သတင်း

အိမ်ရှင်အခွင့်အရေး

မလေးရှားဆီးဂိမ်းမှာ အင်ဒိုနီးရှားအမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့ တပ်ခေါက်ပြီးပြန်တဲ့သတင်းဖတ်လိုက်ရတယ်။ အခြားအခြားသောပွဲစဉ်တွေမှာ ဒိုင်ညစ်တာတွေလည်း ကြားနေရတယ်။ ဒါလေးကို ဆက်စပ်တွေးမိတာနဲ့ ဒီခေါင်းစဉ်လေးတပ်လိုက်တာပါ။

တကယ်တော့ အိမ်ရှင်အခွင့်အရေးဆုံးရှုံးနေတာ မြန်မာတစ်နိုင်ငံပဲရှိပါတယ်။ မလေးရှားအကြောင်းပဲဆက်ပြောရရင် မလေးရှားနိုင်ငံရဲ့ လူမျိုးရေး ဘာသာရေး စီးပွားရေး နိုင်ငံရေး အုပ်ချုပ်ရေး စတဲ့အခန်းကဏ္ဍတွေမှာ အိမ်ရှင်အခွင့်အရေးအပြည့်အဝရှိပြီးသားပါ။

အားကစားကဏ္ဍမှာ အခုမှ ပိုပြီးသိသာလာတာပါ။ ဘယ်နိုင်ငံမှာမဆို အိမ်ရှင်အခွင့်အရေးရှိပါတယ်။ အိမ်ရှင်အခွင့်အရေးမရှိတာဆိုလို့ ကမ္ဘာမှာ မြန်မာတစ်နိုင်ငံပဲရှိပါတယ်။ မလေးရှားဟာ အိမ်ရှင်အခွင့်အရေးကို လိုအပ်တာထက်ပိုယူလို့ အဝေဖန်ခံနေရတာပါ။

ဘောင်အတွင်းကနေ မသိမသာယူသွားရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့။ မြန်မာအကြောင်းပြောတော့မယ်။ အိမ်ရှင်အခွင့်အရေးဆုံးရှုံးခဲ့ပုံတွေပါ။ သမ္မတကြီးဦးဝင်းမောင်(မန်းဝင်းမောင်)လက်ထက်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

၁၉၆၁ ခုသြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁း၂၅ နာရီအချိန် သမ္မတအိမ်တော်မှာ သမ္မတကြီးဦးဝင်းမောင်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး အတည်ပြု ပြဋ္ဌာန်းပေးခဲ့တာပါ။ လူမျိုးစုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်နှစ်ရပ်လုံးမှာ မဲအပြတ်အသတ်ဖြင့် အဆိုအောင်ခဲ့တာပါ။

ထူးခြားသည်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ မန်းဘဆိုင်က ခရဇ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ အာဇာနည်ကိုးဦးထဲက မန်းဘခိုင်ရဲ့ညီဖြစ်ပါတယ်။ ယခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းရဲ့အဖိုးဖြစ်ပါတယ်။ ထို့အတူ သမ္မတကြီးဦးဝင်းမောင်ကလည်း ခရဇ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။

အဲဒီလို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပေမဲ့ ဒီကနေ့အထိ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရခြင်းရဲ့ အကျိုးတရားတွေကို မခံစားရသေးပါဘူး။ ဒီမိုကရေစီဆိုတာ အများစုကိုဦးစားပေးရတဲ့ စနစ်လို့ဆိုကြပေမဲ့ အများစုရဲ့ဆန္ဒမဲတွေနဲ့တက်လာတဲ့ ဒီမိုကရေစီ အစိုးရက အများစုအခွင့်အရေးကို ဦးစားမပေးဘဲ တန်းတူညီမျှရေး တန်းတူညီမျှရေးနဲ့ အိမ်ရှင်အခွင့်အရေးကို ဖဲ့ထုတ်ပြီး ဧည့်သည်ကိုပေးနေတာပဲ တွေ့နေရပါတယ်။

