၀ီရသူေဖာင္ေဒးရွင္းသတင္း

ဝီရသူေဖာင္ေဒးရွင္း အလွဴေတာ္ (၁)

ဝီရသူေဖာင္ေဒးရွင္းအတြက္ ျပင္သစ္ႏုိင္ငံေန ကိုေအာင္သက္ပိုင္+မေကခုိင္ေဌး၊ သမီး-အိသဲသက္ပုိင္၊ သား-ပုိင္ဂါမဏိမ်ဳိးခ်စ္ မိသားစုတုိ႔လွဴဒါန္းေသာ  အလွဴေငြ ၁၅၀၀၀၀ိ (တစ္သိန္း ငါးေသာင္းက်ပ္)ကို မိဘမ်ားျဖစ္ၾကေသာ ဦးဝင္းျမင့္ေဌး+ေဒၚခင္မမ(ေရႊမန္းေမအထည္ဆုိင္-မန္းၿမဳိ႕ေစ်း)မွ လွဴဒါန္းစဥ္။ (13.9.2018)ေရႊမန္းေမမိသားစုသည္ 13.9.2018 ရက္ေန႔၌ ဝီရသူေဖာင္ေဒးရွင္းအတြက္ အလွဴေငြ ၁၀၀၀၀၀ိ၊ 23.9.2018 ရက္ေန႔၌ အလွဴေငြ ၅၀၀၀၀ိ လွဴဒါန္းသည္ကို အလွဴေတာ္နံပါတ္ (၁)အျဖစ္ ထပ္မံေဖာ္ျပျခင္းျဖစ္ပါသည္။

အလွဴရွင္ ကိုေအာင္သက္ပိုင္ ေရႊမန္းေမမိသားစုႏွင့္အတူ အႏုေမာဒနာျပဳၾကကုန္ေသာ ပရိသတ္အေပါင္း သူေတာ္ေကာင္းတုိ႔သည္ ေပ်ာ္ရႊင္ခ်မ္းျမ ေဘးမခဘဲ လိုရာဆႏၵျပည့္၀ၾကပါေစ။
ဝီရသူေဖာင္ေဒးရွင္းကို အမရပူရၿမဳိ႕ MK ေက်ာက္မ်က္ရတနာလုပ္ငန္းပိုင္ရွင္ ဦးမုိးကို+ေဒၚခုိင္မာဝင္း မိသားစုတုိ႔က ပေဒသာပင္စုိက္ထူတည္ေထာင္ပါသည္။တည္ေထာင္သူ ဦးမုိးကို မိသားစုုတို႔က တစ္လလွ်င္ ၁၀ သိန္းက်ပ္ ထည့္ဝင္လွဴဒါန္းကာ သိန္း (၃၀၀)က်ပ္ ျပည့္သည္အထိ လွဴဒါန္းသြားမည္ျဖစ္ပါသည္။

