ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း








ကဗျာများပေးပို့ရန်
09.260067700
09.444637969
09.781601969

ဝီရသူ (မစိုးရိမ်)
5.6.2018

 

“မွေးနေ့ သွေးလှူဒါန်းပွဲကျင်းပမည်”

26.6.2018 ရက်နေ့တွင် ကျရောက်မည့် ရွှေရတု မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပသွားပါမယ်။
နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ စာရေးသူရဲ့ဇာတိ ကျောက်ဆည်မြို မိခင်စာသင်တိုက် မင်းကုန်းကျောင်းမှာ ကျင်းပမှာပါ။

အနယ်အရပ်ရပ်ရှိ မျိုးချစ်သံဃာတော်များ၊ မျိုးချစ်ပြည်သူများ ကြွရောက်သွေးလှူဒါန်းနိုင်ပါတယ်။ အမျိုးသားရေးအဖွဲ့အားလုံးကိုလည်း ဖိတ်စာဖြင့် သီးခြားဖိတ်ကြားပါမယ်။

အထူးထုတ်မဂ္ဂဇင်းထုတ်ဝေခြင်း၊ မွေးနေ့ကိတ် လှီးခြင်း စသည်တို့ မပါဝင်ပါ။ အစီအစဉ်တစ်ခုတော့ အမှတ်တရ ထည့်သွင်းထားပါတယ်။ ကဗျာပြိုင်ပွဲနှင့် ကဗျာရွတ်ပွဲဖြစ်ပါတယ်။

အမျိုးသားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ စီးပွားရေးအကြောင်း၊ ဘာသာ သာသနာရေးအကြောင်း၊ ယဉ်ကျေးမှုအကြောင်း၊ အမျိုးသားရေးခေါင်းဆောင် ဆရာတော်များအကြောင်း ရေးသားပေးပို့နိုင်ပါတယ်။

ဆုအားလုံးအတွက် ဆုငွေနှင့် အမှတ်တရဆုတံဆိပ်များ ပေးအပ်သွားမှာပါ။ ၎င်းကဗျာများကို ကဗျာဆရာကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ရွတ်ဖတ်၍ ပြိုင်ပွဲဝင်ရပါမယ်။ ဒိုင်အမှတ် ပရိသတ်အမှတ် အနည်းအများကိုကြည့်၍ ရွေးချယ်သွားပါမယ်။

ယနေ့ 5.6.2018 ရက်နေ့မတိုင်မီ ရေးသားခဲ့ဖူးသော ကဗျာများ မဖြစ်စေရပါ။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဖေ့စ်ဘုတ်၊ တွတ်တာ စသည်တို့တွင် ပါဝင်ပြီးသော ကဗျာများမဖြစ်စေရပါ။

ပုံနှိပ်မီဒီယာဖြစ်စေ၊ အွန်လိုင်းမီဒီယာဖြစ်စေ မည်သည့်မီဒီယာမှာမှ မပါဝင်ဖူးသော ကဗျာအသစ်စက်စက်များသာ ဖြစ်ရပါမယ်။
ဆုရကဗျာများကို အမှတ်တရစာအုပ်ထုတ်ဝေပြီး မေတ္တာလက်ဆောင် ဓမ္မဒါနပြုသွားပါမယ်။

ကဗျာများပေးပို့ရန်
09.260067700
09.444637969
09.781601969
(ဗိုက်ဘာဖြင့်သာ ပေးပို့ပါရန်)

ဝီရသူ (မစိုးရိမ်)
5.6.2018