သတင်း

ဝါခင်းကုန်းဆရာတော်ကြီးအား ဖူးမြော်ပူဇော်

10.12.2017 ရက်နေ့ ညနေ (၅း၃၀)နာရီမှာ မန္တလေးမြို့၊ တောင်စလင်းတိုက်သစ်၊ ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခအား သွားရောက်ဖူးမြော်ပူဇော်ခဲ့ပါတယ်။ ပြည်ချစ်သားဂျာနယ်နှင့် မဟာဝီရမဂ္ဂဇင်းများ ဆက်ကပ်ပြီး အမျိုးဘာသာ သာသနာရေးရာများ လျှောက်ထားပါတယ်။

အထူးသဖြင့် မန်း မဟော်သဓာ ကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် ဆရာတော်ကြီးထံမှ သြဝါဒခံယူခဲ့ပါတယ်။
တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒကလည်း ကြွရောက်အားပေးပါတယ်။ မန်း မဟော်သဓာနှင့်ပတ်သက်ပြီး အသေးစိတ်လျှောက်ထားကာ ဆရာတော်ကြီးနှစ်ပါး မိန့်မှာတော်မူချက်များကို ဂရုစိုက် နာကြားခဲ့ပါတယ်။