ဂ်ာနယ္သတင္းအင္တာဗ်ဴး

အမ်ိဳးသားေရးဝါဒကို ပစ္ပယ္မွာလား။ အမ်ိဳးသားေရးဝါဒကို တိုင္းျပည္မွာရွင္သန္ခြင့္ေပးမွာလား (က)

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၀) 28.6.2019)

ၿငိမ္း- အာဏာစက္နဲ႔ ဓမၼစက္ကိစၥေပါ့ဘုရား၊ အာဏာ စက္နဲ႔ အေရးယူၿပီးမွ ဓမၼစက္နဲ႔ အေရးယူမယ္၊ ဓမၼစက္နဲ႔ အေရးယူၿပီးမွ အာဏာစက္နဲ႔ အေရးယူမယ္ ဆိုၿပီးေတာ့ ေျပာေနၾကတဲ့ကိစၥေပါ့ဘုရား။ အခုအခ်ိန္မွာ ေနာက္ဆံုးအေနနဲ႔ အရွင္ဘုရား ဘာဆက္လုပ္မယ္လို႔မ်ား ဆံုးျဖတ္ခ်က္ခ်ထားပါသလဲဘုရား။


ဆရာေတာ္- သူတို႔ကေတာ့ အာဏာစက္နဲ႔အေရးယူၿပီးမွ ဓမၼစက္နဲ႔ အေရးယူလို႔ရတယ္လို႔ ေျပာေနတာေပါ့။ ဦးဇင္းအျမင္ကေတာ့ ႏွစ္ခုစလံုး အေရးယူရမယ့္ အမ်ိဳးမဟုတ္ဘူးေပါ့။ ေျပာရမယ္ဆိုရင္ေတာ့ ဓမၼစက္နဲ႔ပဲ အေရးယူရမွာ။ ဓမၼစက္နဲ႔ အေရးယူ ၿပီးမွ ေနာက္တစ္ႀကိမ္ ထပ္က်ဴးလြန္မွ၊ ေျပာမရ ဆိုမရျဖစ္မွ အာဏာစက္နဲ႔ကိုင္တြယ္ရမွာေပါ့။ အာဏာစက္က ဓမၼစက္ကိုေက်ာ္လြန္ၿပီး တန္းတရားစြဲလိုက္တဲ့အခါက်ေတာ့ ဆရာေတာ္ႀကီးေတြက ေနာက္တြန္႔သြားတာေပါ့။ ဘယ္လိုပဲေျပာေျပာ ဦးဇင္းမွာကေတာ့ အစီအစဥ္ေတြ ရွိပါတယ္။

ၿငိမ္း- ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ဆရာေတာ္ ဘဒၵႏၲစႏိၵမာဘိဝံသနဲ႔ 7Daysက လုပ္တဲ့အင္တာဗ်ဴးမွာဆရာေတာ္ႀကီးက မိခင္တိုက္ျဖစ္တဲ့ မစိုးရိမ္ကဆံုးမတာမ်ိဳးလုပ္သင့္တယ္၊ ေနာက္ သက္ဆုိင္ရာ တိုင္းမဟနေတြက ေခၚၿပီး ဆံုးမတာမ်ိဳးေတြ လုပ္သင့္တယ္လို႔ ေျပာထားတာေတြ ရွိပါတယ္။ အဲဒီအေပၚမွာေရာ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။


ဆရာေတာ္- ဒါက ဥပေဒအရကို အသင့္ေတာ္ဆံုးလမ္းေၾကာင္းကို ေရြးေပးလိုက္တာပဲေလ။ အဲဒီအတြက္လည္း ဓမၼစက္နဲ႔သြားဖို႔ဆိုၿပီး ရန္ကုန္တိုင္းသံဃနာယကကို မဟနကလႊဲၿပီးသားေပါ့။ အဲဒီလိုပဲ မစိုးရိမ္တိုက္သစ္ မဟာနာယက ဆရာေတာ္တစ္ပါးကိုလည္းပဲ လႊဲၿပီးသားေပါ့။ အဲဒီလို ဓမၼစက္နဲ႔ ကိုင္တြယ္ဖို႔ လုပ္ေနခ်ိန္မွာပဲ အာဏာစက္က က်ဴးေက်ာ္ဝင္ေရာက္လာတဲ့အတြက္ေၾကာင့္ အစီအစဥ္ေတြက ပ်က္ေတာ့ပ်က္သြားတာမဟုတ္ဘူးေပါ့၊ ဒါေပမယ့္ ရပ္သြားတာေပါ့။

