သတင္း

၂၀၁၉ ရဲ႕ ပြဲဦးထြက္ တရားပြဲေလးပါ

ျပာသုိလဆန္း ၁၂ ရက္ (17.1.2019)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ ရန္ကုန္ၿမဳိ႕၊ ေျမာက္ဥကၠလာပၿမဳိ႕နယ္၊ ည ရပ္ကြက္၊ ဧရာ ၁၀ လမ္း ဝါတြင္းဝါပ ဗုဒၶဟူးဆြမ္းေလာင္းအသင္း၊ သာသနပါလ အာစိဏၰကံ အလွဴရွင္မ်ား၏ (၂၅)ႀကိမ္ေျမာက္ ေငြရတုဓမၼပူဇာ မဟာပ႒ာန္းေအာင္ပြဲ ဓမၼသဘင္။

(၇)ညက်င္းပတဲ့ပြဲပါ။ စာေရးသူက ငါးရက္ေျမာက္ညပါ။ စာေရးသူေနာက္မွာ ေယာဆရာေတာ္ႀကီးႏွင့္ သိမ္ဇရပ္ဆရာေတာ္တုိ႔ ရွိပါေသးတယ္။ စာေရးသူရဲ႕ေရွ႕မွာေတာ့ မုိးကုတ္ ဓမၼရံသီဆရာေတာ္ အရွင္သုနႏၵ၊ ေဒါက္တာေသာပါက၊ ျမနန္းတုိ႔ ရွိပါတယ္။ (၇)ပါးထဲမွာမွ စာေရးသူတစ္ပါးတည္းကိုပဲ ပယ္ဖ်က္ေပးဖုိ႔ တုိင္ၾကားၾကသူေတြရွိပါတယ္။

အေတာ္ခ်စ္ၾကတဲ့ ပရိသတ္ကေပါ့ဗ်ာ။ တစ္ပါးတည္းကြက္ၿပီး ပယ္လုိ႔မရေၾကာင္း သိရတဲ့အခါ ပြဲမပ်က္ ပ်က္ေအာင္ ဖ်က္မယ္ဆိုၿပီး ေႏွာင့္ယွက္ၾကဖုိ႔ လုပ္ၾကပါေသးတယ္။ မိန္းမသားေတြကို ေရွ႕တန္းမွအေထာင္ထားမယ္လို႔ သိရပါတယ္။ ဘယ္လိုပုံစံနဲ႔ ဖ်က္မယ္ဆိုတာေတာ့ မသိရေသးပါ။ မ်ဳိးခ်စ္သမဂၢ(ရန္ကုန္)အဖြဲ႔ႏွင့္ ရန္ကုန္မွ အမ်ဳိးသားေရးအင္အားစုမ်ားက လာေရာက္ေစာင့္ေရွာက္လုိ႔သာ ေအးေအးခ်မ္းခ်မ္း ၿပီးသြားတာပါ။

ႏွစ္စဥ္ႏွစ္တုိင္း ေဟာလာခဲ့တာ ၇ ႏွစ္ေျမာက္ပါၿပီ။ ၿပီးခဲ့တဲ့ႏွစ္တစ္ႏွစ္တည္း ပ်က္ကြက္ပါေသးတယ္။ ဒါလည္း ပြဲအပိတ္ခံထားရလုိ္႔ မေဟာရတာပါ။ ဒီလို ႏွစ္တုိင္းေဟာေနတာေတာင္မွ အခုလုိ တစ္ပါးတည္းကြက္ၿပီး တုိက္ခိုက္တာေတာ့ အေတာ့္ကို ေမတၱာႀကီးလြန္းပါတယ္ဗ်ာ။

သူတုိ႔အေၾကာင္းလည္း ထည့္မေဟာခဲ့ပါဘူး။ ဒီဃီတိေကာသလ ဇာတ္ေတာ္ပဲ ေဟာခဲ့တာပါ။
တရားအမည္ကေတာ့ “ရန္ကုိရန္ခ်င္း မတုံ႔ႏွင္းနဲ႔”တရားေတာ္ပါ။ အတုိင္ပင္ခံပုဂၢဳိလ္ႀကီးကိုေတာင္ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါေသးတယ္။ ဘုရားစကားနားေထာင္လို႔ အခုလို ေနရာရတဲ့အေၾကာင္းပါ။

တုိင္းျပည္ကိုလည္း ကၽြန္ျပဳ၊ နန္းစဥ္ပတၱျမားႀကီးလည္းခုိးသြား၊ ဖခင္ကိုလည္း လုပ္ႀကံဖုိ႔ လက္နက္ေတြထုတ္ေပးခဲ့တဲ့ အဂၤလိပ္ေတြကို မမုန္းတဲ့အျပင္ အဂၤလိပ္နဲ႔လက္ထပ္ကာ အခုလည္း အဂၤလိပ္ေတြကိုပဲ အနားမွာထား၊ ေကာ္မရွင္ေတြဖြဲ႔ေတာ့လည္း အဂၤလိပ္ေတြကိုခန္႔နဲ႔ ဘယ္ေလာက္ေမတၱာႀကီးမားလုိက္သလဲ။ ဒါေၾကာင့္ ရခုိင္ေတြ ရန္ကိုရန္ခ်င္း မတုံ႔ႏွင္းၾကပါနဲ႔လို႔ ေဟာခဲ့တာပါ။