ေဖာင္ေဒးရွင္း၏ အဓိကရည္ရြယ္ခ်က္မွာ ဝံသာႏုဓမၼကထိက အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစုိးရိမ္)၏ အမ်ဳိးဘာသာ သာသနာအတြက္ ကူညီေရး၊ ကယ္ဆယ္ေရး၊ ပညာေရး၊ ပရဟိတလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ အခက္အခဲမရွိေစရန္ ရည္ရြယ္၍ ဝန္းရံပံ့ပိုး ပါရမီျဖည့္ဆည္းဖုိ႔ ျဖစ္ပါသည္။ ဆရာေတာ္ အရွင္ဝီရသူသည္ နဂါးနီစုဘူးတည္ေထာင္၍လည္းေကာင္း၊ျပည္ခ်စ္သားဂ်ာနယ္၊ မဟာဝီရမဂၢဇင္း ထုတ္ေဝ၍လည္းေကာင္း၊ေလာကအလင္း ပညာဒါနက်ဴရွင္ေက်ာင္း၊ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း ဖြင့္လွစ္၍လည္းေကာင္း၊ ပါရမီပ်ဳိးခင္းေသြးလွဴအသင္း တည္ေထာင္၍လည္းေကာင္း၊ပညာသင္စရိတ္မတတ္ႏိုင္ေသာ တကၠသုိလ္ေက်ာင္းသူေက်ာင္းသားမ်ားအား ပညာေရးစရိတ္ ေထာက္ပံ့၍လည္းေကာင္း အမ်ဳိးဘာသာ သာသနာအတြက္ အားသြန္ခြန္စုိက္ ႀကဳိးပမ္းလ်က္ရွိပါသည္။ ဆရာေတာ္အား ေထာက္ပံ့လွဴဒါန္းေသာ (စပြန္ဆာေပးေသာ) ခရိုနီႀကီးမ်ား၊ ပါတီအဖြဲ႔အစည္းမ်ား လံုးဝ မရွိပါ။ ဆရာေတာ္၏ ဓမၼပူဇာအလွဴေငြမ်ားျဖင့္သာ ျပည္လည္ေထာက္ပံ့ေနျခင္းျဖစ္ပါသည္။ ယခုအခါ ေထာက္ပံ့စရိတ္မ်ား အခက္အခဲျဖစ္လာသျဖင့္ ဆရာေတာ္သက္သာရာရေစရန္ ဦးမုိးကိုမိသားစုက စတင္တည္ေထာင္လိုက္ျခင္းျဖစ္ပါသည္။ (ေလာေလာဆယ္ ဝီရသူေဖာင္ေဒးရွင္းအဖြဲ႔ ပြဲဦးထြက္အျဖစ္ ေရေဘးသင့္ျပည္သူမ်ားအား ပထမအႀကိမ္ သြားေရာက္လွဴဒါန္းခဲ့ပါသည္။ ဆန္အိတ္ေပါင္း (၄၇)အိတ္၊ အလွဴေငြက်ပ္(၂၂)သိန္းေက်ာ္ကို ေတာင္ငူၿမဳိ႕နယ္ ေနာင္ဘိုရြာ၊ ေျမာက္ဆင္ရြာေလး၊ ကၽြန္းေတာကုန္း စုစုေပါင္း ေက်းရြာ (၃)ခုရွိ ျပည္သူမ်ားအား (10.9.2018)ရက္ေန႔၌ ကိုယ္တုိင္ကိုယ္က် သြားေရာက္လွဴဒါန္းခဲ့ပါသည္။)

ဝီရသူေဖာင္ေဒးရွင္း အသင္းဝင္မ်ားသည္ တစ္လလွ်င္ ၅၀၀၀ က်ပ္စီ ထည့္ဝင္လွဴဒါန္း ကုသိုလ္ျပဳၾကပါမည္။လစဥ္အလွဴရွင္ကဒ္မ်ား ျပဳလုပ္ထားပါသည္။အသင္းမဟုတ္ေသာ္လည္း မိမိသဒၶါတရားအေလ်ာက္ ဆက္သြယ္လွဴဒါန္းႏုိင္ပါသည္။
ဆက္သြယ္ရန္

ဦးေအာင္ကိုဝင္း 09444010028

“ဝီရသူဖောင်ဒေးရှင်း အလှူတော် (၁)”

ဝီရသူဖောင်ဒေးရှင်းအတွက် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး၊ သမီး-အိသဲသက်ပိုင်၊ သား-ပိုင်ဂါမဏိမျိုးချစ် မိသားစုတို့လှူဒါန်းသော အလှူငွေ ၁၅၀၀၀ဝိ (တစ်သိန်း ငါးသောင်းကျပ်)ကို မိဘများဖြစ်ကြသော ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ(ရွှေမန်းမေအထည်ဆိုင်-မန်းမြို့ဈေး)မှ လှူဒါန်းစဉ်။ (13.9.2018)

ရွှေမန်းမေမိသားစုသည် 13.9.2018 ရက်နေ့၌ ဝီရသူဖောင်ဒေးရှင်းအတွက် အလှူငွေ ၁၀၀၀၀ဝိ၊ 23.9.2018 ရက်နေ့၌ အလှူငွေ ၅၀၀၀ဝိ လှူဒါန်းသည်ကို အလှူတော်နံပါတ် (၁)အဖြစ် ထပ်မံဖော်ပြခြင်းဖြစ်ပါသည်။

