Daily Archives: September 26, 2018
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
တော်သလင်းလဆန်း ၁၄ ရက် (23.9.2018)ရက်နေ့၊ မနက် အခမ်းအနားမစခင် ကြွရောက်လာသော သံဃာတော်များနှင့် လူပရိသတ်များကို ဧည့်ခံကျွေးမွေးပါတယ်။ မန်းမဟော်သဓာဝိုင်းတော်သားများ၊ မန်းမဘသဝိုင်းတော်သားများ၊ မန်းသမဂ္ဂဝိုင်းတော်သားများ၊ အမျိုးသားရေးအင်အားစုများ၊ နဂါးနီဝိုင်းတော်သားများနှင့် နယ်ခံကျေးရွာသူကျေးရွာသားများတက်ရောက်ကြပါတယ်။ စစ်ကိုင်းတိုင်း ဘကပညာရေးဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ချီးမြှောက်သလို စစ်ကိုင်းမြို့၊ သဒ္ဓမ္မပါလဆရာတော်လေး ဦးကောဝိဒ၊ အောင်မြေဦး ဘကကျောင်းဆရာတော်လေး ဦးဝိလာသ၊ လေးကျွန်းမြေအုဌ်ကျောင်းဆရာတော် ဒေါက်တာဓမ္မပိယ၊ ချောင်းမကြီးဆရာတော်လေးဦးကုဏ္ဍလနှင့် ၎င်း၏ဆရာသမားတို့လည်း ကြွရောက်ချီးမြှောက်ကြပါတယ်။မန်းမဘသထေရ်ကြီးဝါကြီးဆရာတော်များအပြင် ရဟန်းပျိုလေးများနှင့် ကျောက်ဆည်မဘသ ဆရာတော်လေး ဦးပဏ္ဍိတို့အဖွဲ့လည်း ကြွရောက်ကြပါတယ်။ “မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲ (၂)” တော်သလင်းလဆန်း ၁၄ ...
မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း
ဝီရသူဖောင်ဒေးရှင်းသတင်း
ဝီရသူဖောင်ဒေးရှင်း ပွဲဦးထွက် ပညာရေးအလှူ
ဝီရသူဖောင်ဒေးရှင်းသို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းကြသော လစဉ်အလှူရှင်များ၊ မတည်အလှူရှင်များ စာရင်းကို VK ၊ FB ၊ Blogspot ၊ Website တို့မှာ နေ့စဉ် သတင်းထုတ်ပြန်သွားမှာပါ။မတည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်လျက်ရှိပြီး လစဉ်အလှူရှင်များ တစ်နှစ်စာပြည့်လျှင်လည်း ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဖောင်ဒေးရှင်း၏ရည်ရွယ်ချက်မှာ အမျိုးဘာသာ သာသနာရေး အစဉ်တစိုက်ဆောင်ရွက်နေသော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ အမျိုးဘာသာ သာသနာအရေး ကူညီရေး၊ ကယ်ဆယ်ရေး၊ ပညာရေး၊ ပရဟိတလုပ်ငန်းများကို ထောက်ပံ့လှူဒါန်းလိုခြင်းဖြစ်ပါတယ်။ ...
ဝီရသူဖောင်ဒေးရှင်းမုဒိတာရပ်ဝန်းသတင်း
မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၉)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဆီစက်ဝင်း၊ ဦးဖြိုးကြွယ်+ဒေါ်မြိုင်မြိုင် မိသားစုက အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (22.9.2018) ယခုဆိုလျှင်ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁၅၀၀၀၀ ကျပ်၊အမရပူရမြို့  ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ်ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်၊ကိုဇော်ဇော်ထွန်း+မတင်တင်မြိုင်၊ သား-ထူးမြတ်ဇေယျာ၊ သမီး-သိင်္ဂီဝင့်ဇော်၊ ကျောက်ဝိုင်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး မိသားစုက အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်)၊ဦးသန်းဝင်း+ဒေါ်ခင်ချိုဝင်း၊ သမီး ခင်ဇာခြည်ဝင်း၊ သား စည်သူဝင်း၊ ...