ဂ်ာနယ္သတင္းအင္တာဗ်ဴး

ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာဒီမိုကေရစီေခတ္က်မွပဲ ႀကံဳဖူးတယ္ – (က)

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၁)၊ 12.7.2019)

ဒီအင္တာဗ်ဴးဟာ ဆရာေတာ္ဦးဝီရသူရဲ႕ အိမ္နိမ့္စံေန႔ရက္မ်ားအတြင္း ျပဳလုပ္ထားတဲ့ သံုးခုေျမာက္အင္တာဗ်ဴး ျဖစ္ပါတယ္။ ဆရာေတာ္က အခ်ိန္ရရင္ ရသလို ဆက္သြယ္ၿပီး ျပဳလုပ္ရတဲ့အင္တာဗ်ဴးမ်ားျဖစ္တဲ့အတြက္ အင္တာဗ်ဴးေတြဟာ အခ်ိတ္အဆက္မဲ့တာ၊ တစ္စစီျပန္႔က်ဲေနတာမ်ိဳးေတြလည္း ျဖစ္ေနႏုိင္ပါတယ္။
တိမ္းေရွာင္ေနရတဲ့ၾကားကပဲ ျပည္ခ်စ္သားဂ်ာနယ္အတြက္ သတိတရနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခြင့္ေပးတဲ့ ဆရာေတာ္ရဲ႕ စာဖတ္သူေတြအေပၚမွာထားတဲ့ေစတနာနဲ႔ ဂ်ာနယ္အေပၚမွာထားတဲ့ စာေပခ်စ္စိတ္ကိုလည္း အထင္းသား ျမင္ရႏုိင္ပါတယ္။ ဆရာေတာ္ အားလံုးနဲ႔ ႐ုတ္တရက္အဆက္အသြယ္ျပတ္သြားခ်ိန္မွာ ဒီအင္တာဗ်ဴးေတြဆီက ဆရာေတာ္ေပးတဲ့ သတင္းစကားကို ေကာင္းစြာၾကားရၿပီး ဆရာေတာ္ေဖာက္တဲ့ အမ်ိဳးသားႏုိင္ငံေရးလမ္းမေပၚကို ရဲရဲေလွ်ာက္ႏုိင္ၾကေစဖို႔ ရည္ရြယ္တင္ဆက္ေပးလိုက္ပါတယ္။

ၿငိမ္း- ပထမဆံုး ေမးခြန္းကေတာ့ ဇြန္လ ၂၅ ရက္ေန႔မွာပဲ သာသနာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ မဟနက အာဏာစက္နဲ႔ အေရးယူၿပီးမွသာလွ်င္ ဓမၼစက္ေနာက္ကလိုက္မယ္လို႔ ဆိုပါတယ္ဘုရား။ ဆရာေတာ့္အေနနဲ႔ ဘာမ်ားဆက္လုပ္ဖို႔ စီစဥ္ထားပါသလဲဘုရား။


ဆရာေတာ္- ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာ ဒီမိုကေရစီေခတ္က်မွပဲ ႀကံဳဖူးတာေပါ့ေလ။ ဆရာေတာ္ႀကီးေတြက ထပ္ေခၚယူမယ္ေျပာၿပီး မေခၚျဖစ္တဲ့အခါက်ေတာ့ ရင္ဆုိင္႐ံုေပါ့ကြာ။ ဆရာေတာ္ႀကီးေတြက ကာယကံရွင္ျဖစ္တဲ့ ဦးဇင္းဆီကို စာပို႔ရမယ့္တာဝန္ရွိတယ္။ အခုခ်ိန္ထိ စာမပို႔ဘဲထားတာေတာ့ မေကာင္းဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္တစ္ခါတုန္းကလည္း ရက္ေရႊ႕ဆိုင္းတယ္ဆိုၿပီး ေၾကညာခ်က္ထုတ္တယ္၊ ဦးဇင္းဆီကိုလည္း စာပို႔တယ္ေလ။ အခုက်ေတာ့ အစည္းအေဝးဆံုးျဖတ္ခ်က္က ဒီလို..ဒီလိုပဲ ေၾကညာခ်က္ေတြ႕ရတယ္။ အာဏာစက္နဲ႔ အရင္ရင္ဆုိင္ပါဆိုတဲ့ ညြန္ၾကားလႊာေတာ့ လုပ္ထံုးလုပ္နည္းအရဆိုရင္ ထုတ္ေပးရမွာေပါ့။ အဲဒီတစ္ခုေလး ဆရာေတာ္ႀကီးေတြဘက္က လိုအပ္တာ။

