မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း





“မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲ (၂)”

တော်သလင်းလဆန်း ၁၄ ရက် (23.9.2018)ရက်နေ့၊ မနက် အခမ်းအနားမစခင် ကြွရောက်လာသော သံဃာတော်များနှင့် လူပရိသတ်များကို ဧည့်ခံကျွေးမွေးပါတယ်။

မန်းမဟော်သဓာဝိုင်းတော်သားများ၊ မန်းမဘသဝိုင်းတော်သားများ၊ မန်းသမဂ္ဂဝိုင်းတော်သားများ၊ အမျိုးသားရေးအင်အားစုများ၊ နဂါးနီဝိုင်းတော်သားများနှင့် နယ်ခံကျေးရွာသူကျေးရွာသားများတက်ရောက်ကြပါတယ်။

စစ်ကိုင်းတိုင်း ဘကပညာရေးဥက္ကဋ္ဌဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ချီးမြှောက်သလို စစ်ကိုင်းမြို့၊ သဒ္ဓမ္မပါလဆရာတော်လေး ဦးကောဝိဒ၊ အောင်မြေဦး ဘကကျောင်းဆရာတော်လေး ဦးဝိလာသ၊ လေးကျွန်းမြေအုဌ်ကျောင်းဆရာတော် ဒေါက်တာဓမ္မပိယ၊ ချောင်းမကြီးဆရာတော်လေးဦးကုဏ္ဍလနှင့် ၎င်း၏ဆရာသမားတို့လည်း ကြွရောက်ချီးမြှောက်ကြပါတယ်။
မန်းမဘသထေရ်ကြီးဝါကြီးဆရာတော်များအပြင် ရဟန်းပျိုလေးများနှင့် ကျောက်ဆည်မဘသ ဆရာတော်လေး ဦးပဏ္ဍိတို့အဖွဲ့လည်း ကြွရောက်ကြပါတယ်။