သတင်း

သံဃာတွေစည်းလုံးမှု ပျက်ပြားနေပါပြီဆိုတာဟာ နိုင်ငံရေးစကားတွေပါ(၂)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်)
==========================================================

မေး – စောစောကမေးခွန်းနဲ့ တစ်ဆက် တည်းပေါ့ဘုရား။ ဗန်းမော်ဆရာတော် ကြီးရဲ့ နှစ်မိနစ်စာလောက်ရှိတဲ့ ဗီဒီ ယိုဖိုင်အတိုကလေးတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်ဘုရား။ အဲဒီထဲမှာ မဘသကြီးပေါ်လာပြီးမှ သံ ဃာတွေ မညီမညွတ်ဖြစ်နေတယ်ဆိုတဲ့ ပြောကြားချက်တစ်ခုလည်း ပါဝင်ပါ တယ်ဘုရား။ တပည့်တော်တို့သိထား တဲ့ ပကတိလက်တွေ့အခြေအနေမှာ တော့ မဘသကြောင့် သံဃာတွေ ပို ညီညွတ်လာတာကိုပဲ တွေ့ရပါတယ် ဘုရား။ ဆိုတော့ ဆရာတော်ကြီးတွေ ဆီ သတင်းအမှားတွေရောက်နေတယ် လို့များ ပြောလို့ရနိုင်မလားဘုရား။

ဖြေ – ဆရာတော်ကြီးတွေဆီကို သတင်း အချက်အလက်အမှားတွေကို ရည်ရွယ်ချက် ရှိရှိ ပေးပို့နေတဲ့သူတွေ ရှိပါတယ်။
အဲဒါက တော့ မဘသစတင်ဖွဲ့စည်းကတည်းကပါ။ အခုနောက်ပိုင်းတော့ ပိုဆိုးလာတာပေါ့။

ဥပမာ ပြီးခဲ့တဲ့မေလတုန်းက ဦးဇင်း မောင်တောကိုသွားခဲ့တယ်၊ အဲဒီခရီးစဉ်မှာ ဦးဇင်းကို ရဟတ်ယာဉ်နဲ့တောင် ခရီးစဉ် တစ်လျှောက်လုံးလိုက်ပို့တယ်လို့ နိုင်ငံတော် သံဃမဟာနာယက တွဲဘက်အကျိုးတော်ဆောင် ဆရာတော်တစ်ပါးက မြန်မာပို့စ်ဂျာနယ်မှာ ပြောထားတာရှိပါ တယ်။ တကယ်တမ်းကျတော့ မဟုတ်ပါ ဘူး၊ ဦးဇင်းမှာ ရဟတ်ယာဉ်ကို အနီးကပ် တောင် မမြင်ဘူးပါဘူး။ စီးဖူးဖို့ဆိုတာ နေ နေသာပေါ့နော်။ စစ်တပ်နဲ့လည်းပဲ ဦးဇင်း တို့က အဲဒီလောက်ထိအောင် ထဲထဲဝင်ဝင် ဆက်ဆံမှုတွေ မရှိပါဘူး။

ကလေးတွေကတောင် မယုံနိုင်တဲ့ ဒီ သတင်းစကားကို နိုင်ငံတော်သံဃာမဟာ နာယကအဖွဲ့ထဲက တွဲဖက်အကျိုးတော်ဆောင် အဆင့်ရှိတဲ့ ဆရာတော်ကြီးတွေက ယုံ ကြည်နေတယ်ဆိုတော့ ဆရာတော်ကြီးတွေ ယုံကြည်လောက်အောင် ပြောနိုင်တဲ့ သူတွေ ရှိလို့ပေါ့။

အဲဒါကို ထောက်သောအားဖြင့် ဦးဇင်းတို့နဲ့ ဆရာတော်ကြီးတွေနဲ့ သွေးခွဲ တဲ့သူတွေရှိတယ်လို့ သေချာပေါက် ပြောလို့ ရ တာပေါ့။

အခုလည်း ဗန်းမော်ဆရာတော်ကြီးကို အဲဒီလျှောက်လို့ အဲဒီပုံစံမျိုး ထင်မြင် သွားပေမယ့် ပြေလည်ရာပြေလည်ကြောင်း ဆုံးမ ထားတာတွေ့ရပါတယ်။

