ဝီရသူဖောင်ဒေးရှင်းသတင်း







“ဝီရသူဖောင်ဒေးရှင်း ပွဲဦးထွက် ပညာရေးအလှူ”

ဝီရသူဖောင်ဒေးရှင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းကြသော လစဉ်အလှူရှင်များ၊ မ,တည်အလှူရှင်များ စာရင်းကို VK ၊ FB ၊ Blogspot ၊ Website တို့မှာ နေ့စဉ် သတင်းထုတ်ပြန်သွားမှာပါ။
မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်လျက်ရှိပြီး လစဉ်အလှူရှင်များ တစ်နှစ်စာပြည့်လျှင်လည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဖောင်ဒေးရှင်း၏ရည်ရွယ်ချက်မှာ အမျိုးဘာသာ သာသနာရေး အစဉ်တစိုက်ဆောင်ရွက်နေသော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ အမျိုးဘာသာ သာသနာအရေး ကူညီရေး၊ ကယ်ဆယ်ရေး၊ ပညာရေး၊ ပရဟိတလုပ်ငန်းများကို ထောက်ပံ့လှူဒါန်းလိုခြင်းဖြစ်ပါတယ်။

ယင်းရည်ရွယ်ချက်နှင့်အညီ ယခု ၂၀၁၈ အောက်တိုဘာလမှစပြီး ပထမအလှူတော်အဖြစ် ဆေးကျောင်းသား (၃)ဦးကို ဆရာတော်ဦးဝီရသူထံမှ တောင်းယူလွဲပြောင်းပြီး လစဉ် (၁)သိန်းကျပ်စီ ထောက်ပံ့သွားပါမယ်။
ကန့်ဘလူမြို့နယ်မှ မကွေးဆေးတက္ကသိုလ်တက်နေသော တတိယနှစ်ကျောင်းသားတစ်ဦး၊
ဝက်လက်မြို့နယ်မှ မကွေးဆေးတက္ကသိုလ်တက်နေသော တတိယနှစ်ကျောင်းသားတစ်ဦး၊
ပေါက်မြို့နယ်မှ တောင်ကြီးဆေးတက္ကသိုလ်တက်နေသော ဒုတိယနှစ်ကျောင်းသားတစ်ဦး၊
စုစုပေါင်း (၃)ဦးဖြစ်ပါတယ်။

ရွာအမည်များနှင့် ကျောင်းသားအမည်များကို ချန်ထားရခြင်းမှာ ကာယကံရှင်ကျောင်းသားများရှေ့ရေးကို ငဲ့ညှာသောကြောင့် ဖြစ်ပါတယ်။
စည်းကမ်းများမှာ စာမေးပွဲကျလျှင် မထောက်ပံ့တော့ပါ။
ကျောင်းပိတ်လျှင် မထောက်ပံ့တော့ပါ။
ရရှိကြောင်း အကြောင်းမပြန်လျှင် တစ်လရပ်ဆိုင်းပါသည်။

ဝီရသူဖောင်ဒေးရှင်း၏ ပထမအလှူတော်လေးကို ဖောင်ဒေးရှင်းအသင်းဝင်များနှင့်အတူ ပရိသတ်အများ သိမြင်သဒ္ဓါပွားခွင့်ရအောင် တင်ပြပေးလိုက်ပါတယ်။
ဆရာတော်ဦးဝီရသူ မကြေညာဘဲ တစ်နိုင်တစ်ပိုင် ပညာရေးစရိတ် ထောက်ပံ့မှုမှာ တစ်လလျှင် (၁၅)သိန်းခန့် ရှိပါသည်။

ကယ်-ကူ-ရိုင်းပင်း ဝီရသူဖောင်ဒေးရှင်း