သတင်း

ဝီရသူကိုချစ်ကြသူများ(၄)

24.6.2017 ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေပြည်သာသို့ ခရီးဆက်ခဲ့ပါတယ်။ ရွှေပြည်သာဝင်ခါနီးမှာ မိုးတအားသည်းပါတယ်။
မဏ္ဍပ်ကလေးကသေးသေး လူတွေကများများ မဏ္ဍပ်အမိုးက နေမထိုးရုံမျှသာ စာရွက်စာတမ်းတွေတောင် မိုးလုံအောင် ထားစရာမရှိ။

မိုးထဲရေထဲမှာ ကြိုဆိုနေကြတဲ့ ဦးဇင်းလေးတွေရော သီလရှင်ဆရာလေးတွေရော မျိုးချစ်ပြည်သူများပါ အင်တိုက် အားတိုက်ရှိလှတာမို့ မိုးထဲဆင်းပြီး အားပေးမိတယ်။ ရန်ကုန်မိုးရေ ဒီတစ်ခါချိုးဖူးတာပါပဲ။ ရွှေပြည်သာမျိုးချစ်တွေက ကောက်ခါငင်ကာ ထလုပ်ပုံရပါတယ်။

လက်မှတ်ဇယားတွေတောင် မိတ္တူတွေဆွဲပြီး ဖြစ်သလိုစီစဉ်နေကြတာတွေ့လို့ ဝီရသွေးအဖွဲ့နှင့် ဆက်သွယ်ပေးခဲ့ရကြောင်း သိရှိရပါတယ်။ မိုးရွာလို့ လူပါးသွားပေမဲ့ မိုးထဲမှာ အမျိုးတွေနဲ့အတူ စကားပြောရတာ ပျော်စရာတစ်ခုပါပဲ။

ရွှေပြည်သာပရိသတ်ကတော့ အံ့မခန်းပါပဲ။ အပြန်မှာ မော်မော်ရွှေဆိုင်ပိုင်ရှင် ဒကာရန်ကြီးအောင်တို့အိမ်မှာ ခဏနားပြီး ပြန်လာခဲ့ပါတယ်။ ရန်ကုန်မိုးရေ ဒီတစ်ခါပဲချိုးဖူးတာမို့ တစ်ကိုယ်လုံး လေးလံထိုင်းမိုင်းနေပါတယ်။

ဒါပေမဲ့ ရွှေပြည်သာပြည်သူတွေဆီကရရှိလာတဲ့ မျိုးချစ်အားဆေးကတော့ ရန်ကုန်မိုးတင်မကပါဘူး လောကဓံအားလုံးကို ရင်ဆိုင်ဖို့အတွက် အင်အားတွေအလုံအလောက် မွေးဖွားပေးလိုက်တာပါပဲ။