သတင်း





ဝီရသူ (မစိုးရိမ်)

6.6.2018

 

“အနီအကြောင်တွေ မျက်စိနောက်စေသတည်း”

ကာချုပ်ကြီးဆွမ်းလာကပ်တဲ့ 30.5.2018 နေ့ကပါ။ မိုးရွာနေလို့ မဏ္ဍပ်ထိုးပြီး ဆွမ်းမလောင်းနိုင်ဘဲ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီး ပထမထပ်မှာ တပ်မတော်သားတွေနဲ့ အရာရှိကတော်တွေ ဆွမ်းလောင်းလှူကြရင်း အချိန်ရခိုက်လေး ဓာတ်ပုံရိုက်ခွင့်တောင်းပြီး စာရေးသူနှင့် အပြေးအလွှား ဓာတ်ပုံရိုက်ယူသွားကြပါတယ်။

မည်သူမည်ဝါတွေမှန်းလည်းမသိ၊ မည်သည့်အဆင့်မှန်းလည်းမသိ၊ မည်သည့်ရာထူးမှန်းလည်းမသိပါ။ တပ်မတော်သားဆိုရင်ကိုပဲ အလိုလို သဒ္ဓါပိုမိနေတာပါဗျာ။

အရင်တုန်းကနဲ့ မတူတော့ဘူးပေါ့။ အရင်တုန်းက စစ်သားမြင်ရင် ကြည့်မရ။ ပင်နီမြင်မှ ကြည့်လို့ရ။ အခုတော့ စစ်သားမြင်မှ စိတ်ချမ်းသာ။ ပင်နီမြင်တိုင်း သာသနာဖျက်တွေထင်ပြီး စိုးရိမ်တကြီးဖြစ်ကြရပြီပေါ့ဗျာ။ ဒါလည်း ပြောင်းလဲခြင်းတစ်မျိုးပါပဲဗျာ။

ဝီရသူ (မစိုးရိမ်)
6.6.2018