ၿငိမ္း- အရွင္ဘုရားအတြက္လုပ္တဲ့ ဆုေတာင္းပြဲေတြကလည္း ဆက္ရွိေနတာကို ေတြ႕ရပါတယ္။ အရွင္ဘုရားက VK မွာ ဗီဒီယိုဖိုင္ေတြတင္တာလည္း ၁၄ ႀကိမ္ထိ ရွိသြားၿပီေပါ့ဘုရား။ အရွင္ ဘုရား အခုလိုတိမ္းေရွာင္ေနတာနဲ႔ ပတ္သက္ၿပီး ျပည္ထဲေရးကို အျပစ္တင္ေနၾကတာေတြကိုလည္း မီဒီယာေတြမွာ ေတြ႕ရပါတယ္ဘုရား။ အရွင္ဘုရားနဲ႔ ျပည္ထဲေရး အခ်ိတ္အဆက္ေတြရွိၿပီး လြတ္ေျမာက္ေနတာလား။ ဒါမွမဟုတ္ ကိုယ့္ဘာသာ ကိုယ္ပဲ လြတ္ေျမာက္ေအာင္ တိမ္းေရွာင္ေနႏုိင္တာလား။ အဲဒါေလးသိခ်င္ပါတယ္ဘုရား။


ဆရာေတာ္- အဓိကတရားခံကေတာ့ ဧည့္စားရင္းဥပေဒ ဖ်က္သိမ္းလိုက္တဲ့သူေတြရဲ႕ အျပစ္ပဲေလ။ ဧည့္စာရင္း တုိင္စရာမလိုဘူး၊ ဧည့္စာရင္းစစ္ခြင့္ လည္းမရွိဘူးဆိုေတာ့ ဘယ္အိမ္ဝင္ေနေနရတဲ့ ေခတ္အခါ ျဖစ္ေနတာေပါ့။
ရဲတပ္ဖြဲ႕ကို အျပစ္ပံုမခ်ပါနဲ႔။ ရဲတပ္ဖြဲ႕က ေနာက္ေယာင္ခံၿပီးေတာ့လည္းလိုက္ခြင့္မရွိဘူး။ ၿပီးေတာ့ ရပ္ကြက္တစ္ခုမွာေနတယ္၊ ဧည့္ စာရင္းတုိင္စရာမလိုတဲ့အတြက္ ရဲတပ္ဖြဲ႕က ရွာလို႔မရဘူး။ အဲ့ဒီေတာ့ ရဲတပ္ဖြဲ႕ကို အျပစ္ပံုခ်လို႔ မရပါဘူး။ ေခတ္အခါကိုက ဒီလိုမ်ိဳးျဖစ္ေအာင္ ဖန္တီးထားတဲ့အတြက္ လႊတ္ေတာ္ရဲ႕ ခြၽတ္ေခ်ာ္မႈ တစ္ခုလို႔ပဲ သတ္မွတ္လိုက္ပါလို႔။ အဖြဲ႕အစည္းေတြနဲ႔ ခ်ိတ္ဆက္ထားလို႔ လြတ္ေျမာက္ေနတယ္ဆိုတာ မဟုတ္ပါဘူး။ တစ္ကိုယ္ေရ တစ္ကာယပါပဲလို႔။

ၿငိမ္း- ေနာက္တစ္ခုကေတာ့ သာသနာေရးက ဇြန္လ ၁၆ ရက္ေန႔ကထုတ္တဲ့ ေၾကညာခ်က္ေပါ့ ဘုရား။ ေျပာရမယ္ဆိုရင္ေတာ့ ဝရမ္းေျပးကို ဆရာေတာ္၊ သံဃာေတာ္လို႔ မေခၚသင့္ဘူးဆိုတဲ့ ေၾကညာခ်က္ပါဘုရား။ အရွင္ဘုရားကိုပဲ ရည္ရြယ္ၿပီး ထုတ္ပံုရပါတယ္ဘုရား။ ဒီကိစၥအေပၚ ဘယ္လိုသံုးသပ္ပါသလဲဘုရား။


