ဂ်ာနယ္သတင္းအင္တာဗ်ဴး

အမ်ိဳးသားေရးဝါဒကို ပစ္ပယ္မွာလား။ အမ်ိဳးသားေရးဝါဒကို တိုင္းျပည္မွာရွင္သန္ခြင့္ေပးမွာလား (ဂ-နိဂံုး) (ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၀) 28.6.2019)

ၿငိမ္း- အခုလက္ရွိအခ်ိန္မွာ ရဟန္းေတာ္မ်ား မဲေပးခြင့္ လိုအပ္လာၿပီလို႔ ဆရာေတာ္ႀကီးေတြက သံုးသပ္လာၾကတဲ့အတြက္ ရဟန္းေတာ္မ်ား မဲေပးခြင့္ရဖို႔အတြက္ လႈပ္ရွားမႈေတြရွိလာရင္ ဘာမ်ားေျပာစရာရွိမလဲဘုရား။


ဆရာေတာ္- ဟိုအရင္တုန္းကေတာ့ ဦးဇင္းခံယူထားတာကေတာ့ ရဟန္းသံဃာေတာ္ဆိုတာ အေရာင္အေသြး မွန္သမွ်နဲ႔ ဆက္ဆံေနရတာ။ အဲဒီေတာ့ ေထာက္ခံတဲ့ပါတီဆိုတာ မရွိသင့္ဘူး။ ရဟန္းသံဃာေတြ မဲေပးစရာမလိုဘူး၊ မဲမေပးသင့္ဘူးလို႔ သံုးသပ္ခဲ့တယ္။
ဒါေပမယ့္ အသည္းၾကားမွမဲတစ္ျပားက ႏုိင္ငံတစ္ခုရဲ႕ အဆံုးအျဖတ္ကို ကြဲကြဲျပားျပားျဖစ္ေအာင္ လုပ္ေပးႏုိင္တယ္ဆိုေတာ့ မဲေပးခြင့္ရွိတဲ့သူေတြမွ ဂ႐ုစိုက္တာေပါ့။ မဲေပးခြင့္မရွိတဲ့သူေတြကို ဂ႐ုမစိုက္ၾကဘူး။ ဒီေတာ့ ဆရာေတာ္ေတြ ဆံုးျဖတ္တာေကာင္းတယ္လို႔ပဲ ေျပာရမွာပါပဲ။
လူမေလးေခြးမခန္႔ဘဝနဲ႔ ေနသြားမယ့္အစား၊ ကိုယ့္ကိုယ္လာၿပီးေတာ့ ခခယယ ေအာက္က်ိဳ႕ေပါင္းၾကတဲ့ အဖြဲ႕အစည္းေတြ ေရာက္လာမယ္ဆိုရင္ေတာ့ လူ႐ိုေသရွင္႐ိုေသဘဝ ေရာက္လာခဲ့ရင္ ပိုေကာင္းတာေပါ့။

ၿငိမ္း- အရွင္ဘုရားအတြက္ ဆုေတာင္းတာပဲျဖစ္ျဖစ္၊ အမ်ိဳးသားေရးလႈပ္ရွားမႈေတြလုပ္တာပဲျဖစ္ျဖစ္ အဲဒီလို လုပ္ေနၾကတဲ့သူေတြကို အရွင္ဘုရားအေနနဲ႔ ဘာမ်ားမိန္႔ခ်င္ပါသလဲဘုရား။


ဆရာေတာ္- ေျပာရမယ္ဆိုရင္ေတာ့ အစိုးရကကိုင္တြယ္မႈက အေတာ္ေလးတင္းက်ပ္လာတာ ေတြ႕ရတယ္။ ဆုေတာင္းပြဲ လုပ္တာမ်ိဳးေတြဆိုရင္ အရင္ကခြင့္ျပဳေပးေနတာေလ။ အခုဟာက ကမၼဝါကိုင္တဲ့သူကိုေတာင္မွ ဝင္ၿပီးဆြဲတဲ့ အေနအထားမ်ိဳးျဖစ္ေနတယ္။ ဦးဇင္းတို႔ႏုိင္ငံက စစ္ဖိနပ္အာဏာရွင္ကို စံခ်ိန္ခ်ိဳးမယ့္ ေဒါက္ဖိနပ္အာဏာရွင္စနစ္ကို သြားေနတာဆိုေတာ့ ညီေတာ္ေနာင္ေတာ္ေလးေတြ ဒီေလာက္ေတာ့ ထိခိုက္ရွနာျဖစ္မွာပဲလို႔ ဦးဇင္းကယူဆမိတာပဲေလ။ ထိခိုက္ရွနာမျဖစ္ေအာင္ လုပ္ႏုိင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။

