သတင်း

အထူးအစည်းအဝေး အမှတ်​ – ၁/၂၀၂၀

အထူးအစည်းအဝေး အမှတ်​ – ၁/၂၀၂၀

📜📜 ထုတ်​ပြန်​​ကြေညာချက်​ 📜📜

၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်)

၁။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း

နာယကဆရာတော် ဘဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်)

သည် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းစံ

ဘဝဖြင့် သီတင်းသုံးနေထိုင်ရသည်မှာ ယနေ့ (၂၀၂၀ ပြည့်နှစ်၊

ဒီဇင်ဘာလ ၃ ရက်) တွင် တစ်လတိတိ ပြည့်မြောက်ပြီဖြစ်ပြီး

ကျန်းမာရေးကောင်းမွန်ကြောင်း သိရပါသည်။

၂။ ဆရာတော် စတင်အကျဉ်းချခံရသည့် ၂၀၂၀ ပြည့်နှစ်၊

နိုဝင်ဘာလ ၃ ရက်မှစ၍ ယနေ့အထိ ရုံးချိန်းရက်များတွင်

ကိုဗစ်ကာလကန့်သတ်ချက်ရှိနေသဖြင့် ဆရာတော်အပါအဝင်

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများကို ရုံးထုတ်

စစ်ဆေးခြင်းမပြုဘဲ အကျဉ်းထောင်အတွင်း၌သာ Video

Conferencing စနစ်ဖြင့် ရုံးချိန်းများပေးလျက်ရှိကြောင်း

သိရပါသည်။

၃။ မိမိတို့ ဝီရဝံသအဖွဲ့အနေဖြင့် ဆွမ်းဟင်းနှင့် လိုအပ်ရာရာ

ပစ္စည်းများကို ဆရာတော်ထံသို့ အပတ်စဉ် ပေးပို့လှူဒါန်း

လျက်ရှိပြီး ဆရာတော်၏ ကျန်းမာရေးအခြေအနေ၊

သီတင်းသုံးနေထိုင်ရေးအခြေအနေများကို အမြဲမပြတ်

စုံစမ်း၍ လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးလျက်

ရှိပါသည်။

၎။ ယခုအခါ ဆရာတော်နှင့်ပတ်သက်၍ ကောလာဟလ

အမျိုးမျိုးကို ဖြန့်ချိနေသည့်သတင်းများ ကြားသိ၊ ကြုံ​တွေ့

နေရပါသည်။

၅။ သို့ဖြစ်ပါ၍ ဆရာတော်၏ မှာကြားချက်စာအရလည်း

ကောင်း၊ အကျဉ်းထောင်တွင် လက်မှတ်ရေးထိုးတင်ပြထား

ချက်အရလည်းကောင်း ဆရာတော်နှင့်တွေ့ဆုံဆက်သွယ်

ခွင့်ရရှိထားသော ဝီရဝံသအဖွဲ့၏ သတင်းထုတ်ပြန်ချက်များ

သည်သာ အမှန်ဖြစ်ကြောင်း၊ အခြားကောလာဟလ

သတင်းများကို မယုံကြည်ကြပါရန်​နှင့် သတင်းအမှန်သိလို

ပါက ဝီရဝံသအဖွဲ့ထံသို့သာ တိုက်ရိုက်ဆက်သွယ် စုံစမ်း

မေးမြန်းကြပါရန် အထူးအသိပေးထုတ်ပြန်အပ်ပါသည်။

#ဝ;ီရဝံသအဖွဲ့

________________________

ဘဒန္တကေသရ – ၀၉ ၆၈၆၈၂၆၉၀၄

ဦးဝင်းကိုကိုလတ် – ၀၉ ၇၇၂၁၇၇၉၆၉

ဦးလပြည့်ဇင် – ၀၉ ၄၅၀၀၅၉၅၈၂

ဦးကိုကိုဦး – ၀၉ ၆၉၄၅၃၉၉၆၉