Daily Archives: July 4, 2017

သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းကျူရှင်ကျောင်းဖွင့်ပွဲ

ဝါဆိုလဆန်း(၈)ရက် 2.7.2017 မနက် ၉း၀၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပတာပါ။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျူရှင်ကျောင်းဖွင့်ပွဲအခမ်းအနားကြီးဖြစ်ပါတယ်။ Fresher(နှစ်တက်)၇၈ဦးရှိပြီး Repeater(နှစ်ဟောင်း)အတန်းက ၉၂ ဦးရှိပါတယ်။ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၇၀ ပါ။ မိဘပြည်သူများနှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ ဆရာ ဆရာမများ ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။ စာရေးသူက ကျောင်းသူကျောင်းသားများရဲ့တာဝန်နှင့် မိဘပြည်သူများရဲ့တာဝန်များကို အဓိကထား ပြောပါတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှန်မှန်တက်ဖို့ စာမှန်မှန်ကျက်ဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ နှစ်စကတည်းက ပုံမှန်ကြိုးစားဖို့ ဆရာဆရာမတွေ သင်ကြားပေးတာကို ရိုရိုသေသေသင်ယူဖို့ ဆရာတော်သံဃာတော်တွေ ဆုံးမတာကို ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (န၀ကမ္မအလှူတော်)

အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ အမျိုးဘာသာသာသနာရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးပေါက်ရန်အလို့ငှာ မန္တလေး၊ ပြည်ကြီးတံခွန်မြို့နေ ကွယ်လွန်သူ ဖခင်ကြီးဦးဘိုကြီး(၇၂)နှစ်အားရည်စူး၍ ကျန်ရစ်သူမိသားစုမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ် လှူဒါန်းစဉ်။(1.7.2017) အလှူရှင်မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုတရသူများ ဖြစ်ကြပါစေ…သောဝ်။
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၀၈)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဆောက်လုပ်နိုင်ရန်အတွက် ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဒေါ်မြမြသွေးမိသားစုက အလှူငွေ ၁၀၀၀၀၀(တစ်သိန်းကျပ်)၊ ဒေါ်မြမြသွေး၏ ဓမ္မမိတ်ဆွေများက သုံးသောင်းကျပ် လှူဒါန်းစဉ်။ (30.6.2017) (ဒေါ်မြမြသွေးသည် ဆရာတော်ဦးဝီရသူအား နဝကမ္မအလှူငွေ ၅၀၀၀၀(ငါးသောင်း)ကျပ်လည်း လှူဒါန်းသွားပါသည်။) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
သတင်း

ဝီရသူကိုချစ်ကြသူများ(၆)

27.6.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ လှိုင်သာယာမှ ထွက်လာခဲ့ပါတယ်။ တွံတေးမြို့ ဈေးကြီးနားက သာသနာ့ဗိမာန်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ ယာယီမဏ္ဍပ်လေးသို့ ရောက်ရှိပါတယ်။ We Love Wira Thu လက်မှတ် ကောက်ခံရာမဏ္ဍပ်ကလေးထဲမှာ မျိုးချစ်များ ကြိုဆိုနေတာ တွေ့ရပါတယ်။ ခဏတဖြုတ်ထိုင်ပြီး အားပေးခဲ့ပါတယ်။ အားပေးစကားပြောပြီးနောက်ပိုင်း သြဝါဒစကား ပြောကြားခဲ့ပါတယ်။ တွံတေးမြို့ဟာ အနီရင့်ရောင်အဆင့်ရောက်ရှိနေတဲ့ မြို့ကလေးပါ။ ဒီလက်မှတ်ကလေးကောက်တာကိုပဲ ဟိုကကန့်ကွက် ဒီကကန့်ကွက်နှင့် ဦးစောလူး ဒေါ်စောလူး မောင်စောလူး မစောလူးတွေ အများကြီးတွေ့ကြုံရပါတယ်။ အခက်အခဲတွေကြားထဲကနေ လက်မှတ်ကောက်ပွဲလေး ကျင်းပပေးတဲ့ ခေါင်းဆောင်ကတော့ ဦးလှမြင့်+ဒေါ်ခင်ခင်လင်း မိသားစုပါပဲ။ ကျန်တဲ့ အမျိုးသားရေးညီနောင်မောင်နှမများက ဝန်းရံပေးခဲ့ကြတာပါ။ အောင်ဆန်းသူရိယဘွဲ့ရ ...
သတင်း

အစစ် အတု ခွဲခြားနိုင်ရန်

Follower အရေအတွက်ကို ကြည့်ပါ။ Follower အရေအတွက် မပြည့်ဝလျှင် အတုသာဖြစ်ပါသည်။ ယခုအခါ Wira Thu Page အတုပေါင်းများစွာဖြင့် သတင်းများလုပ်ကြံရေးသားနေပါသဖြင့် သတိပေးရခြင်းဖြစ်ပါသည်။ ၀ီရသူ(မစိုးရိမ်) 4.7.2017 PM 5:51
သတင်း

မွေးနေ့လက်ဆောင်ပေးကြသူများ

စာရေးသူရဲ့ မွေးနေ့က ဇွန် ၂၆ ရက်ပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မူဆလင် အီးဒ်နေ့နဲ့ လာတိုက်ဆိုင်နေတယ်။ ဇွန်လ ၂၅ ရက် ည ၁၂ နာရီထိုးပြီးတဲ့နောက်ပိုင်းမှာတော့ ဖုန်းတဂွမ်ဂွမ်လာကြပါတယ်။ တပည့်လေးတွေ ဈေးဦးပေါက်သွားပါတယ်။ အဆဲလက်ဆောင်ပေးကြတာပါ။ မနက်လင်းတော့ ဖုန်းကောပေါင် ၂၆ ခု တွေ့ရပါတယ်။ တစ်ညလုံး ဆဲနေကြတာလေ။ အော်ရီဒူးဆိုမကိုင်ပါဘူး။ နိုင်ငံခြားဖုန်းဆို မကိုင်ပါဘူး။ ဖုန်းနံပါတ်အစိမ်း ဖုန်းနံပါတ်အသစ်ဆိုရင် မကိုင်ပါဘူး။ နောက်တစ်နေ့ မွေးနေ့ပွဲအထိ ဆဲနေကြတုန်းပါပဲ။ အီးဒ်နေ့ဆိုတော့ လူတွေကလည်း စုမိတော့ ဝိုင်းဆဲလို့ကောင်းနေတော့တာပေါ့။ တစ်ခုပြောပြမယ် မင်းတို့ပါပါကြီးရဲ့မွေးနေ့နဲ့ အီးဒ်နေ့ လာတိုက်ဆိုင်နေတာကိုထောက်သောအားဖြင့် အလ္လာက မင်းတို့လို မလိမ်မိုးမလိမ်မာလေးတွေကို ဆုံးမဖို့အတွက် ပါပါကြီးကို လူ့ပြည်လွှတ်လိုက်တယ်ဆိုတာ ...