ၿငိမ္း- အခုလက္ရွိ အရွင္ဘုရားနဲ႔ အစိုးရျဖစ္ေနတဲ့ ျပႆနာမွာ အစိုးရဘက္က ဓမၼစက္နဲ႔ပဲ အေရးယူေပးပါလို႔ အေလွ်ာ့ေပးလိုက္မယ္ဆိုရင္ေျပလည္ႏုိင္စရာ လမ္းစတစ္ခုျဖစ္တယ္လို႔ သံုးသပ္ႏိုင္တာမ်ိဳး ရွိလာႏိုင္မလားဘုရား။


ဆရာေတာ္- အဓိကကေတာ့ ဆရာေတာ္ႀကီးေတြက ေမတၱာရပ္ခံတယ္။ အစိုးရသေဘာတူတယ္ဆိုရင္ ေျပလည္သြားတာေပါ့။ ေရွ႕မွာလည္း အရွင္ဂမၻီရတို႔၊ ေရႊညဝါတို႔ကို ဒီလိုပဲ ဓမၼစက္နဲ႔ကိုင္တြယ္ခဲ့ဖူးတာပဲ။ မရတဲ့အဆံုးက်မွ အာဏာစက္ဆိုတာ ပါရတာကိုး။
အခုလည္ ဦးဇင္းအမႈကို ဓမၼစက္နဲ႔ အရင္ကိုင္တြယ္ရမွာျဖစ္တယ္။ သူတို႔က ေဘာင္ေက်ာ္ၿပီးလုပ္တာ၊ သူတို႔က ေနာက္ဆုတ္သြားတယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့။ ဆရာေတာ္ႀကီးေတြက သံဃာ့လုပ္ထံုးလုပ္နည္းေတြက ဒီလုိေတာ့ရွိတယ္လို႔ ေျပာေနတာကိုမွ သူတို႔က ဖမ္းမယ္ဆီးမယ္ဆိုရင္ေတာ့ အာဏာရွင့္ အာဏာရွင္ႀကီး၊ အာဏာရွင့္ အာဏာရွင္စနစ္ ေပၚေပါက္လာၿပီလို႔ သတ္မွတ္ရမွာေပါ့။ အဲဒီလုိဆိုရင္ေတာ့ တုိင္းျပည္ရဲ႕ကံၾကမၼာက ကံဆိုးမိုးေမွာင္က်ေနၿပီလို႔ပဲ သံုးသပ္ရမွာေပါ့။

ၿငိမ္း- ဒီတစ္ပတ္အတြက္ေပါ့ဘုရား၊ ဒီတစ္ပတ္အတြက္ဆိုတာက ေနာက္အပတ္ေတြ ေနာက္အပတ္ေတြ ဆိုတာကလည္း မေသခ်ာပါဘူးဘုရား။ ျဖစ္ႏုိင္မယ္ဆိုရင္ေတာ့ အပတ္စဥ္ေလး ရရင္ရသလိုေလး အင္တာဗ်ဴးခြင့္ရခ်င္သလို ရဖို႔လည္းႀကိဳးစားပါ့မယ္ဘုရား။ ခု အဆက္အသြယ္ရတဲ့ အခ်ိန္ေလးအတြင္းမွာပဲ ဒီတစ္ပတ္အတြက္ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။


