သတင္း

ထုိင္းဘုရားဖူးအဖြဲ႔ အလွဴေတာ္

နယုန္လဆုတ္(၂)ရက္၊ 31.5.2018 ရက္ေန႔၊ ညေန ၃း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေက်းရြာ၊ ေစ်းဆိပ္ရပ္ကြက္၊ ဓမၼေစတီေက်ာင္းတုိက္၊ မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းမွာ က်င္းပပါတယ္။

မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း ဆရာ ဆရာမမ်ားႏွင့္ သူေက်ာင္းသားေလးမ်ားအား ေရသန္႔ဘူးႏွင့္ မုန္႔မ်ား ေပးလွဴၾကတာပါ။

ဆရာ ဆရာမမ်ား လစာထုတ္ရက္ႏွင့္ႀကဳံလို႔ ဘုရားဖူးအဖြဲ႔ သေဘာက်ေနၾကပါတယ္။ ထုိင္းဆရာေတာ္ႀကီးက အသက္အရြယ္ႀကီးၿပီမုိ႔ တည္းခိုေဆာင္မွာပဲ က်န္ခဲ့ပါတယ္။ ဦးဇင္းႀကီးတစ္ပါး သီလရွင္တစ္ပါးႏွင့္ အမ်ဳိးသမီးတစ္ဦးတို႔ပဲ မင္းကြန္းမွာ လွည့္လည္ဘုရားဖူးၾကတာပါ။

မင္းကြန္းသို႔ ေမာ္ေတာ္ငွားသြားၾကၿပီး မင္းကြန္းမွာ သံုးဘီးဆုိင္ကယ္ငွားၿပီး ဘုရားလွည့္လည္ဖူးၾကတာပါ။ ေမာ္ေတာ္ေပၚမွာ သီလရွင္ဆရာေလးက ဗုဒၶဘာသာႏွင့္ အမ်ဳိးသမီးအခြင့္အေရးအေၾကာင္းေတြ သိခ်င္တယ္ဆိုလုိ္႔ ေျပာျပေပးျဖစ္ပါတယ္။ ထိုင္းသံဃာေတြအေပၚ ဘယ္လိုျမင္လဲေမးလို႔ ကိုယ္ျမင္တဲ့အတုိင္းပဲ ေျဖခဲ့ပါတယ္။

သီလရွင္ဆရာေလးအဖြဲ႔ အားရပါးရ လက္ခုပ္တီးၿပီး ေပ်ာ္ေနတာ ႏွစ္ခါေတြ႔ရပါတယ္။ ပထမတစ္ခါတုန္းက စာေရးသူ တရားေဟာခြင့္ ျပန္ရၿပီလို႔ ေျပာလုိက္တဲ့အခါ၊

ဒုတိယကေတာ့ မင္းကြန္းျခေသၤ့ႀကီးနားကေန သံုးဘီးဆိုင္ကယ္နဲ႔ ကုန္းေပၚအတက္ ကားလမ္းေပၚေရာက္တဲ့အခါ အားရပါးရႀကီး လက္ခုပ္တီးၿပီး ေပ်ာ္ၾကတာပါ။

မင္းကြန္းျမစ္ဆိပ္ကေန ကုန္းေပၚတက္တဲ့လမ္းက မတ္ေစာက္သလုိ က်င္းေတြ ခ်ဳိင့္ေတြလည္း ေပါပါတယ္။ သုံုးဘီးဆုိင္ကယ္ေလးနဲ႔ လူေတြအမ်ားႀကီးတင္ၿပီး ဒီကုန္းႀကီးကို တက္ႏိုင္တာ အံ့ၾသၿပီး အားရပါးရ လက္ခုပ္တီးၾကျခင္း ျဖစ္ပါတယ္။

 

 

“ထိုင်းဘုရားဖူးအဖွဲ့ အလှူတော်”

နယုန်လဆုတ်(၂)ရက်၊ 31.5.2018 ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ ဈေးဆိပ်ရပ်ကွက်၊ ဓမ္မစေတီကျောင်းတိုက်၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ကျင်းပပါတယ်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဆရာ ဆရာမများနှင့် သူကျောင်းသားလေးများအား ရေသန့်ဘူးနှင့် မုန့်များ ပေးလှူကြတာပါ။ ဆရာ ဆရာမများ လစာထုတ်ရက်နှင့်ကြုံလို့ ဘုရားဖူးအဖွဲ့ သဘောကျနေကြပါတယ်။

ထိုင်းဆရာတော်ကြီးက အသက်အရွယ်ကြီးပြီမို့ တည်းခိုဆောင်မှာပဲ ကျန်ခဲ့ပါတယ်။ ဦးဇင်းကြီးတစ်ပါး သီလရှင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့ပဲ မင်းကွန်းမှာ လှည့်လည်ဘုရားဖူးကြတာပါ။ မင်းကွန်းသို့ မော်တော်ငှားသွားကြပြီး မင်းကွန်းမှာ သုံးဘီးဆိုင်ကယ်ငှားပြီး ဘုရားလှည့်လည်ဖူးကြတာပါ။

မော်တော်ပေါ်မှာ သီလရှင်ဆရာလေးက ဗုဒ္ဓဘာသာနှင့် အမျိုးသမီးအခွင့်အရေးအကြောင်းတွေ သိချင်တယ်ဆိုလို့် ပြောပြပေးဖြစ်ပါတယ်။ ထိုင်းသံဃာတွေအပေါ် ဘယ်လိုမြင်လဲမေးလို့ ကိုယ်မြင်တဲ့အတိုင်းပဲ ဖြေခဲ့ပါတယ်။ သီလရှင်ဆရာလေးအဖွဲ့ အားရပါးရ လက်ခုပ်တီးပြီး ပျော်နေတာ နှစ်ခါတွေ့ရပါတယ်။

ပထမတစ်ခါတုန်းက စာရေးသူ တရားဟောခွင့် ပြန်ရပြီလို့ ပြောလိုက်တဲ့အခါ၊ ဒုတိယကတော့ မင်းကွန်းခင်္သြေ့ကြီးနားကနေ သုံးဘီးဆိုင်ကယ်နဲ့ ကုန်းပေါ်အတက် ကားလမ်းပေါ်ရောက်တဲ့အခါ အားရပါးရကြီး လက်ခုပ်တီးပြီး ပျော်ကြတာပါ။

မင်းကွန်းမြစ်ဆိပ်ကနေ ကုန်းပေါ်တက်တဲ့လမ်းက မတ်စောက်သလို ကျင်းတွေ ချိုင့်တွေလည်း ပေါပါတယ်။ သုံးဘီးဆိုင်ကယ်လေးနဲ့ လူတွေအများကြီးတင်ပြီး ဒီကုန်းကြီးကို တက်နိုင်တာ အံ့သြပြီး အားရပါးရ လက်ခုပ်တီးကြခြင်း ဖြစ်ပါတယ်။