
မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်ထက်တန်းကျောင်းတော်ကြီးအတွက် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းနေ ဦးမြင့်ဇော်+ဒေါ်တင်တင်ဝင်း (သား)ပြည့်ဖြိုးစံ၊ (သမီး)သီရိခိုင် မိသားစုက အလှူငွေ ၅,၃၀၀,၀၀၀ (ငါးဆယ့်သုံးသိန်း)ကျပ် လှူဒါန်းစဉ်။ (28.1.2018)
(၎င်းအလှူငွေ ငါးဆယ့်သုံးသိန်းကျပ်သည် ဦးမြင့်ဇော်မိသားစုက သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းမှာ ပညာဒါန အလှူတော် ဓမ္မသဘင်ကျင်းပ၍ ရရှိသော ဓမ္မပူဇာအလှူငွေများဖြစ်ပါသည်။
21.1.2018 မှ 25.1.2018 ထိ ငါးရက်တိုင်တိုင် ပညာဒါနအလှူတော်တရားပွဲ ကျင်းပခဲ့ရာ ဓမ္မကထိကဆရာတော် ငါးပါးက ဓမ္မပူဇာအလှူငွေများကို မန်း မဟော်သဓာကျောင်းတော်ကြီးအတွက် ပြန်လည်လှူဒါန်းခြင်းဖြစ်ပါသည်။
အဆိုပါဓမ္မပူဇာတရားပွဲတွင် မော်လမြိုင်မြို့ မြစေတီရဲကျောင်းစာသင်တိုက် ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ(ပါဠိပါရဂူ၊ အဂ္ဂမဟာပဏ္ဍိတ)လည်း ကြွရောက်ချီးမြှင့်ဟောကြားတော်မူကာ တရားပွဲမှ ရရှိသော ဓမ္မပူဇာအလှူငွေများကို မန်း မဟော်သဓာအတွက် ပြန်လည်လှူဒါန်းခဲ့ပါသည်။
အခြားဆရာတော်လေးပါးကား ရဟန်းပျိုများဖြစ်ပါသည်။ ဤတရားပွဲကြီးဖြစ်မြောက်ရေးအတွက် အသံပိုင်း , သံဃာစင် , မီးအလှဆင်တို့အား ကုသိုလ်ယူဒါနပြုခဲ့သည့် ကိုရဲမြင့်+မမီမီသွင် (Myanmar Audio Light)မိသားစု , တရားပွဲကုန်ကျစရိတ်များအတွက် တတ်အားသ၍ ဝိုင်းဝန်းလှူဒါန်းခဲ့သည့် ကိုရန်ကြီးအောင်+မတင်တင်မော် , ကိုဇော်အောင်ချိုမိသားစု , ကိုမင်းနိုင်ထွန်းမိသားစု , ဒေါက်တာမူမူသန်းမိသားစုတို့က ဝိုင်းဝန်းကူညီ ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ မြစေတီဆရာတော်ကြီးနှင့်တကွ ညီတော်လေးပါးအားလုံး ကျန်းမာချမ်းသာဘေးရန်ကွာ၍ သာသနာအကျိုး လူမျိုးအတွက် ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်ပါစေဘုရား။
တရားပွဲဖြစ်မြောက်ရေးအတွက် ကိုယ်အား ဉာဏ်အား လူအားငွေအားဖြင့် အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကာ ပညာပါရမီဆည်းပူးကြကုန်သော ဦးမြင့်ဇော်+ဒေါ်တင်တင်ဝင်း မိသားစုနှင့်အတူ ဦးရန်ကြီးအောင်+ဒေါ်တင်တင်မော်၊ ဒေါက်တာမူမူသန်း၊ ကိုမင်းနိုင်ထွန်း၊ ကိုဇော်အောင်ချို၊ ကိုရဲမြင့်+မမီမီသွင် မိသားစုတို့ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
တရားပွဲကျင်းပသောရက်နှင့် တရားဟောဆရာတော် ဓမ္မပူဇာအလှူငွေများကို ပူးတွဲတင်ပြလိုက်ပါသည်။
သာဓုအနုမောဒနာခေါ်စေသော်……….ဝ်။)
၂၁.၁.၂၀၁၈ အရှင်သီလဝံသ(သာသနတက္ကသီလဓမ္မာစရိယ)မှ ၈၃၅,၀၀၀ ကျပ်
၂၂.၁.၂၀၁၈ အရှင်ဘောဂိက(သာသနဓဇဓမ္မာစရိယ)မှ ၁,၀၀၀,၀၀၀ ကျပ်
၂၃.၁.၂၀၁၈ ဒေါက်တာအရှင်သီဟဉာဏာလင်္ကာရာဘိဝံသ(သီတဂူ)မှ ၉၀၀,၀၀၀ ကျပ်
၂၄.၁.၂၀၁၈ အရှင်ဝိမလဗုဒ္ဓိ(မြဆရာတော်) ပါဠိပါရဂူ , အဂ္ဂမဟာပဏ္ဍိတ(မြစေတီရဲကျောင်း)မှ ၉၅၀,၀၀၀ ကျပ်
၂၅.၁.၂၀၁၈ အရှင်သဒ္ဓမ္မ(မြနန်းဆရာတော်) သာသနဓဇဓမ္မာစရိယမှ ၁,၆၁၅,၀၀၀ ကျပ်။