ဆရာေတာ္- အမ်ိဳးသားေရးသမားေတြ ဆုေတာင္းေပးတာကိုလည္း ဦးဇင္းကဝမ္းသာတယ္။ အခမ္းအနားေတြမွာလည္း တက္ညီလက္ညီ ေတြ႕ရတဲ့အတြက္ေၾကာင့္ အားတက္တယ္။ ေျပာေနၾကအတုိင္းပဲ တစ္ဗိုလ္က် တစ္ဗိုလ္တက္စနစ္နဲ႔သြားပါ။ တက္ကုန္ေလွာ္ရင္း အဆန္ခရီးကို ျဖတ္သန္းၾကပါ။ တက္က်ိဳးရင္ လက္ထိုးေလွာ္ႏိုင္ေအာင္ ခုကတည္းက ခြန္အားေတြေမြးထားၾကပါလုိ႔ မွာခ်င္ပါတယ္။

“အမျိုးသားရေးဝါဒကို ပစ်ပယ်မှာလား။ အမျိုးသားရေးဝါဒကို တိုင်းပြည်မှာရှင်သန်ခွင့်ပေးမှာလား”(ဂ-နိဂုံး)
(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၀) 28.6.2019)

ငြိမ်း- အခုလက်ရှိအချိန်မှာ ရဟန်းတော်များ မဲပေးခွင့် လိုအပ်လာပြီလို့ ဆရာတော်ကြီးတွေက သုံးသပ်လာကြတဲ့အတွက် ရဟန်းတော်များ မဲပေးခွင့်ရဖို့အတွက် လှုပ်ရှားမှုတွေရှိလာရင် ဘာများပြောစရာရှိမလဲဘုရား။


ဆရာတော်- ဟိုအရင်တုန်းကတော့ ဦးဇင်းခံယူထားတာကတော့ ရဟန်းသံဃာတော်ဆိုတာ အရောင်အသွေး မှန်သမျှနဲ့ ဆက်ဆံနေရတာ။ အဲဒီတော့ ထောက်ခံတဲ့ပါတီဆိုတာ မရှိသင့်ဘူး။ ရဟန်းသံဃာတွေ မဲပေးစရာမလိုဘူး၊ မဲမပေးသင့်ဘူးလို့ သုံးသပ်ခဲ့တယ်။
ဒါပေမယ့် အသည်းကြားမှမဲတစ်ပြားက နိုင်ငံတစ်ခုရဲ့ အဆုံးအဖြတ်ကို ကွဲကွဲပြားပြားဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတော့ မဲပေးခွင့်ရှိတဲ့သူတွေမှ ဂရုစိုက်တာပေါ့။ မဲပေးခွင့်မရှိတဲ့သူတွေကို ဂရုမစိုက်ကြဘူး။ ဒီတော့ ဆရာတော်တွေ ဆုံးဖြတ်တာကောင်းတယ်လို့ပဲ ပြောရမှာပါပဲ။
လူမလေးခွေးမခန့်ဘဝနဲ့ နေသွားမယ့်အစား၊ ကိုယ့်ကိုယ်လာပြီးတော့ ခခယယ အောက်ကျို့ပေါင်းကြတဲ့ အဖွဲ့အစည်းတွေ ရောက်လာမယ်ဆိုရင်တော့ လူရိုသေရှင်ရိုသေဘဝ ရောက်လာခဲ့ရင် ပိုကောင်းတာပေါ့။

ငြိမ်း- အရှင်ဘုရားအတွက် ဆုတောင်းတာပဲဖြစ်ဖြစ်၊ အမျိုးသားရေးလှုပ်ရှားမှုတွေလုပ်တာပဲဖြစ်ဖြစ် အဲဒီလို လုပ်နေကြတဲ့သူတွေကို အရှင်ဘုရားအနေနဲ့ ဘာများမိန့်ချင်ပါသလဲဘုရား။


ဆရာတော်- ပြောရမယ်ဆိုရင်တော့ အစိုးရကကိုင်တွယ်မှုက အတော်လေးတင်းကျပ်လာတာ တွေ့ရတယ်။ ဆုတောင်းပွဲ လုပ်တာမျိုးတွေဆိုရင် အရင်ကခွင့်ပြုပေးနေတာလေ။ အခုဟာက ကမ္မဝါကိုင်တဲ့သူကိုတောင်မှ ဝင်ပြီးဆွဲတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဦးဇင်းတို့နိုင်ငံက စစ်ဖိနပ်အာဏာရှင်ကို စံချိန်ချိုးမယ့် ဒေါက်ဖိနပ်အာဏာရှင်စနစ်ကို သွားနေတာဆိုတော့ ညီတော်နောင်တော်လေးတွေ ဒီလောက်တော့ ထိခိုက်ရှနာဖြစ်မှာပဲလို့ ဦးဇင်းကယူဆမိတာပဲလေ။ ထိခိုက်ရှနာမဖြစ်အောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