ၿငိမ္း- အရွင္ဘုရားက ပုဒ္မ ၁၂၄-ကနဲ႔ တရား စြဲဆိုတဲ့အမႈကို ရင္ဆုိင္မယ္ဆိုေတာ့ လက္ရွိအခ်ိန္မွာ တရားလိုျပသက္ေသ ၉ ဦးထဲက ၆ ဦးေတာင္ စစ္ၿပီးသြားၿပီေပါ့ဘုရား။ က်န္တဲ့ ၃ ဦး ကလည္း ဇူလိုင္ ၉ ရက္ေန႔မွာ စစ္မယ္လို႔ သိရပါတယ္။ အခုအခ်ိန္အထိ အရွင္ဘုရားက ေရွာင္တိမ္းေနရဆဲဆိုေတာ့ အရွင္ဘုရားဘက္က နစ္နာမႈ မရွိႏုိင္ဘူးလားဘုရား။


ဆရာေတာ္- မရွိပါဘူးကြာ။ ဒီအစိုးရကေတာ့ဘယ္ေလာက္အထိေအာင္ ကိုယ့္ဘက္သက္ေသသကၠာယနဲ႔ ေခ်ပေခ်ပသူကေတာ့ ဘယ္ေလာက္ထိ ခ်ေပးပါဆိုတဲ့ အမိန္႔ႀကီးကေတာ့ ညႊန္ၾကားၿပီးသား ျဖစ္မွာပါ။ လူေတြကေတာ့ မွတ္တမ္းက်န္ေအာင္ ရင္ဆုိင္ေစခ်င္တာေပါ့။ ဦးဇင္းက်ေတာ့လည္းပဲ ဆရာေတာ္ႀကီးေတြက ဓမၼစက္နဲ႔ ကိုင္တြယ္ဖို႔ လုပ္ထားတာကို သူတို႔ေတြက အတင္းေက်ာ္ခြၿပီးေတာ့ အာဏာစက္နဲ႔ကိုင္ဖို႔လုပ္တယ္၊ ဓမၼစက္၊ အာဏာစက္ ဘယ္ဟာ ဘယ္လိုကိုင္ရမယ္ အဆံုးအျဖတ္ျဖင့္ မရေသးဘူး မ်က္ကြယ္မွာ တရားစီရင္တယ္ဆိုေတာ့ ဒီမိုကေရစီေခတ္ရဲ႕ တရားစီရင္မႈကို ဦးဇင္းဘက္က အယံုအၾကည္ မရွိဘူးေပါ့ကြာ။
စစ္အစိုးရလက္ထက္က တရားသူႀကီးေတြက အထက္အမိန္႔ အာဏာအရ အလုပ္လုပ္ခဲ့ရၿပီး တရားသူႀကီးေတြဆီကိုလည္း အိတ္ပိတ္စာအိတ္ေတြ ေရာက္လာတတ္တယ္။ အိတ္ပိတ္စာအိတ္ဆိုတာ တရားသူႀကီးဆီကို အစိုးရက ဘယ္သူ႔ကိုဘယ္လုိဆို ေရးထားတဲ့ဟာေပါ့။ စစ္အစိုးရလက္ထက္က တရားသူႀကီးေတြရဲ႕ ဉာဏ္ပညာနဲ႔ ဆင္ျခင္တံုတရားထက္ စာအိတ္ထဲပါတဲ့ဟာကို ဖတ္ျပေနရတဲ့ အဆင့္ကိုေရာက္ခဲ့တာတာေပါ့။ အခုေရာ ဘာကြာသလဲ၊ ဦးဇင္းအျမင္မွာေတာ့ သိပ္မထူးလွဘူးလုိ႔ ယူဆတယ္။ အဲဒါေၾကာင့္ ဒီအစိုးရလက္ထက္ တရားစီရင္ေရးကို အယံုအၾကည္မရွိတဲ့အတြက္ေၾကာင့္ ဦးဇင္းက ခုခံေခ်ပဖို႔ စိတ္ကူးမရွိပါဘူး။