ဆရာေတာ္- သာသနာေရးကို ၾကည့္လိုက္လို႔ရွိရင္ ဝီရသူကို ေတာ္ေတာ္မုန္းတီးေနပံုရတယ္။ ဝီရသူကို မုန္းတီးေနတဲ့သူေတြ သာသနာေရးကို ခ်ဳပ္ကိုင္ထားပံုရတယ္။ ဘာေၾကာင့္လဲဆိုရင္ ဝီရသူနဲ႔ပတ္သက္လာရင္ သာသနာေရးက ေၾကညာခ်က္ေတြ ထြက္ထြက္ေနတယ္။ အခုလည္း ဒီေၾကညာခ်က္က မခံခ်င္ေအာင္စတဲ့ ပံုစံမ်ိဳးနဲ႔ ထုတ္ပံုရပါတယ္။ ဦးဇင္း အျမင္အရေျပာရရင္ ဒီသာသနာေရးက ႏုိင္ငံျခားသား အႀကံေပးေတြ ေရာက္ရွိလာၿပီးတဲ့ေနာက္ပိုင္းမွာ သာသနာေရး ဌာနက ကိုလိုနီလက္ေအာက္ က်ေရာက္သြားတဲ့ သေဘာပါပဲ။
သံဃာေတာ္ေတြကို ၁၂၄ နဲ႔ စြဲတယ္ဆုိတာ မ်ိဳးက ကိုလိုနီေခတ္ပံုစံမ်ိဳး လုပ္တာပဲေလ။ ဝရမ္းကပ္တာတို႔၊ ေနာက္အခုလုိ ပရမ္းပတာႏုိင္တဲ့ ေၾကညာခ်က္ေတြထုတ္တာတို႔ ဒါေတြအကုန္လံုးက ကိုလိုနီစ႐ိုက္ေတြပါ။

ၿငိမ္း- ဒီႏွစ္ မဘသ ၾသဝါဒခံယူပြဲက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ အရွင္ဘုရားကို တရားစြဲတာနဲ႔ ပတ္သက္ၿပီး ေဖာ္ျပခဲ့တာေတြ႕ရပါတယ္။ အမ်ဳိးသားေရး လႈပ္ရွားမႈမွာပါဝင္တဲ့ ေခါင္းေဆာင္ပိုင္းေတြကို တစ္ႏွစ္တစ္ေယာက္ ဖမ္းေနတာနဲ႕ ပတ္သက္ၿပီး အရွင္ဘုရားအေနနဲ႔ ဘာမ်ား မိန္႔ခ်င္ပါသလဲ ဘုရား။


ဆရာေတာ္- စစ္အစိုးရ လက္ထက္တုန္းကလည္း အတုိက္အခံပါတီရဲ႕ ေခါင္းေဆာင္ေတြကို ေထာင္ထဲသြင္းခဲ့တာပဲကိုး။ သူနဲ႔ပတ္သက္တဲ့ သူမွန္သမွ် အကုန္ေထာင္ထဲပဲ။ ဒီလိုပါပဲ။ ႏုိင္ငံေရးဆိုတာ ငါးပ်ံတစ္လွည့္ ဗံုလံုတစ္လွည့္ပါပဲ။ အရင္တုန္းက စစ္အာဏာရွင္ေတြ လုပ္တဲ့ဒဏ္ကို အတိုက္အခံပါတီႀကီးက ခါးစီးခံရတယ္။ ဒီကေန႔လက္ရွိ အစိုးရကေပးတဲ့ဒုကၡကို မဘသ ခါးစည္းခံေနရတာေပါ့။

ၿငိမ္း- မဘသက ထုတ္ျပန္တဲ့ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး ေဆြေႏြးခ်င္တာရွိရင္ ဒါမွမဟုတ္ ထပ္ျဖည့္ခ်င္တာေတြရွိရင္ ေျပာေပးပါဦးဘုရား။


