သတင်း

အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာ

“ပြည်သူကို အကာအကွယ်ပေးသော တပ်မတော်အား ပြည်သူက ပြန်လည်ကာကွယ်ခြင်း”
(ဒီကနေ့ ထားဝယ်မြို့မှာကျင်းပတဲ့ မြန်မာ့တပ်မတော် ထောက်ခံပွဲမှာ ပန်းသုံးဝကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကုသလ ဖတ်ကြားသော အရှင်ဝီရသူ၏ အမျိုးသားရေးသဝဏ်လွှာဖြစ်ပါတယ်။)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲသို့ ပေးပို့အပ်သော ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)၏ အမျိုးသားရေးသဝဏ်လွှာ။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ကျင်းပအပ်သော မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်း ကောင်းများထောက်ခံပွဲသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များနှင့် မျိုးချစ်ပြည်သူအပေါင်းတို့……….
ယနေ့မြန်မာပြည်သည် ပြည်ပကျူးကျော်မှုဒဏ်ကို အလူးအလဲခံနေရချိန်ဖြစ်ပါသည်။ အကြမ်းဖက် သမားများခေါင်းဆောင်သော ခိုးဝင်ဘင်္ဂလီအဖွဲ့သည် ရခိုင်ပြည်ကို လိုချင်မှုအားကြီးသော ဝိသမလောဘ ဖြင့် ဂျီဟဒ်စစ်ပွဲကြီးကို ဖန်တီးခဲ့ကြပါသည်။ အဆိုပါ ဂျီဟဒ်စစ်ပွဲကြီးကို ဂျီဟဒ်စစ်ပွဲမှန်းမသိအောင် လူမျိုးရေး ဘာသာရေးအသွင် ဖန်တီးထားကြပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင် မောင်တောမြို့နယ်များတွင် ရခိုင်တိုင်းရင်းသားများက ၂%မျှသာရှိတော့သော်လည်း ရခိုင်တိုင်းရင်းသားများကို လူများစုထင်အောင် နိုင်ငံတကာကို လှည့်စားထား ကြပါသည်။

ရိုဟင်ဂျာလူမျိုးအတုဖန်တီးကာ တိုင်းရင်းသားဖြစ်သယောင် လိမ်ညာခြင်း၊ ဘင်္ဂလီတွေကို လူနည်းစုထင်အောင် လိမ်ညာခြင်း၊ ရခိုင်တွေက အကြမ်းဖက်သယောင် လိမ်ညာခြင်းများ ပြုလုပ်၍ ကမ္ဘာကြီးကို လှည့်စားထားကြပါသည်။

သြဂုတ်လ ၂၅ရက်နေ့၌ ရဲကင်းပေါင်း ၃၀နှင့် တပ်မတော်တပ်ရင်းတစ်ခုကို တစ်ပြိုင်နက် ဝင်စီးပြကာ ဘင်္ဂလီများကို ထိုးကျွေးပစ်လိုက်ပါသည်။ ဘင်္ဂလီအလောင်းများကို ပစ်မထားခဲ့ကြဘဲ ပြန်သယ် ယူသွားကာ ကုလသမဂ္ဂထံလိမ်ညာတိုင်ဖို့ အထောက်အထားလုပ်ခဲ့ကြပါသည်။

တပ်သားဆယ်ဦးသာရှိသော ရဲကင်းတစ်ခုကို ထောင်ချီသော ဘင်္ဂလီလူအုပ်ကြီးက အသေခံဝင်စီးခြင်းဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ရသလို ရဲကင်းစခန်းများ တိုင်းရင်းသား ကျေးရွာများ လက်လွတ်သွားခဲ့ရပါသည်။

ရဲကင်းစခန်းများက အဆင့်မမီ၍ မလုံခြုံကြသလို ကျည်ဆံမလောက်ငခြင်း၊ လက်နက်များ ခေတ်မမီခြင်းတို့ကြောင့် ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်ကိုသာ အားကိုးခဲ့ရပါသည်။

မြန်မာ့တပ်မတော်သားများသာ အချိန်မီရောက်မလာခဲ့လျှင် ရခိုင်ပြည်သူများ လူမျိုးတုံး သတ်ဖြတ်ခံရတော့မှာ သေချာပါသည်။ ရခိုင်ပြည်သူများ လူမျိုးတုံးသတ်ဖြတ်ခံရလျှင် ဘူးသီးတာင် မောင်တောမြို့ကြီးများ အချုပ်အခြာအာဏာ ကျဆုံးမှာလည်း သေချာပါသည်။