ၿငိမ္း- တရားလို အေနာက္ပိုင္းခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦးစန္းမင္းက ၿမိတ္မွာေဟာေျပာခဲ့စဥ္က ေဟာေျပာခ်က္ေတြကို သက္ေသအျဖစ္ တင္သြင္းတာေတြ႕ပါတယ္ဘုရား။ ရဟန္းတစ္ပါးအေနနဲ႔ သင့္ေတာ္မႈမရွိတဲ့ ႐ုန္႔ရင္းၾကမ္းတမ္းတဲ့ စကားေတြကို ေဟာေျပာတယ္၊ အမုန္းပြားေစဖို႔ လႈံ႔ေဆာ္ေဟာေျပာၿပီး အစိုးရကို အၾကည္ညိဳပ်က္ေစတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔အတူ ၿမိတ္ကေဟာေျပာမႈ ဗီဒီယိုမွတ္တမ္းကို တရား႐ံုးမွာ တင္သြင္းတာပါဘုရား။ အဲဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါသလဲဘုရား။


ဆရာေတာ္- အစိုးရကေတာ့ ဖိအားအရ အလုပ္လုပ္ေနတဲ့ အခ်ိန္ကိုး။ စာနယ္ဇင္းေတြက ဖိအားေပးေနရင္ သူ႔ခမ်ာ ျပာေနတာကိုး။ စာနယ္ဇင္းေတြက ဘယ္လို ႏွပ္ေၾကာင္းေပးထားမွန္းမသိဘူး။ ၿမိတ္မွာေဟာတာ မွန္တယ္ေလ။ ရည္ညႊန္းရာ ပုဂၢိဳလ္ကို ရည္ရြယ္တာမွန္တယ္ေလ။ ဒါေပမယ့္ ဌာနအမည္တို႔၊ အဖြဲ႕အစည္းအမည္တို႔ တိုက္႐ိုက္သံုးစြဲမႈမရွိရင္ ဥပေဒနဲ႔ မၿငိစြန္းဘူး။ အဲဒါ ေဘာင္ထဲကေျပာတယ္ လို႔ ေခၚတယ္။ အဲဒီလိုေဘာင္ထဲကေျပာတာေတြဟာ စစ္အစိုးရလက္ထက္မွာေတာင္ရွိတယ္။
အဲဒါေၾကာင့္မို႔ သူတို႔တေတြက ဒီစကားႀကီးကေတာ့ ဘယ္သူ႔ကိုေျပာတာပါ၊ ဒီစကားႀကီး ကေတာ့ ဘယ္ဝါကိုေျပာတာပါ ဆိုၿပီး ေဘးတီး ရန္တိုက္ေပးေနၾကတာကို မခံႏိုင္ဘဲနဲ႔ အတင္းစြဲခ်င္ ျပဳခ်င္ ေထာင္ခ်ခ်င္ေနတာျဖစ္မယ္။
(ဆက္လက္ေဖာ္ျပပါမည္)

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်”(က)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019)

ဒီအင်တာဗျူးဟာ ဆရာတော်ဦးဝီရသူရဲ့ အိမ်နိမ့်စံနေ့ရက်များအတွင်း ပြုလုပ်ထားတဲ့ သုံးခုမြောက်အင်တာဗျူး ဖြစ်ပါတယ်။ ဆရာတော်က အချိန်ရရင် ရသလို ဆက်သွယ်ပြီး ပြုလုပ်ရတဲ့အင်တာဗျူးများဖြစ်တဲ့အတွက် အင်တာဗျူးတွေဟာ အချိတ်အဆက်မဲ့တာ၊ တစ်စစီပြန့်ကျဲနေတာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။
တိမ်းရှောင်နေရတဲ့ကြားကပဲ ပြည်ချစ်သားဂျာနယ်အတွက် သတိတရနဲ့ အင်တာဗျူး ပြုလုပ်ခွင့်ပေးတဲ့ ဆရာတော်ရဲ့ စာဖတ်သူတွေအပေါ်မှာထားတဲ့စေတနာနဲ့ ဂျာနယ်အပေါ်မှာထားတဲ့ စာပေချစ်စိတ်ကိုလည်း အထင်းသား မြင်ရနိုင်ပါတယ်။ ဆရာတော် အားလုံးနဲ့ ရုတ်တရက်အဆက်အသွယ်ပြတ်သွားချိန်မှာ ဒီအင်တာဗျူးတွေဆီက ဆရာတော်ပေးတဲ့ သတင်းစကားကို ကောင်းစွာကြားရပြီး ဆရာတော်ဖောက်တဲ့ အမျိုးသားနိုင်ငံရေးလမ်းမပေါ်ကို ရဲရဲလျှောက်နိုင်ကြစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ်။