ဆရာေတာ္- မဘသေၾကညာခ်က္ကေတာ့ ျပင္ဆင္စရာလည္း မရွိ၊ ျဖည့္စြက္စရာလည္း မရွိေလာက္ေအာင္ကို ျပည့္စံုတာေပါ့ေနာ္။ ခါတိုင္းႏွစ္ေတြထက္ပိုၿပီးေတာ့ လက္သံေျပာင္တာလည္း ေတြ႕ရတာေပါ့။ သက္တမ္း တစ္ေလွ်ာက္ အေျပာင္ေျမာက္ဆံုး ေၾကညာခ်က္လို႔ ေျပာရမွာေပါ့။ တိုင္းျပည္အေပၚထားတဲ့ ေစတနာ ေမတၱာေရာ၊ ပုဂၢိဳလ္အေပၚမွာထားတဲ့ ေစတနာ ေမတၱာေရာ အင္မတန္ေက်းဇူးႀကီးမားတဲ့ ေထရ္ႀကီး ဝါႀကီးဆရာေတာ္ႀကီးေတြနဲ႔ ေပါင္းစည္းထားတဲ့ အဖြဲ႕အစည္းႀကီးလို႔ ေျပာခ်င္ပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)

“အမျိုးသားရေးဝါဒကို ပစ်ပယ်မှာလား။ အမျိုးသားရေးဝါဒကို တိုင်းပြည်မှာရှင်သန်ခွင့်ပေးမှာလား” (က)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၀) 28.6.2019)

ငြိမ်း- အာဏာစက်နဲ့ ဓမ္မစက်ကိစ္စပေါ့ဘုရား၊ အာဏာ စက်နဲ့ အရေးယူပြီးမှ ဓမ္မစက်နဲ့ အရေးယူမယ်၊ ဓမ္မစက်နဲ့ အရေးယူပြီးမှ အာဏာစက်နဲ့ အရေးယူမယ် ဆိုပြီးတော့ ပြောနေကြတဲ့ကိစ္စပေါ့ဘုရား။ အခုအချိန်မှာ နောက်ဆုံးအနေနဲ့ အရှင်ဘုရား ဘာဆက်လုပ်မယ်လို့များ ဆုံးဖြတ်ချက်ချထားပါသလဲဘုရား။


ဆရာတော်- သူတို့ကတော့ အာဏာစက်နဲ့အရေးယူပြီးမှ ဓမ္မစက်နဲ့ အရေးယူလို့ရတယ်လို့ ပြောနေတာပေါ့။ ဦးဇင်းအမြင်ကတော့ နှစ်ခုစလုံး အရေးယူရမယ့် အမျိုးမဟုတ်ဘူးပေါ့။ ပြောရမယ်ဆိုရင်တော့ ဓမ္မစက်နဲ့ပဲ အရေးယူရမှာ။ ဓမ္မစက်နဲ့ အရေးယူ ပြီးမှ နောက်တစ်ကြိမ် ထပ်ကျူးလွန်မှ၊ ပြောမရ ဆိုမရဖြစ်မှ အာဏာစက်နဲ့ကိုင်တွယ်ရမှာပေါ့။ အာဏာစက်က ဓမ္မစက်ကိုကျော်လွန်ပြီး တန်းတရားစွဲလိုက်တဲ့အခါကျတော့ ဆရာတော်ကြီးတွေက နောက်တွန့်သွားတာပေါ့။ ဘယ်လိုပဲပြောပြော ဦးဇင်းမှာကတော့ အစီအစဉ်တွေ ရှိပါတယ်။

ငြိမ်း- နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသနဲ့ 7Daysက လုပ်တဲ့အင်တာဗျူးမှာဆရာတော်ကြီးက မိခင်တိုက်ဖြစ်တဲ့ မစိုးရိမ်ကဆုံးမတာမျိုးလုပ်သင့်တယ်၊ နောက် သက်ဆိုင်ရာ တိုင်းမဟနတွေက ခေါ်ပြီး ဆုံးမတာမျိုးတွေ လုပ်သင့်တယ်လို့ ပြောထားတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲဘုရား။


ဆရာတော်- ဒါက ဥပဒေအရကို အသင့်တော်ဆုံးလမ်းကြောင်းကို ရွေးပေးလိုက်တာပဲလေ။ အဲဒီအတွက်လည်း ဓမ္မစက်နဲ့သွားဖို့ဆိုပြီး ရန်ကုန်တိုင်းသံဃနာယကကို မဟနကလွှဲပြီးသားပေါ့။ အဲဒီလိုပဲ မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်တစ်ပါးကိုလည်းပဲ လွှဲပြီးသားပေါ့။ အဲဒီလို ဓမ္မစက်နဲ့ ကိုင်တွယ်ဖို့ လုပ်နေချိန်မှာပဲ အာဏာစက်က ကျူးကျော်ဝင်ရောက်လာတဲ့အတွက်ကြောင့် အစီအစဉ်တွေက ပျက်တော့ပျက်သွားတာမဟုတ်ဘူးပေါ့၊ ဒါပေမယ့် ရပ်သွားတာပေါ့။