နိုင်ငံ့အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်သည့် အနေဖြင့် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေးများ လုပ်သည့်အခါ၌လည်း ယခုကဲ့သို့သော ပြည်ပစွက်ဖက်မှုဒဏ်ကို ခံခဲ့ရပါသည်။

ပြည်ပဒဏ်ခံရမည့်အရေးကြောင့် မြန်မာ့တပ်မတော်ကြီး နှာစေးနေလျှင်လည်း နိုင်ငံ့အချုပ်အခြာ ကျဆုံးပြီး တိုင်းရင်းသားများ အသက်အိုးအိမ် ဆုံးရှုံးမည်ဖြစ်ပါသည်။

နိုင်ငံ့အချုပ်အခြာနှင့် တိုင်းရင်းသားများ၏ အသက်အိုးအိမ်ကို ကာကွယ်လျှင်လည်း အမေရိကန် ဗြိတိန်နှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားဒဏ်ခံကြရမည် ဖြစ်ပါသည်။

ဤလမ်းနှစ်သွယ်တွင် ပိတ်ဆို့လျှင်ပိတ်ဆို့ပါစေ အချုပ်အခြာ အာဏာ မကျဆုံးစေရဟူသော သံမဏိစိတ်ဓာတ်ဖြင့်လည်းကောင်း၊ အရေးယူခံရလျှင်လည်း ခံရပါစေ တိုင်းရင်းသားပြည်သူများကို လျစ်လျူမရှုနိုင်ဟူသော မွန်မြတ်သည့်စိတ်ထားဖြင့်လည်းကောင်း ဒုတိယလမ်းကို ရွေးချယ်ခဲ့သော မြန်မာ့ တပ်မတော်၏ ပေးဆပ်မှုကို နိုင်ငံသူ နိုင်ငံသားတိုင်းက အသိအမှတ်ပြုရမည်ဖြစ်ပါသည်။

မိမိတိုင်းပြည်၏ အချုပ်အခြအာဏာကို ကာကွယ်သောကြောင့် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှု ပြစ်ဒဏ်ကို ခံယူခဲ့ရသူအဖြစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးက ထိပ်ဆုံးမှ စာရင်းဝင်သွားပြီဖြစ်ပါသည်။

ဟိန္ဒူလူမျိုးတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့သော ဘင်္ဂလီအကြမ်းဖက်သမားများကို မြှောက်စား ထားပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကာကွယ်သော မြန်မာ့တပ်မတော်ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူနေသော အမေရိကန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ရပ်သည် စက်ဆုပ်ရွံရှာဖွယ် အတိ ဖြစ်နေတော့၏။

မြန်မာ့အရေးကိစ္စမှန်သမျှသည် မြန်မာအစိုးရ၏ တာဝန်ဖြစ်သော်လည်း တပ်မတော်အပေါ် အန္တရာယ်မကျရောက်အောင် မြန်မာအစိုးရက အကာအကွယ်မပေးခဲ့ပါ။ တပ်မတော်အပေါ် ကျရောက်လာ သော အန္တရာယ်ကိုလည်း လူကြီးပီပီ ခေါင်းခံဖြေရှင်းဖယ်ရှားခြင်းများလည်း မပြုလုပ်ခဲ့ပါ။

ပြည်သူကို အကာအကွယ်ပေးသော တပ်မတော်ကို ပြည်သူကပင် အကာအကွယ်ပေးရပါတော့ မည်။ ယခုလို ထောက်ခံကြိုဆိုပွဲကြီး ပြုလုပ်လိုက်ခြင်းဖြင့် ကျရောက်လာနိုင်သော အန္တရာယ်များ တန့်ရပ်သွားနိုင်သလို ကျရောက်နေသော အန္တရာယ်များ လျော့ပါးသွားမှာဖြစ်ပါသည်။

မြန်မာ့အချုပ်အခြာအာဏာကို အကာအကွယ်ပေးသော မြန်မာ့တပ်မတော်ကြီး ဘေးကင်းလုံခြုံ နိုင်ပါစေ။ မြန်မာပြည်သူပြည်သားများ အကြမ်းဖက်ဘေးမှ ဝေးကြပါစေ။ မြန်မာ့အချုပ်အခြာအာဏာ ထာဝရတည်မြဲနိုင်ပါစေ။

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)