တကယ်တမ်းကျတော့ မဘသပေါ် လာမှ ဂိုဏ်းကြီးကိုးဂိုဏ်းဟာ စုစည်းမိသွား ပြီးတော့ ရန်သူအစစ် အန္တရာယ်အစစ်ကို ပူးပေါင်းကာကွယ်လိုစိတ်တွေ ပေါ်ပေါက် လာခဲ့ကြတာပါ။
မဘသပေါ်လာမှ သံဃာ ညီညွတ်မှုက ပိုပြီး အားကောင်းလာတာ။
အွန်လိုင်းပေါ်မှာ တစ်ပါးစနှစ်ပါးစ တွေ့ရုံနဲ့ နိုင်ငံရေးဘုန်းကြီးတစ်ပါးစနှစ်ပါးစ တောင်အော်မြောက်အော်လျှောက်အော်ရုံ လေးနဲ့ သံဃာတွေ ဂိုဏ်းကွဲနေပါပြီတို့ – မညီမညွတ်ဖြစ်နေပါပြီ၊ စည်းလုံးမှု ပျက်ပြားနေပါပြီတို့ဆိုတာ ဟာ နိုင်ငံရေးစကားတွေပါ။လက်တွေ့ မကျပါဘူး။ မဘသကို အပြစ်ဖို့ဖို့ အကြောင်းပြချက်ကလေးတွေ ဆင်ခြေ လေးတွေဖြစ်သွားတာပေါ့။

မေး – ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် မေလထဲမှာတုန်းက ကျင်းပခဲ့တဲ့ ဂိုဏ်း ပေါင်းစုံ သံဃာ့အစည်း အဝေးကြီး ဆီကို အရှင်ဘုရား ပေးပို့ထားတဲ့ အကြံ ပြုလျှောက် ထားလွှာတွေကို အရှင် ဘုရားရဲ့ လူမှုကွန်ယက်စာမျက်နှာ တွေပေါ်မှာ ရေးထားတာ တွေ့ရပါ တယ်ဘုရား။ ဂိုဏ်းပေါင်းစုံအစည်း အဝေးကြီးရဲ့ သဘောသဘာဝက ဘယ်လိုရှိသလဲဆိုတာနဲ့ အရှင်ဘုရား ရဲ့ တင်ပြလျှောက်ထားချက်တွေ အခု အချိန်မှာ ဘယ်လောက်ထိ အသက် ဝင်နေပြီလဲဆိုတာ သိချင်ပါတယ် ဘုရား။

ဖြေ – ဂိုဏ်းပေါင်းစုံအစည်းအဝေးကြီး မတိုင်ခင်တုန်းက သံဃာ့အခြေခံစည်း မျဉ်းပေါ့၊ လူတွေလိုပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့၊
အဲဒါတွေကို ခေတ်နဲ့မလျော်ညီတဲ့အတွက်ကြောင့် ပြင် ဆင်ကြမယ်ဆိုတဲ့ နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်တွေရဲ့ အစီအစဉ် ပေါ့။
အဲဒီအစီအစဉ်အတိုင်း တိုင်းနဲ့ပြည် နယ် အသီးသီးမှာရှိတဲ့ သံဃာတော်တွေ ဆီကနေ အကြံဥာဏ် တွေတောင်းကြ တာပေါ့။
ဦးဇင်းတို့ကလည်း ဦးဇင်းတို့ရဲ့ အကြံဥာဏ်တွေကို ကမ္ဘာအေးကို ပေးပို့ ခဲ့ကြတာပေါ့။
တကယ်တမ်းကျတော့ သံဃာအ စည်းအဝေးကြီးက တအားကြီး ကြီးကျယ် သွားတာ။
ကမ္ဘာအေး မဟာပါသာဏလိုဏ် ဂူတော်ကြီးထဲမှာ ကျင်းပတာကိုး။
တအားကြီး ကြီးကျယ်သွားတော့ ဒီအခြေခံစည်း မျဉ်းပြင်တဲ့အဆင့်ထိ မရောက်တော့ဘဲ သဘောလောက်ကလေးပဲ ပြင်ဆင်လိုက် ကြတာပေါ့။

အဲဒီဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အ စည်းကြီးခေါ်နိုင်ဖို့ကလည်းပဲ ဆယ်နှစ် တစ်ခါတောင် မလွယ်ပါဘူး။
မဆလ လက်ထက်မှာပဲ ခေါ်နိုင်ခဲ့ပြီး စစ်အစိုးရ လက်ထက်မှာ မခေါ်နိုင်ခဲ့ဘူး။ နှစ်ပေါင်း ၃ဝ ကျော်မှ ဂိုဏ်းပေါင်းစုံအစည်းအဝေး ကြီးပေါ်ပေါက်လာတာပေါ့။
ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးမတိုင်ခင် အကြံဥာဏ် တွေတောင်းခံလို့ အဲဒီကတည်းက ပို့ထား တဲ့ လျှောက်ထားတဲ့စာတွေပါ။

မေး-အစည်းအဝေးကြီးကျင်းပပြီးချိန်မှာ အရှင်ဘုရားတို့ဘက်က အ ကြံပြုတာတွေကို ပြင်ဆင်တာမျိုး၊ အကောင်အထည်ဖော်တာမျိုးတွေကော ရှိလားဘုရား။

ဖြေ – ဦးဇင်းတင်မကဘူး။ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ တင်ပြကြတာလေ။ တင်ပြတဲ့အထဲမှာ သံဃနာယက ဆရာ တော်တွေလည်းပါတယ်၊ စာသင်တိုက် အသီးသီးက ဆရာတော်တွေလည်းပါ တယ်၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အချို့လည်းပါတယ်။
တကယ့်ကို သာသနာစိတ်အပြည့် အဝရှိတဲ့ ဆရာတော်တွေက တင်ပြထား ကြတာ။ ဒါပေမဲ့ အဲဒါတွေက အမှိုက်တောင်းထဲ ရောက်သွားပြီပေါ့ကွာ။

မေး – ဒီနေ့ပဲ မဘသဗဟိုက ဆိုင်း ဘုတ်ပြောင်းလဲပြီး တင်တာကိုတွေ့ ရပါတယ်ဘုရား။ ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းပေါ့ဘုရား။ ထူးခြားတာ က ဆိုင်းဘုတ်မှာ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ စာ သားကို ပြန်လည်အသုံးပြုထားတာ ကိုလည်းတွေ့ရတယ်ပေါ့ဘုရား။
မနက်ဖြန်ကလည်း ဇူလိုင် ၁၅ ရက် ဆိုတော့ အရှင်ဘုရားတို့ မန်းမဘသ ဆိုင်းဘုတ် ဖြုတ်၊ မဖြုတ်ဆိုတာကို သိချင်ပါတယ်ဘုရား။

ဖြေ – တကယ်တမ်းပြောရမယ်ဆိုရင် ၁၅ ရက်နေ့ဟာ သူတို့သတ်မှတ်ထား တဲ့ နောက်ဆုံးရက်ပေါ့၊ နောက်ဆုံးရက် ပြည့် တာနဲ့တစ်ပြိုင်နက် ဖြိုကြဟေ့၊ ဖျက်ကြ ဟေ့ဆိုတာကြီးကတော့ မင်းမဲ့စရိုက်ဆန် တာပေါ့။
အစိုးရတစ်ခုအနေနဲ့ လုပ်ထုံးလုပ် နည်းအရ လုပ်ရမယ်ဆိုရင်တော့ မူလ လမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက် သွားမယ်ဆိုတာ သိရတယ်၊ ဆိုင်ရာ သာ သနာရေးဌာနတို့၊ ဆိုင်ရာ ဆိုင်ရာ သံဃာ နာယကတို့က သာသနာရေးဝန်ကြီးတို့၊ နိုင်ငံတော် သံဃမဟာနာယကတို့ အဆီတင်ရမှာလေ။
အဲဒီလို စာရင်းပြုစုတင်ရမယ်၊ နိုင် ငံတော်သံဃမဟာနာယက ဆရာတော်တွေက ဒါကို ဘယ်လိုဆက်လက် ဆောင်ရွက်ရမယ်ဆိုတာရယ်၊ သာသနာ ရေးဌာနက ဒါတွေကို ဘယ်လို အရေး ယူဆောင်ရွက်ရမယ်ဆိုတာရယ် အဲဒါ မျိုး ဆွေးနွေးရမယ်။