ဥပမာ ဦးသိန်းစိန်အစိုးရလက်ထက် အမေရိကန်သံရုံးရှေ့ ဆန္ဒပြတဲ့သူတွေကို တရားစွဲပါတယ်။ ခွင့်ပြုချက်မတင်လို့ စွဲတာပါ။ နောက်ဆုံးတော့ ဒဏ်ငွေနဲ့ပဲ အဆုံးသတ်ပေးလိုက်ပါတယ်။ အမေရိကန်လို နိုင်ငံကြီးနဲ့ စိုသောလက်မခြောက်ရအောင်သာ တရားစွဲပြတာဖြစ်ပြီး ကိုယ့်ပြည်သူတွေကို ရက်ရက်စက်စက် မလုပ်ခဲ့ပါ။

NLD အစိုးရလက်ထက်မှာတော့ အမေရိကန်ကိုမျက်နှာလုပ်တဲ့အနေနဲ့ ပုဒ်မ ၁၉ နဲ့စွဲလိုက်တယ်။ ပုဒ်မ ၁၉ ကနုနေတော့ ၅၀၅(ခ)နဲ့ထပ်စွဲလိုက်တယ်။ အမေရိကန်အစိုးရအကြိုက် လုပ်ဆောင်တာထင်ရှားသလို NLD အစိုးရ တရားဥပဒေကို မလေးစားတာလဲ ထင်ရှားသွားခဲ့တယ်။

ပိုဆိုးတာက အမေရိကန်သံရုံးရဲ့ လုပ်ဆောင်ချက်ကို ရှုတ်ချမှုက နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေတယ် ဆိုတဲ့ စွပ်စွဲချက်ပါပဲ။ ကိုယ်မပြောရဲတဲ့စကား ကိုယ်မလုပ်ရဲတဲ့အလုပ် ကိုယ်မရပ်တည်ရဲတဲ့အခန်းကဏ္ဍကို ကိုယ့်အစား အများပြည်သူက ကြားခံဆောင်ရွက်ပေးတာကို စိတ်ထဲမှာသာဓုခေါ်ရမည့်အစား ၅၀၅(ခ)နဲ့ ဖမ်းချုပ်လိုက်တယ်ဆိုတော့ အဖမ်းခံရသူတွေ အိမ်ရှင်အခွင့်အရေးဆုံးရှုံးသွားခဲ့တာပေါ့။

ဦးသိန်းစိန်အစိုးရလောက် မပါးနပ်သလို ဦးသိန်းစိန်အစိုးရလိုလည်း အိမ်ရှင်အခွင့်အရေး မပေးခဲ့ပါဘူး။ မင်္ဂလာတောင်ညွန့်ကိစ္စ အနီအမတ်တွေဖိအားပေးကြတယ်။ စာနယ်ဇင်းတွေဝိုင်းအာကြတယ်။ ဆူပူအောင်လှုံ့ဆော်တယ်ဆိုတာကြီးပဲ လူသိကုန်တယ်။ တကယ်အကြမ်းဖက်တဲ့သူတွေကိုတော့ ဖုံးကွယ်ထားကြတယ်။ ကုလားတွေအကြမ်းဖက်လို့ ရဲတွေကိုယ်တိုင်ပြေးရပါလျက် နိုင်ငံရေးသမားတွေ စာနယ်ဇင်းသမားတွေ အာဏာပိုင်တွေ သတင်းအမှောင်မကျဘဲ ဗြောင်ကျကျ ထိန်ချန်ထားခဲ့ကြတယ်။

မျိုးချစ်သံဃာတွေတရားခံပြေးဘဝရောက်လို့ရောက်၊ မျိုးချစ်တာဝန်သိပြည်သူတွေ အင်းစိန်ထောင်ထဲရောက်လို့ ရောက်နဲ့ အိမ်ရှင်အခွင့်အရေး ဆုံးရှုံးခဲ့ရပြန်တယ်။ ဧည့်စာရင်းဥပဒေရုပ်သိမ်းလိုက်တဲ့အခါကျတော့ ကိုယ့်ရွာထဲလူစိမ်းတွေဝင်လာတာတောင် မသိချင်ယောင် ဆောင်နေကြရတယ်။ လူစိမ်းဟာ မသင်္ကာစရာကောင်းတဲ့ သံသယသမားဖြစ်နေပေမဲ့ အာဏာပိုင်တွေမှာ ဧည့်စာရင်းစစ်ခွင့်မရှိဘူး။