ငြိမ်း- ပထမဆုံး မေးခွန်းကတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မဟနက အာဏာစက်နဲ့ အရေးယူပြီးမှသာလျှင် ဓမ္မစက်နောက်ကလိုက်မယ်လို့ ဆိုပါတယ်ဘုရား။ ဆရာတော့်အနေနဲ့ ဘာများဆက်လုပ်ဖို့ စီစဉ်ထားပါသလဲဘုရား။
ဆရာတော်- ဓမ္မစက်ကို မထေမဲ့မြင်ပြုတာ ဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတာပေါ့လေ။

ဆရာတော်ကြီးတွေက ထပ်ခေါ်ယူမယ်ပြောပြီး မခေါ်ဖြစ်တဲ့အခါကျတော့ ရင်ဆိုင်ရုံပေါ့ကွာ။ ဆရာတော်ကြီးတွေက ကာယကံရှင်ဖြစ်တဲ့ ဦးဇင်းဆီကို စာပို့ရမယ့်တာဝန်ရှိတယ်။ အခုချိန်ထိ စာမပို့ဘဲထားတာတော့ မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခါတုန်းကလည်း ရက်ရွှေ့ဆိုင်းတယ်ဆိုပြီး ကြေညာချက်ထုတ်တယ်၊ ဦးဇင်းဆီကိုလည်း စာပို့တယ်လေ။ အခုကျတော့ အစည်းအဝေးဆုံးဖြတ်ချက်က ဒီလို..ဒီလိုပဲ ကြေညာချက်တွေ့ရတယ်။ အာဏာစက်နဲ့ အရင်ရင်ဆိုင်ပါဆိုတဲ့ ညွန်ကြားလွှာတော့ လုပ်ထုံးလုပ်နည်းအရဆိုရင် ထုတ်ပေးရမှာပေါ့။ အဲဒီတစ်ခုလေး ဆရာတော်ကြီးတွေဘက်က လိုအပ်တာ။

ငြိမ်း- အရှင်ဘုရားက ပုဒ်မ ၁၂၄-ကနဲ့ တရား စွဲဆိုတဲ့အမှုကို ရင်ဆိုင်မယ်ဆိုတော့ လက်ရှိအချိန်မှာ တရားလိုပြသက်သေ ၉ ဦးထဲက ၆ ဦးတောင် စစ်ပြီးသွားပြီပေါ့ဘုရား။ ကျန်တဲ့ ၃ ဦး ကလည်း ဇူလိုင် ၉ ရက်နေ့မှာ စစ်မယ်လို့ သိရပါတယ်။ အခုအချိန်အထိ အရှင်ဘုရားက ရှောင်တိမ်းနေရဆဲဆိုတော့ အရှင်ဘုရားဘက်က နစ်နာမှု မရှိနိုင်ဘူးလားဘုရား။


