သတင်း

သာသနာသန့်ရှင်းရေးလုပ်လျှင် လူဝတ်လဲမည်

တောင်ကလေးဆရာတော်
မြန်မာပြည် ဗုဒ္ဓဘာသာသမိုင်းအရ အေဒီ ၁၉၈၀-၈၁ကာလ ရဟန်းသံဃာတော်တွေကို ဖမ်းဆီးလူဝတ်လဲပြီး အကျဉ်းချခံခဲ့ရတဲ့ သမိုင်းဖြစ်စဉ်ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဖြစ်ပါတယ်။ သာသနာရေးနှင့် ပြည်ထဲရေးဝန်ကြီးကတော့ ဦးစိန်လွင်ပါပဲ။ ဦးစိန်လွင်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလက သမ္မတတက်ဖြစ်တဲ့သူပါ။ အဲဒီတုန်းက ထင်ရှားကျော်စောတဲ့ရဟန်းပုဂ္ဂိုလ်တွေ အများအပြား ဖမ်းဆီးခြင်းခံရပြီး လူဝတ်လဲထောင်အကျဉ်းချခံရတာ အများကြီးပါပဲ။ ထောင်တွင်းမှာ အမျိုးမျိုးညှဉ်းဆဲမှုနှင့် ကွယ်လွန်သေဆုံး ခဲ့ရတာ အများကြီးပါပဲ။ အဲဒီလို အခြေအနေမျိုးလို ယနေ့ သာ/ယဉ်ဝန်ကြီးစကားအတိုင်းသာ မြန်မာ့သာသနာရေးမှာ သန့်ရှင်းမှုလုပ်ရင် ဗုဒ္ဓဘာသာ သာသနာအဖို့ ဘေးကြီးကျယ်စွာ ရောက်ကြရတော့မယ်။ ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်ကြသူအနည်းဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာအတွက် ဝမ်းနည်းပူဆွေးစရာပါပဲ။ အင်းလေ။ သာသနာမှာပျော်လို့ အတတ်နိုင်ဆုံးတော့ ကြိုးစားအားထုတ်ဆောင်ရွက်နေတာပါပဲ။ လက်ရှိ အစိုးရက အရှင်တို့ကို မကြည်ညိုနိုင်၊ မရှုစိမ့်နိုင်တော့ရင်လည်း ကြိုကြိုတင်တင် လူပြုပေးမှာပါ။ ဖမ်းဆီးအကျဉ်းကျ ထောင်ထဲကိုတော့ အကျမခံနိုင်ပါဘူး။ ယနေ့ သာ/ဝန်စကားအတည်ဖြစ်ရင် မြန်မာပြည်မှာ အရှင်ကိုယ်တိုင် ပထမဦးဆုံး(ထိပ်ဆုံး)လူဝတ်လဲပါမည့်အကြောင်း အရှင်နဲ့ပတ်သက်နေကြသည့် ဒါယကာ အားလုံးတို့ကို ယနေ့ရက်စွဲဖြင့် အတည်ပြုတပ်လှန့်အသိပေးနှိုးဆော်မှုပြုထားလိုက်ပါပြီ။
တောင်ကလေးဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသာမိ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်၊ တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။)
26.6.2017