Daily Archives: January 21, 2019

နဂါးနီစုဘူးသတင်း

ဆရပ်ကွက် နဂါးနီစုဘူးအသင်း ငွေပေးပွဲ

အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူတည်ထောင်သော မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်မှာရှိတဲ့ နဂါးနီစုဘူးအမှတ်(၁) စုဘူးငွေထုတ်ပေးပွဲဖြစ်ပါတယ်။ (20.1.2019) မွန်းလွဲ(၁း၀၀)နာရီ ဆရပ်ကွက် ဂျပန်ကျောင်းတိုက်မှာ ကျင်းပတာပါ။ နဂါးနီစုဘူးအသင်း နာယကဆရာတော် အရှင်ဇဝန၊ ဂျပန်ကျောင်းဆရာတော်ဦးသုဇာတနှင့် ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်မာ၊ အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်၊ အတွင်းရေးမှူး(၂) မအိသန္တာလွင်တို့ တက်ရောက်ကြပြီး ဂျပန်ကျောင်းဆရာတော် ဦးသုဇာတ က သြဝါဒချီးမြှင့်ပါတယ်။ တစ်သိန်းတန်း(၁၁၇)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းကျပ်စီ ထုတ်ပေးခြင်းဖြစ်ပါတယ်။ ဆရာတော်ဦးဝီရသူတည်ထောင်ခဲ့တဲ့ စုဘူးများအနက် ဆ ရပ်ကွက်နဂါးနီစုဘူးအသင်းသည် ပထမဦးဆုံး အမှတ်(၁)စုဘူးဖြစ်ပြီး (၁.၉.၂၀၁၃)ရက်နေ့မှာ တည်ထောင်ပေးခဲ့ပါတယ်။ ...
သတင်း

၂၀၁၉ ရဲ့ ပွဲဦးထွက် တရားပွဲလေးပါ

ပြာသိုလဆန်း ၁၂ ရက် (17.1.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ည ရပ်ကွက်၊ ဧရာ ၁၀ လမ်း ဝါတွင်းဝါပ ဗုဒ္ဓဟူးဆွမ်းလောင်းအသင်း၊ သာသနပါလ အာစိဏ္ဏကံ အလှူရှင်များ၏ (၂၅)ကြိမ်မြောက် ငွေရတုဓမ္မပူဇာ မဟာပဋ္ဌာန်းအောင်ပွဲ ဓမ္မသဘင်။ (၇)ညကျင်းပတဲ့ပွဲပါ။ စာရေးသူက ငါးရက်မြောက်ညပါ။ စာရေးသူနောက်မှာ ယောဆရာတော်ကြီးနှင့် သိမ်ဇရပ်ဆရာတော်တို့ ရှိပါသေးတယ်။ စာရေးသူရဲ့ရှေ့မှာတော့ မိုးကုတ် ဓမ္မရံသီဆရာတော် အရှင်သုနန္ဒ၊ ဒေါက်တာသောပါက၊ မြနန်းတို့ ရှိပါတယ်။ (၇)ပါးထဲမှာမှ စာရေးသူတစ်ပါးတည်းကိုပဲ ပယ်ဖျက်ပေးဖို့ ...