ဆက်ဆွေးနွေးမယ့်အထဲမှာမှ အ ဖြေက ဒီဘက်အကြောင်းပြတဲ့အချက် သုံးချက်ရှိတယ်။
သံ/စည်းကိုလည်း မဆန့် ကျင်ဘူး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့လည်း ညီတယ်။ အသင်းအဖွဲ့ ဥပဒေနဲ့လည်း ညီတယ်။ ဒီလိုအကြောင်း ပြထားပါတယ်။ ဒါတွေကို ဘယ်လိုဆက် လက်လုပ်ရမလဲဆိုတာ အစိုးရအဖွဲ့မှာ တင်ပြရမယ်၊ အစိုးရအဖွဲ့အစည်းအဝေး မှာက ဆုံးဖြတ်ချက်တစ်ခုချရမှာလေ။

ဥပမာ စုံစမ်းစစ်ဆေးရေး ကော်မ တီဖွဲ့မယ်၊ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့ပြီးတော့ သူတို့ တင်ပြတဲ့အတိုင်း ဟုတ် မဟုတ်ဆိုတာရယ်၊ နိုင်ငံတော် သံဃ မဟာနယက ကြေညာချက်ထုတ်တဲ့အ တိုင်း ဟုတ်မဟုတ်ဆိုတာရယ် ဒါတွေ ကို လေ့လာရမှာပေါ့။

လေ့လာပြီးမှ ဥပဒေနဲ့ ငြိစွန်းခဲ့ ရင် ဘယ်လိုအရေးယူရမယ်ဆိုတာကို ဆုံးဖြတ်ရမယ်၊
ဥပဒေနဲ့ ညီညွတ်တယ် ဆိုရင် ဆက်လက်ရပ်တည်ခွင့် ရှိတယ် ဆိုတာကို ကြေညာပေးရမယ်၊

အဲဒီလို လုပ်ရမှာက ဒီ အစိုးရရဲ့တာဝန်ပေါ့။ အဲဒီ လိုမဟုတ်ဘဲ နဝတလက်ထက်တုန်းက လို ဇွတ်အတင်းလုပ်မယ်ဆိုရင်တော့ လူ ကြမ်းပြီးတော့ လူရိုင်းတက်လာတယ်၊ လူ ကြမ်းအစိုးရပြီးတော့ လူရိုင်းအစိုးရတက် လာတယ်လို့ပဲ သတ်မှတ်ရမှာပေါ့။

မေး – ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းရဲ့ ပထမဆုံးကြေညာချက်မှာ အ မျိုးဘာသာ သာသနာစောင့်ရှောက် ရေးကို ဆက်လက်လုပ်ဆောင်ရန် လုပ်ငန်းစဉ်တွေထဲမှာ နံပါတ် ၄ နေရာလောက်မှာ ထားရှိပြီး အခု အချိန်မှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးဆိုတဲ့ စကားလုံး ပြန်သုံးတာနဲ့ပတ်သက်ပြီး အရှင်ဘုရား အနေနဲ့ ဘာပြောစရာရှိပါသလဲ ဘုရား။

ဖြေ – ပြောရရင်တော့ မငြိမ်သေးဘူး ပေါ့လေ။ မငြိမ်သေးဘူးဆိုတာကလည်း ဖိအားအမျိုးမျိုး၊ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကြုံ နေရတာကြောင့်ပါ။
အေးဆေးသွားရင် တည်ငြိမ်သွားပြီး အမျိုးသားရေကို ပြန်လည်ဦးစားပးလာပါလိမ့်မယ်။

မေး – အမျိုးသားရေးသမားတွေ အတွက် အားပေးစကားလေး ပြောပေးပါဦးဘုရား။

ဖြေ – ခံယူချက်ပေါ့။ အမျိုးသားရေး ညီအစ်ကိုမောင်နှမတွေကို ပြောချင်တာ က အရှင်ပုဏ္ဏမထေရ်လို ခံယူချက်မျိုး မွေးကြပါ။ အရှင်ပုဏ္ဏမထေရ်လို ခံယူ ချက်မျိုး မွေးမြူပါမှ ဖိအားအမျိုးမျိုးဒဏ် ခံနိုင်မှာ၊ အန္တရာယ်အမျိုးမျိုးကို ရင်ဆိုင် နိုင်မှာ၊ အခက်အခဲအမျိုးမျိုးကို ကျော် လွှားနိုင်မှာပါ။ လိုရာပန်းတိုင်ရောက်ဖို့ အတွက် အရှင်ပုဏ္ဏလိုခံယူချက်မျိုးနဲ့ အ မျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ကြပါလို့ တိုက်တွန်းပါတယ်။

ငြိမ်းချမ်းသာ
(ဆက်သွယ်မေးမြန်းသည်)