သတင်း

ဝီရသူကိုချစ်ကြသူများ(၆)

27.6.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ လှိုင်သာယာမှ ထွက်လာခဲ့ပါတယ်။ တွံတေးမြို့ ဈေးကြီးနားက သာသနာ့ဗိမာန်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ ယာယီမဏ္ဍပ်လေးသို့ ရောက်ရှိပါတယ်။

We Love Wira Thu လက်မှတ် ကောက်ခံရာမဏ္ဍပ်ကလေးထဲမှာ မျိုးချစ်များ ကြိုဆိုနေတာ တွေ့ရပါတယ်။ ခဏတဖြုတ်ထိုင်ပြီး အားပေးခဲ့ပါတယ်။ အားပေးစကားပြောပြီးနောက်ပိုင်း သြဝါဒစကား ပြောကြားခဲ့ပါတယ်။ တွံတေးမြို့ဟာ အနီရင့်ရောင်အဆင့်ရောက်ရှိနေတဲ့ မြို့ကလေးပါ။

ဒီလက်မှတ်ကလေးကောက်တာကိုပဲ ဟိုကကန့်ကွက် ဒီကကန့်ကွက်နှင့် ဦးစောလူး ဒေါ်စောလူး မောင်စောလူး မစောလူးတွေ အများကြီးတွေ့ကြုံရပါတယ်။ အခက်အခဲတွေကြားထဲကနေ လက်မှတ်ကောက်ပွဲလေး ကျင်းပပေးတဲ့ ခေါင်းဆောင်ကတော့ ဦးလှမြင့်+ဒေါ်ခင်ခင်လင်း မိသားစုပါပဲ။

ကျန်တဲ့ အမျိုးသားရေးညီနောင်မောင်နှမများက ဝန်းရံပေးခဲ့ကြတာပါ။ အောင်ဆန်းသူရိယဘွဲ့ရ ဗိုလ်မှူးအေးချိုရဲ့ မြေးတစ်ယောက်လည်း လာရောက်အားပေးပါတယ်။ သူရေးတဲ့ အောင်ဆန်းသူရိယအေးချိုအကြောင်း စာအုပ်လေးလည်း ဆက်ကပ်သွားပါတယ်။

ဒီပွဲလေးကို ငွေပေးပြီးခိုင်းဖို့နေနေသာသာ တွံတေးသူ တွံတေးသားများက စာရေးသူအား နဝကမ္မအလှူငွေတွေတောင် လှူလိုက်ကြပါသေးတယ်။ ဦးလှမြင့်+ဒေါ်ခင်ခင်လင်း တွံတေးမြို့မှ နဝကမ္မအလှူငွေ တစ်သိန်းကျပ် တွံတေးမြို့ မျိုးချစ်အဖွဲ့မှ နဝကမ္မအလှူငွေ ၄၇၀၀၀ (လေးသောင်းခုနစ်ထောင်)ကျပ် ဖြစ်ပါတယ်။

စာရေးသူရဲ့ ခရိုနီတွေကတော့ တွံတေးမြို့မှာ ဒါဟာ မိုင်ကုန်ပါပဲ။ တစ်ခြားမြို့တွေလည်း ဆက်လက်ဖော်ပြပေးပါမယ်။ အနီရင့်ရောင်မြို့ကလေးထဲက ရွှေဝါရောင်သာသနာ့အလံတော်ကတော့ တလူလူလွှင့်ထူလျက် အမျိုးဘာသာ သာသနာအတွက် အခက်အခဲတွေကြားမှ ဆက်လက်ချီတက်တော့မည့်ဟန် ဘယ်လိုအန္တရာယ်မျိုးကိုမှ လုံးဝ မမှုသည့်ဟန်ဖြင့် အပြုံးမပျက် အမုန်းမစွက် ဆက်လက်ချီတက်နေမည်ဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်လျက် ရှိနေပေတော့သတည်း။