မောင်တောမှာ ဂျီဟတ်ဝါဒီဘင်္ဂလီတွေက ဒါကိုအခွင့်အရေးယူပြီး အကြမ်းဖက်ဖို့အတွက် ကောင်းကောင်းကြီး ပြင်ဆင်နိုင်ခဲ့ကြတယ်။ အနီအမတ်တွေက စစ်အစိုးရလက်ထက် ခြင်ထောင်ထဲအိပ်နေတဲ့အမျိုးသမီးပါမရှောင် ခြင်ထောင်လှန်အစစ်ခံ ရတဲ့ ဘဝမျိုး ရောက်ခဲ့ကြလို့ ဧည့်စာရင်းဥပဒေကို မုန်းတီးမှုတစ်ခုတည်းနှင့် တစ်မျိုးသားလုံးရဲ့လုံခြုံရေး ဥပဒေကို ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်။

ဒီမှာတင် ကုလားအကြိုက်ဖြစ်သွားတယ်။ ဧည့်စာရင်းဥပဒေဖျက်ဖို့ ဘယ်သူကအကြံပေးတယ်၊ ဘယ်သူတွေဘယ်လောက်အကျိုးဖြစ်ထွန်းသွားတယ် ဆိုတာကတော့ ကာယကံရှင်တွေမှသိမှာပါ။ NLD အစိုးရတက်လာကာစ ပြန်ကြားရေးဝန်ကြီးက သတင်းစာမျက်နှာဖုံးပါ ဗုဒ္ဓရဲ့အဆုံးအမသြဝါဒများကို ချက်ချင်းဖြုတ်ပစ်လိုက်တယ်။ 0တစ်ခြားဘာသာတွေရှိလို့ အကြောင်းပြတယ်။ တန်းတူအခွင့်အရေးကို အကြောင်းပြပြီး အိမ်ရှင်လူများစုအခွင့်အရေးကို ဖဲ့ထုတ်ပစ်လိုက်ပြန်တယ်။

အဲဒီနောက် ဌာနဆိုင်ရာတွေမှာ ဘုရားဆောင်မထားသင့်ကြောင်း သတင်းစာထဲမှာ အတင့်ရဲစွာ တောင်းဆိုလာတယ်။ ဘာသာကြီးလေးခု ဘာသာဝင်များကိုအကြောင်းပြုပြီး အိမ်ရှင်တို့ရဲ့အခွင့်အရေး ဖဲ့ထုတ်ဖို့ ကြံစည်လာခဲ့ပြန်ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီစီမံကိန်းအကောင်အထည်ဖော်တယ်။ အမိန့်ကြော်ငြာစာမထုတ်ရဲတော့ နှုတ်မိန့်နဲ့ဆိုပြီး ဘုရားဆောင်တွေဖြုတ်ခိုင်းလာတယ်။

တရားမဝင်အဆောက်အဦးတွေကို တရားဥပဒေနှင့်အညီ ပယ်ဖျက်မယ်ဆိုပြီး ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေ ဗလီတွေ အာရဗီကျောင်းတွေ စာရင်းကောက်ပြန်တယ်။ ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေထက် ဗလီတွေ အာရဗီကျောင်းတွေက ပိုများတော့ စာရင်းကိုလျှော့တင်ဖို့ အမိန့်ပြန်ချတယ်။ ဒါနဲ့ပဲ ဗလီကိုမဖျက်ရဲတာနဲ့ ဘုန်းကြီးကျောင်းတွေကိုပါ မဖျက်ဖြစ်တော့ဘူး။ ဒီမှာလည်း အိမ်ရှင်အခွင့်အရေး ဆုံးရှုံးခဲ့ရပြန်တာပါပဲ။