ဆရာတော်- မရှိပါဘူးကွာ။ ဒီအစိုးရကတော့ဘယ်လောက်အထိအောင် ကိုယ့်ဘက်သက်သေသက္ကာယနဲ့ ချေပချေပသူကတော့ ဘယ်လောက်ထိ ချပေးပါဆိုတဲ့ အမိန့်ကြီးကတော့ ညွှန်ကြားပြီးသား ဖြစ်မှာပါ။ လူတွေကတော့ မှတ်တမ်းကျန်အောင် ရင်ဆိုင်စေချင်တာပေါ့။ ဦးဇင်းကျတော့လည်းပဲ ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ကိုင်တွယ်ဖို့ လုပ်ထားတာကို သူတို့တွေက အတင်းကျော်ခွပြီးတော့ အာဏာစက်နဲ့ကိုင်ဖို့လုပ်တယ်၊ ဓမ္မစက်၊ အာဏာစက် ဘယ်ဟာ ဘယ်လိုကိုင်ရမယ် အဆုံးအဖြတ်ဖြင့် မရသေးဘူး မျက်ကွယ်မှာ တရားစီရင်တယ်ဆိုတော့ ဒီမိုကရေစီခေတ်ရဲ့ တရားစီရင်မှုကို ဦးဇင်းဘက်က အယုံအကြည် မရှိဘူးပေါ့ကွာ။
စစ်အစိုးရလက်ထက်က တရားသူကြီးတွေက အထက်အမိန့် အာဏာအရ အလုပ်လုပ်ခဲ့ရပြီး တရားသူကြီးတွေဆီကိုလည်း အိတ်ပိတ်စာအိတ်တွေ ရောက်လာတတ်တယ်။ အိတ်ပိတ်စာအိတ်ဆိုတာ တရားသူကြီးဆီကို အစိုးရက ဘယ်သူ့ကိုဘယ်လိုဆို ရေးထားတဲ့ဟာပေါ့။ စစ်အစိုးရလက်ထက်က တရားသူကြီးတွေရဲ့ ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရားထက် စာအိတ်ထဲပါတဲ့ဟာကို ဖတ်ပြနေရတဲ့ အဆင့်ကိုရောက်ခဲ့တာတာပေါ့။ အခုရော ဘာကွာသလဲ၊ ဦးဇင်းအမြင်မှာတော့ သိပ်မထူးလှဘူးလို့ ယူဆတယ်။ အဲဒါကြောင့် ဒီအစိုးရလက်ထက် တရားစီရင်ရေးကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် ဦးဇင်းက ခုခံချေပဖို့ စိတ်ကူးမရှိပါဘူး။

ငြိမ်း- တရားလို အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစန်းမင်းက မြိတ်မှာဟောပြောခဲ့စဉ်က ဟောပြောချက်တွေကို သက်သေအဖြစ် တင်သွင်းတာတွေ့ပါတယ်ဘုရား။ ရဟန်းတစ်ပါးအနေနဲ့ သင့်တော်မှုမရှိတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေကို ဟောပြောတယ်၊ အမုန်းပွားစေဖို့ လှုံ့ဆော်ဟောပြောပြီး အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ မြိတ်ကဟောပြောမှု ဗီဒီယိုမှတ်တမ်းကို တရားရုံးမှာ တင်သွင်းတာပါဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲဘုရား။


ဆရာတော်- အစိုးရကတော့ ဖိအားအရ အလုပ်လုပ်နေတဲ့ အချိန်ကိုး။ စာနယ်ဇင်းတွေက ဖိအားပေးနေရင် သူ့ခမျာ ပြာနေတာကိုး။ စာနယ်ဇင်းတွေက ဘယ်လို နှပ်ကြောင်းပေးထားမှန်းမသိဘူး။ မြိတ်မှာဟောတာ မှန်တယ်လေ။ ရည်ညွှန်းရာ ပုဂ္ဂိုလ်ကို ရည်ရွယ်တာမှန်တယ်လေ။ ဒါပေမယ့် ဌာနအမည်တို့၊ အဖွဲ့အစည်းအမည်တို့ တိုက်ရိုက်သုံးစွဲမှုမရှိရင် ဥပဒေနဲ့ မငြိစွန်းဘူး။ အဲဒါ ဘောင်ထဲကပြောတယ် လို့ ခေါ်တယ်။ အဲဒီလိုဘောင်ထဲကပြောတာတွေဟာ စစ်အစိုးရလက်ထက်မှာတောင်ရှိတယ်။
အဲဒါကြောင့်မို့ သူတို့တတွေက ဒီစကားကြီးကတော့ ဘယ်သူ့ကိုပြောတာပါ၊ ဒီစကားကြီး ကတော့ ဘယ်ဝါကိုပြောတာပါ ဆိုပြီး ဘေးတီး ရန်တိုက်ပေးနေကြတာကို မခံနိုင်ဘဲနဲ့ အတင်းစွဲချင် ပြုချင် ထောင်ချချင်နေတာဖြစ်မယ်။
(ဆက်လက်ဖော်ပြပါမည်)