ငြိမ်း- အရှင်ဘုရားအတွက်လုပ်တဲ့ ဆုတောင်းပွဲတွေကလည်း ဆက်ရှိနေတာကို တွေ့ရပါတယ်။ အရှင်ဘုရားက VK မှာ ဗီဒီယိုဖိုင်တွေတင်တာလည်း ၁၄ ကြိမ်ထိ ရှိသွားပြီပေါ့ဘုရား။ အရှင် ဘုရား အခုလိုတိမ်းရှောင်နေတာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးကို အပြစ်တင်နေကြတာတွေကိုလည်း မီဒီယာတွေမှာ တွေ့ရပါတယ်ဘုရား။ အရှင်ဘုရားနဲ့ ပြည်ထဲရေး အချိတ်အဆက်တွေရှိပြီး လွတ်မြောက်နေတာလား။ ဒါမှမဟုတ် ကိုယ့်ဘာသာ ကိုယ်ပဲ လွတ်မြောက်အောင် တိမ်းရှောင်နေနိုင်တာလား။ အဲဒါလေးသိချင်ပါတယ်ဘုရား။


ဆရာတော်- အဓိကတရားခံကတော့ ဧည့်စားရင်းဥပဒေ ဖျက်သိမ်းလိုက်တဲ့သူတွေရဲ့ အပြစ်ပဲလေ။ ဧည့်စာရင်း တိုင်စရာမလိုဘူး၊ ဧည့်စာရင်းစစ်ခွင့် လည်းမရှိဘူးဆိုတော့ ဘယ်အိမ်ဝင်နေနေရတဲ့ ခေတ်အခါ ဖြစ်နေတာပေါ့။
ရဲတပ်ဖွဲ့ကို အပြစ်ပုံမချပါနဲ့။ ရဲတပ်ဖွဲ့က နောက်ယောင်ခံပြီးတော့လည်းလိုက်ခွင့်မရှိဘူး။ ပြီးတော့ ရပ်ကွက်တစ်ခုမှာနေတယ်၊ ဧည့် စာရင်းတိုင်စရာမလိုတဲ့အတွက် ရဲတပ်ဖွဲ့က ရှာလို့မရဘူး။ အဲ့ဒီတော့ ရဲတပ်ဖွဲ့ကို အပြစ်ပုံချလို့ မရပါဘူး။ ခေတ်အခါကိုက ဒီလိုမျိုးဖြစ်အောင် ဖန်တီးထားတဲ့အတွက် လွှတ်တော်ရဲ့ ချွတ်ချော်မှု တစ်ခုလို့ပဲ သတ်မှတ်လိုက်ပါလို့။ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားလို့ လွတ်မြောက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ တစ်ကိုယ်ရေ တစ်ကာယပါပဲလို့။

ငြိမ်း- နောက်တစ်ခုကတော့ သာသနာရေးက ဇွန်လ ၁၆ ရက်နေ့ကထုတ်တဲ့ ကြေညာချက်ပေါ့ ဘုရား။ ပြောရမယ်ဆိုရင်တော့ ဝရမ်းပြေးကို ဆရာတော်၊ သံဃာတော်လို့ မခေါ်သင့်ဘူးဆိုတဲ့ ကြေညာချက်ပါဘုရား။ အရှင်ဘုရားကိုပဲ ရည်ရွယ်ပြီး ထုတ်ပုံရပါတယ်ဘုရား။ ဒီကိစ္စအပေါ် ဘယ်လိုသုံးသပ်ပါသလဲဘုရား။