ငြိမ်း- အခုလက်ရှိ အရှင်ဘုရားနဲ့ အစိုးရဖြစ်နေတဲ့ ပြဿနာမှာ အစိုးရဘက်က ဓမ္မစက်နဲ့ပဲ အရေးယူပေးပါလို့ အလျှော့ပေးလိုက်မယ်ဆိုရင်ပြေလည်နိုင်စရာ လမ်းစတစ်ခုဖြစ်တယ်လို့ သုံးသပ်နိုင်တာမျိုး ရှိလာနိုင်မလားဘုရား။


ဆရာတော်- အဓိကကတော့ ဆရာတော်ကြီးတွေက မေတ္တာရပ်ခံတယ်။ အစိုးရသဘောတူတယ်ဆိုရင် ပြေလည်သွားတာပေါ့။ ရှေ့မှာလည်း အရှင်ဂမ္ဘီရတို့၊ ရွှေညဝါတို့ကို ဒီလိုပဲ ဓမ္မစက်နဲ့ကိုင်တွယ်ခဲ့ဖူးတာပဲ။ မရတဲ့အဆုံးကျမှ အာဏာစက်ဆိုတာ ပါရတာကိုး။
အခုလည် ဦးဇင်းအမှုကို ဓမ္မစက်နဲ့ အရင်ကိုင်တွယ်ရမှာဖြစ်တယ်။ သူတို့က ဘောင်ကျော်ပြီးလုပ်တာ၊ သူတို့က နောက်ဆုတ်သွားတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဆရာတော်ကြီးတွေက သံဃာ့လုပ်ထုံးလုပ်နည်းတွေက ဒီလိုတော့ရှိတယ်လို့ ပြောနေတာကိုမှ သူတို့က ဖမ်းမယ်ဆီးမယ်ဆိုရင်တော့ အာဏာရှင့် အာဏာရှင်ကြီး၊ အာဏာရှင့် အာဏာရှင်စနစ် ပေါ်ပေါက်လာပြီလို့ သတ်မှတ်ရမှာပေါ့။ အဲဒီလိုဆိုရင်တော့ တိုင်းပြည်ရဲ့ကံကြမ္မာက ကံဆိုးမိုးမှောင်ကျနေပြီလို့ပဲ သုံးသပ်ရမှာပေါ့။

ငြိမ်း- ဒီတစ်ပတ်အတွက်ပေါ့ဘုရား၊ ဒီတစ်ပတ်အတွက်ဆိုတာက နောက်အပတ်တွေ နောက်အပတ်တွေ ဆိုတာကလည်း မသေချာပါဘူးဘုရား။ ဖြစ်နိုင်မယ်ဆိုရင်တော့ အပတ်စဉ်လေး ရရင်ရသလိုလေး အင်တာဗျူးခွင့်ရချင်သလို ရဖို့လည်းကြိုးစားပါ့မယ်ဘုရား။ ခု အဆက်အသွယ်ရတဲ့ အချိန်လေးအတွင်းမှာပဲ ဒီတစ်ပတ်အတွက် ဘာများပြောချင်ပါသလဲဘုရား။
ဆရာတော်- အမျိုးသားရေးသမားတွေ ဆုတောင်းပေးတာကိုလည်း ဦးဇင်းကဝမ်းသာတယ်။ အခမ်းအနား

တွေမှာလည်း တက်ညီလက်ညီ တွေ့ရတဲ့အတွက်ကြောင့် အားတက်တယ်။ ပြောနေကြအတိုင်းပဲ တစ်ဗိုလ်ကျ တစ်ဗိုလ်တက်စနစ်နဲ့သွားပါ။ တက်ကုန်လှော်ရင်း အဆန်ခရီးကို ဖြတ်သန်းကြပါ။ တက်ကျိုးရင် လက်ထိုးလှော်နိုင်အောင် ခုကတည်းက ခွန်အားတွေမွေးထားကြပါလို့ မှာချင်ပါတယ်။