အလှူရှင် ကိုအောင်သက်ပိုင် ရွှေမန်းမေမိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဝီရသူဖောင်ဒေးရှင်းကို အမရပူရမြို့ MK ကျောက်မျက်ရတနာလုပ်ငန်းပိုင်ရှင် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုတို့က ပဒေသာပင်စိုက်ထူတည်ထောင်ပါသည်။ တည်ထောင်သူ ဦးမိုးကို မိသားစုတို့က တစ်လလျှင် ၁၀ သိန်းကျပ် ထည့်ဝင်လှူဒါန်းကာ သိန်း (၃၀၀)ကျပ် ပြည့်သည်အထိ လှူဒါန်းသွားမည်ဖြစ်ပါသည်။

ဖောင်ဒေးရှင်း၏ အဓိကရည်ရွယ်ချက်မှာ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ အမျိုးဘာသာ သာသနာအတွက် ကူညီရေး၊ ကယ်ဆယ်ရေး၊ ပညာရေး၊ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲမရှိစေရန် ရည်ရွယ်၍ ဝန်းရံပံ့ပိုး ပါရမီဖြည့်ဆည်းဖို့ ဖြစ်ပါသည်။ ဆရာတော် အရှင်ဝီရသူသည် နဂါးနီစုဘူးတည်ထောင်၍လည်းကောင်း၊ ပြည်ချစ်သားဂျာနယ်၊ မဟာဝီရမဂ္ဂဇင်း ထုတ်ဝေ၍လည်းကောင်း၊ လောကအလင်း ပညာဒါနကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ ပါရမီပျိုးခင်းသွေးလှူအသင်း တည်ထောင်၍လည်းကောင်း၊ ပညာသင်စရိတ်မတတ်နိုင်သော တက္ကသိုလ်ကျောင်းသူကျောင်းသားများအား ပညာရေးစရိတ် ထောက်ပံ့၍လည်းကောင်း အမျိုးဘာသာ သာသနာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိပါသည်။

ဆရာတော်အား ထောက်ပံ့လှူဒါန်းသော (စပွန်ဆာပေးသော) ခရိုနီကြီးများ၊ ပါတီအဖွဲ့အစည်းများ လုံးဝ မရှိပါ။ ဆရာတော်၏ ဓမ္မပူဇာအလှူငွေများဖြင့်သာ ပြည်လည်ထောက်ပံ့နေခြင်းဖြစ်ပါသည်။ ယခုအခါ ထောက်ပံ့စရိတ်များ အခက်အခဲဖြစ်လာသဖြင့် ဆရာတော်သက်သာရာရစေရန် ဦးမိုးကိုမိသားစုက စတင်တည်ထောင်လိုက်ခြင်းဖြစ်ပါသည်။

(လောလောဆယ် ဝီရသူဖောင်ဒေးရှင်းအဖွဲ့ ပွဲဦးထွက်အဖြစ် ရေဘေးသင့်ပြည်သူများအား ပထမအကြိမ် သွားရောက်လှူဒါန်းခဲ့ပါသည်။ ဆန်အိတ်ပေါင်း (၄၇)အိတ်၊ အလှူငွေကျပ်(၂၂)သိန်းကျော်ကို တောင်ငူမြို့နယ် နောင်ဘိုရွာ၊ မြောက်ဆင်ရွာလေး၊ ကျွန်းတောကုန်း စုစုပေါင်း ကျေးရွာ (၃)ခုရှိ ပြည်သူများအား (10.9.2018)ရက်နေ့၌ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။)

ဝီရသူဖောင်ဒေးရှင်း အသင်းဝင်များသည် တစ်လလျှင် ၅၀၀၀ ကျပ်စီ ထည့်ဝင်လှူဒါန်း ကုသိုလ်ပြုကြပါမည်။ လစဉ်အလှူရှင်ကဒ်များ ပြုလုပ်ထားပါသည်။ အသင်းမဟုတ်သော်လည်း မိမိသဒ္ဓါတရားအလျောက် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်သွယ်ရန် ဦးအောင်ကိုဝင်း 09444010028