ဆရာတော်- သာသနာရေးကို ကြည့်လိုက်လို့ရှိရင် ဝီရသူကို တော်တော်မုန်းတီးနေပုံရတယ်။ ဝီရသူကို မုန်းတီးနေတဲ့သူတွေ သာသနာရေးကို ချုပ်ကိုင်ထားပုံရတယ်။ ဘာကြောင့်လဲဆိုရင် ဝီရသူနဲ့ပတ်သက်လာရင် သာသနာရေးက ကြေညာချက်တွေ ထွက်ထွက်နေတယ်။ အခုလည်း ဒီကြေညာချက်က မခံချင်အောင်စတဲ့ ပုံစံမျိုးနဲ့ ထုတ်ပုံရပါတယ်။ ဦးဇင်း အမြင်အရပြောရရင် ဒီသာသနာရေးက နိုင်ငံခြားသား အကြံပေးတွေ ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ သာသနာရေး ဌာနက ကိုလိုနီလက်အောက် ကျရောက်သွားတဲ့ သဘောပါပဲ။
သံဃာတော်တွေကို ၁၂၄ နဲ့ စွဲတယ်ဆိုတာ မျိုးက ကိုလိုနီခေတ်ပုံစံမျိုး လုပ်တာပဲလေ။ ဝရမ်းကပ်တာတို့၊ နောက်အခုလို ပရမ်းပတာနိုင်တဲ့ ကြေညာချက်တွေထုတ်တာတို့ ဒါတွေအကုန်လုံးက ကိုလိုနီစရိုက်တွေပါ။

ငြိမ်း- ဒီနှစ် မဘသ သြဝါဒခံယူပွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အရှင်ဘုရားကို တရားစွဲတာနဲ့ ပတ်သက်ပြီး ဖော်ပြခဲ့တာတွေ့ရပါတယ်။ အမျိုးသားရေး လှုပ်ရှားမှုမှာပါဝင်တဲ့ ခေါင်းဆောင်ပိုင်းတွေကို တစ်နှစ်တစ်ယောက် ဖမ်းနေတာနဲ့ ပတ်သက်ပြီး အရှင်ဘုရားအနေနဲ့ ဘာများ မိန့်ချင်ပါသလဲ ဘုရား။


ဆရာတော်- စစ်အစိုးရ လက်ထက်တုန်းကလည်း အတိုက်အခံပါတီရဲ့ ခေါင်းဆောင်တွေကို ထောင်ထဲသွင်းခဲ့တာပဲကိုး။ သူနဲ့ပတ်သက်တဲ့ သူမှန်သမျှ အကုန်ထောင်ထဲပဲ။ ဒီလိုပါပဲ။ နိုင်ငံရေးဆိုတာ ငါးပျံတစ်လှည့် ဗုံလုံတစ်လှည့်ပါပဲ။ အရင်တုန်းက စစ်အာဏာရှင်တွေ လုပ်တဲ့ဒဏ်ကို အတိုက်အခံပါတီကြီးက ခါးစီးခံရတယ်။ ဒီကနေ့လက်ရှိ အစိုးရကပေးတဲ့ဒုက္ခကို မဘသ ခါးစည်းခံနေရတာပေါ့။

ငြိမ်း- မဘသက ထုတ်ပြန်တဲ့ကြေညာချက်နဲ့ ပတ်သက်ပြီး ဆွေနွေးချင်တာရှိရင် ဒါမှမဟုတ် ထပ်ဖြည့်ချင်တာတွေရှိရင် ပြောပေးပါဦးဘုရား။


ဆရာတော်- မဘသကြေညာချက်ကတော့ ပြင်ဆင်စရာလည်း မရှိ၊ ဖြည့်စွက်စရာလည်း မရှိလောက်အောင်ကို ပြည့်စုံတာပေါ့နော်။ ခါတိုင်းနှစ်တွေထက်ပိုပြီးတော့ လက်သံပြောင်တာလည်း တွေ့ရတာပေါ့။ သက်တမ်း တစ်လျှောက် အပြောင်မြောက်ဆုံး ကြေညာချက်လို့ ပြောရမှာပေါ့။ တိုင်းပြည်အပေါ်ထားတဲ့ စေတနာ မေတ္တာရော၊ ပုဂ္ဂိုလ်အပေါ်မှာထားတဲ့ စေတနာ မေတ္တာရော အင်မတန်ကျေးဇူးကြီးမားတဲ့ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးတွေနဲ့ ပေါင်းစည်းထားတဲ့ အဖွဲ့အစည်းကြီးလို့ ပြောချင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)