ရန္ကုိရန္ခ်င္း မတုံ႔ႏွင္း၊
လက္ငင္းၿငိမ္းခ်မ္းမည္။
ရန္တုံ႔ျပန္က မွန္မုခ်၊
ဒုကၡေတြတာရွည္။

“၂၀၁၉ ရဲ့ ပွဲဦးထွက် တရားပွဲလေးပါ”

ပြာသိုလဆန်း ၁၂ ရက် (17.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်၊ ဧရာ ၁၀ လမ်း ဝါတွင်းဝါပ ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း၊ သာသနပါလ အာစိဏ္ဏကံ အလှူရှင်များ၏ (၂၅)ကြိမ်မြောက် ငွေရတုဓမ္မပူဇာ မဟာပဋ္ဌာန်းအောင်ပွဲ ဓမ္မသဘင်။

(၇)ညကျင်းပတဲ့ပွဲပါ။ စာရေးသူက ငါးရက်မြောက်ညပါ။ စာရေးသူနောက်မှာ ယောဆရာတော်ကြီးနှင့် သိမ်ဇရပ်ဆရာတော်တို့ ရှိပါသေးတယ်။ စာရေးသူရဲ့ရှေ့မှာတော့ မိုးကုတ် ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ၊ ဒေါက်တာသောပါက၊ မြနန်းတို့ ရှိပါတယ်။ (၇)ပါးထဲမှာမှ စာရေးသူတစ်ပါးတည်းကိုပဲ ပယ်ဖျက်ပေးဖို့ တိုင်ကြားကြသူတွေရှိပါတယ်။

အတော်ချစ်ကြတဲ့ ပရိသတ်ကပေါ့ဗျာ။ တစ်ပါးတည်းကွက်ပြီး ပယ်လို့မရကြောင်း သိရတဲ့အခါ ပွဲမပျက် ပျက်အောင် ဖျက်မယ်ဆိုပြီး နှောင့်ယှက်ကြဖို့ လုပ်ကြပါသေးတယ်။ မိန်းမသားတွေကို ရှေ့တန်းမှအထောင်ထားမယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံနဲ့ ဖျက်မယ်ဆိုတာတော့ မသိရသေးပါ။ မျိုးချစ်သမဂ္ဂ(ရန်ကုန်)အဖွဲ့နှင့် ရန်ကုန်မှ အမျိုးသားရေးအင်အားစုများက လာရောက်စောင့်ရှောက်လို့သာ အေးအေးချမ်းချမ်း ပြီးသွားတာပါ။

နှစ်စဉ်နှစ်တိုင်း ဟောလာခဲ့တာ ၇ နှစ်မြောက်ပါပြီ။ ပြီးခဲ့တဲ့နှစ်တစ်နှစ်တည်း ပျက်ကွက်ပါသေးတယ်။ ဒါလည်း ပွဲအပိတ်ခံထားရလို့် မဟောရတာပါ။ ဒီလို နှစ်တိုင်းဟောနေတာတောင်မှ အခုလို တစ်ပါးတည်းကွက်ပြီး တိုက်ခိုက်တာတော့ အတော့်ကို မေတ္တာကြီးလွန်းပါတယ်ဗျာ။
သူတို့အကြောင်းလည်း ထည့်မဟောခဲ့ပါဘူး။

ဒီဃီတိကောသလ ဇာတ်တော်ပဲ ဟောခဲ့တာပါ။ တရားအမည်ကတော့ “ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့”တရားတော်ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးကိုတောင် ထုတ်ဖော်ချီးကျူးခဲ့ပါသေးတယ်။ ဘုရားစကားနားထောင်လို့ အခုလို နေရာရတဲ့အကြောင်းပါ။

တိုင်းပြည်ကိုလည်း ကျွန်ပြု၊ နန်းစဉ်ပတ္တမြားကြီးလည်းခိုးသွား၊ ဖခင်ကိုလည်း လုပ်ကြံဖို့ လက်နက်တွေထုတ်ပေးခဲ့တဲ့ အင်္ဂလိပ်တွေကို မမုန်းတဲ့အပြင် အင်္ဂလိပ်နဲ့လက်ထပ်ကာ အခုလည်း အင်္ဂလိပ်တွေကိုပဲ အနားမှာထား၊ ကော်မရှင်တွေဖွဲ့တော့လည်း အင်္ဂလိပ်တွေကိုခန့်နဲ့ ဘယ်လောက်မေတ္တာကြီးမားလိုက်သလဲ။ ဒါကြောင့် ရခိုင်တွေ ရန်ကိုရန်ချင်း မတုံ့နှင်းကြပါနဲ့လို့ ဟောခဲ့တာပါ။

ရန်ကိုရန်ချင်း မတုံ့နှင်း၊
လက်ငင်းငြိမ်းချမ်းမည်။
ရန်တုံ့ပြန်က မှန်မုချ၊
ဒုက္ခတွေတာရှည်။