NLD အစိုးရကိုမေးချင်တယ် အများစုမဲဆန္ဒနဲ့တက်လာပြီး အများစုအခွင့်အရေးကိုချိုးဖောက်နေတာ ဘာသဘောလဲ။ ပါးစပ်ကဒီမိုကရေစီ လက်က အာဏာရှင်ပုံစံမျိုး လုပ်နေတာလား အခုလည်းလုပ်နေပြန်ပြီ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တွေကို တစ်ခြားဘာသာဝင်တွေကိုပါ ပေးမယ်တဲ့။ ဗုဒ္ဓဘာသာကို တစ်ခြားနိုင်ငံတွေက ထောက်ပံ့တာမဟုတ်ဘူး။ ကိုယ့်နိုင်ငံ ကိုယ့်အစိုးရမထောက်ပံ့ရင် ထောက်ပံ့မည့်နိုင်ငံ မရှိဘူး။ တစ်ခြားဘာသာဝင်တွေကို တစ်ခြားနိုင်ငံအစိုးရတွေနဲ့ အဖွဲ့အစည်းတွေက လိုလေသေးမရှိ ထောက်ပံ့ထားကြတယ်။ မူဆလင်ဆိုရင် ငွေကြေးတင်မကဘူး လက်နက်လိုချင်သလား လူအင်အားလိုချင်သလား နှစ်တစ်ရာစီမံကိန်းလို အကြံဉာဏ်မျိုးလိုချင်သလား နည်းပညာလိုချင်သလား အကုန်ပေးထားတဲ့အပြင် ဟာဂျီလိုဘွဲ့မျိုးတောင် ပေးထားခဲ့ကြတယ်။ မူဆလင်အစိုးရတစ်ခုခုက ဗုဒ္ဓဘာသာကို သူတို့အစ္စလာမ်ဘာသာနဲ့တန်းတူထားပြီး ချီးမြှောက်တဲ့နိုင်ငံကြားဖူးသလား။

တစ်ခြားဘာသာတရားတွေဟာ မြန်မာနိုင်ငံရဲ့မိခင်ဘာသာတရား မဟုတ်ဘူး။ ခရဇ်ယာန်တွေဆိုတာ ကိုယ့်တိုင်းရင်းသားတွေမို့ ကန့်ကွက်စရာမရှိပေမဲ့ အခြားဘာသာဝင်တွေက တိုင်းရင်းသားတွေလား။ အိမ်ရှင်နဲ့ဧည့်သည်ကော ကွဲပြားကြရဲ့လား။ တိုင်းရင်းသားနဲ့ နိုင်ငံသားရော ကွဲပြားကြရဲ့လား။ တိုင်းရင်းသားနဲ့ နိုင်ငံသားကို တန်းတူထားချင်တဲ့သူဟာ နွားထီးငါးကျပ်၊ နွားမငါးကျပ် နွားပွဲစားအဆင့်သာရှိတယ်လို့ မှတ်ရမယ်။ အိမ်ရှင်နှင့်ဧည့်သည်ကို တန်းတူထားချင်တဲ့သူတွေဟာ သားသမီးအရင်းနှင့်ပေါက်လွတ်ပဲစားသူစိမ်းတွေကို မိမိအိမ်ထဲမှာ တန်းတူအခွင့်အရေးပေးဖို့ လုပ်နေခြင်း ဖြစ်တယ်။ သားသမီးအရင်းတွေကို တစ်ဆင့်နှိမ့်ပစ်လိုက်ခြင်းဖြစ်တယ်။

မလေးရှားလို ဒီမိုကရေစီနိုင်ငံကို သေချာကြည့်ပါ။ တစ်ခြားဘာသာဝင်တွေကို တန်းတူအခွင့်အရေးပေးသလား၊ နောက်ဆုံး မူဆလင်နိုင်ငံအချင်းချင်း ပိုက်ကျော်ခြင်းခတ်တာတောင် အင်ဒိုးနီးရှားအသင်းကို တန်းတူအခွင့် အရေးပေးသလား၊ စဉ်းစဉ်းစားစားလုပ်ကြပါဗျာ ငါးနှစ်သက်တမ်းလေးနှင့် တိုင်းပြည်ကိုမဖျက်ဆီးခဲ့ကြပါနဲ့။

ဝီရသူ(မစိုးရိမ်)
23.8.2017
PM 10:37
==========================================================

