သတင်း

အိမ်တက်မင်္ဂလာဆွမ်းကပ်အလှူတော်

နယုန်လပြည့်ကျော် ၉ ရက် 18.6.2017 မနက် 11:00 နာရီ မန္တလေး အောင်မြေသာစံမြို့နယ် ညောင်ကွဲကွက်သစ်ရပ်ကွက် ဦးကျော်ဝင်း+ဒေါ်ကြင်ကြင်မြိုင်တို့နေအိမ်မှာ ကျင်းပပါတယ်။

10:30 နာရီ စာချပြီးမှ သွားရတာဖြစ်လို့ ဆွမ်းစားပြီးမှ ဘုရားအနေကဇာတင်ခြင်း ပရိတ်တရားဟောခြင်း ရေစက်ချအမျှဝေခြင်းပြုလုပ်ရပါတယ်။

ဦးကျော်ဝင်း+ဒေါ်ကြင်ကြင်မြိုင်ဆိုတာ စာရေးသူ မော်စကိုသာသနာပြုမသွားရောက်ခင်ကတည်းက လှူဒါန်းထောက်ပံ့ကြတဲ့ အမျိုးသားရေး ဒေါင်ဒေါင်မြည် မျိုးချစ်ပုဂ္ဂိုလ်များဖြစ်ကြပါတယ်။ လောလောဆယ်တော့ စာရေးသူတည်ထောင်ထားတဲ့ နဂါးနီစုဘူးအသင်း ဗဟို EC အနေနဲ့ ပါရမီကုသိုလ်မြောက် ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်နေတာ ၅ နှစ်ကျော်ခဲ့ပါပြီ။

ဝါဆိုသင်္ကန်းလည်းကပ် ပရိတ်တရားလည်း နာယူကြပါတယ်။ ဒကာကြီးဦးကျော်ဝင်း+ဒကာမကြီးဒေါ်ကြင်ကြင်မြိုင်မိသားစု ဤကုသိုလ်ကောင်းမှုကြောင့် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။