“မလေးရှားကို မျက်နှာသာပေးခဲ့ခြင်းကြောင့် အင်ဒိုနီးရှားအမျိုးသမီး ပိုက်ကျော်ခြင်းအသင်း ပြိုင်ပွဲက နုတ်ထွက်”
ကွာလာလမ်ပူ၊ သြဂုတ် ၂၁
အင်ဒိုနီးရှား သုံးယောက်တွဲ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် မလေးရှားအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် ဒိုင်လူကြီးက မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည့်အတွက် ပြိုင်ပွဲကို ဆုံးခန်းတိုင်သည်အထိ မယှဉ်ပြိုင်တော့ဘဲ နုတ်ထွက်ကာ ဆန္ဒပြကန့်ကွက် သွားခဲ့ကြောင်း Bernama က ဖော်ပြထားသည်။
မလေးရှားအမျိုးသမီးအသင်းနှင့် အင်ဒိုနီးရှားအမျိုးသမီးအသင်းကို ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါပိုက်ကျော်ခြင်း ပွဲစဉ်အတွက် ပထမပွဲစဉ်၌ မလေးရှားက ၂၂-၂၀ မှတ်ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲစဉ် ယှဉ်ပြိုင်ရာတွင်မူ အင်ဒိုနီးရှားက ၁၆-၁၀မှတ်ဖြင့် ပွဲကို အမှတ်ဖြတ်ကာ အခြေအနေကောင်းတစ်ရပ် ပြန်လည်ဖန်တီးနိုင်ခဲ့ပြီး ယင်းအချိန်တွင် ဒိုင်လူကြီး မိုဟာမက်ရာဒီက မလေးရှားအသင်း အသာရစေမည့် ဆုံးဖြတ်ချက်များကို ချမှတ်လာခဲ့သည့်အတွက် အင်ဒိုနီးရှားပိုက်ကျော်ခြင်းမယ်များက ပြိုင်ပွဲကို ဆက်လက်မကစားတော့ဘဲ ကွင်းပြင်ပသို့ထွက်ခွာကာ ဆန္ဒပြသွားခဲ့ကြခြင်းဖြစ်သည်။
အင်ဒိုနီးရှား ပိုက်ကျော်ခြင်းအသင်းနည်းပြချုပ် အက်စ်ရေးဆယမ်းသည် မလေးရှားအသင်းအသာရစေမည့် ဆုံးဖြတ်ချက်များကို ဒိုင်လူကြီး မိုဟာမက်ရာဒီက ချမှတ်လိုက်ချိန်တွင် ကွင်းအတွင်းသို့ ဝင်ရောက်ကာ စောဒကတက်ခဲ့ပြီး အဆုံးသတ်တွင် ပြိုင်ပွဲကို ဆက်လက်မကစားတော့ရန် နည်းပြဆယမ်း၏ ဦးဆောင်မှုဖြင့် အင်ဒိုနီးရှားပိုက်ကျော်ခြင်းမယ်များက ဆုံးဖြတ်ချက်ချမှတ်လိုက်ကြခြင်းဖြစ်သည်။
အမျိုးသမီးသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြရခြင်းဖြစ်ပြီး မလေးရှားအမျိုးသမီးအသင်းမှာ ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရသည့် နောက်ဆုံးပွဲစဉ်တွင် ၂၁-၁၀၊ ၂၁-၁၀ ဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ငွေတံဆိပ်ဖြင့်သာ ကျေနပ်လိုက်ရသည်။
မလေးရှားအားကစားဝန်ကြီး ခိုင်ရီသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် ဆီးဂိမ်းစ်လက်ကမ်းစာအုပ်၌ အင်ဒိုနီးရှားနိုင်ငံတော်အလံကို ပြောင်းပြန်ထည့်သွင်းဖော်ပြမိခဲ့သည့်အမှားအတွက် အင်ဒိုနီးရှားအစိုးရအာဏာ ပိုင်များနှင့် အင်ဒိုနီးရှားနိုင်ငံသားများကို ဝန်ချတောင်းပန်လိုက်ရသေးသည်။
E-11