သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ်(၅)

12.7.2017 နေ့လည်ပိုင်းမှာ အောင်သာယာကျေးရွာကို ရောက်ရှိပါတယ်။ အောင်သာယာဆိုတာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့နယ်မြောက်ပိုင်းမှာတည်ရှိတဲ့ န.တ.လ ရွာလေးပါ။ စတင်တည်ထောင်တုန်းက ရန်ကုန်သူ ရန်ကုန်သားတွေ အများစုဖြစ်ပေမဲ့ အခုတော့ တိုင်းနှင့်ပြည်နယ် စုံလို့ပါပဲ။ တိုင်းရင်းသားတွေလည်း စုံပါတယ်။

မိုရာမုန်တိုင်းကြောင့် ဘုန်းကြီးကျောင်းဆောင် အမိုးပွင့်သွားလို့ ကျောင်းထိုင်ဆရာတော်မှာ နေစရာမရှိပါ။ ဓမ္မာရုံထဲ ရွှေ့ပြောင်းသတင်းသုံးတော့လည်း မိုးမလုံပါ။ လူတွေ မိုးလွတ်ရာမှာ ပုံမှန်ထိုင်လို့ရပေမဲ့ မိုးရေဝင်တဲ့ကြမ်းပြင်ပေါ်မှာတော့ ဖိနပ်ခုထိုင်သူကထိုင်၊ ငုတ်တုတ်ထိုင်သူကထိုင်၊ မတ်တပ်ရပ်သူကရပ်နှင့် မြင်ရတာ စိတ်မကောင်းစရာပါ။

ငပလီမြို့ ပုလဲရတနာဆရာတော်က စုတ်တသတ်သတ်နှင့် မျက်ရည်လည်နေကာ မိတ်ဆက်စကားတောင် ပြီးဆုံးအောင်မပြောနိုင်ရှာပါဘူး။ စာရေးသူက လှူဒါန်းထောက်ပံ့ ကူညီစောင့်ရှောက်မည့်သူပေါအောင် နမောတဿ ဘုရားရှိခိုး သတိရတိုင်း ရွတ်ဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေါက်တာဥတ္တမသီရိကတော့ ကလေးများများမွေးဖို့ မွေးလာတဲ့ကလေးတွေ စားဝတ်နေရေး ကျန်းမာရေးနှင့် ပညာရေးအတွက် ပုလဲဆရာတော်ကြီးအပါအဝင် ဘ.က ပရဟိတကျောင်းများကို ပို့ဆောင်ပေးဖို့ မိန့်ခွန်းပြောပါတယ်။ အမျိုးသမီးကြီးတစ်ဦးကတော့ ကလေးငါးယောက်ရှိကြောင်း တာဝန်ကျေပြီဖြစ်ကြောင်း လျှောက်ထားပြီး တစ်ခြားတစ်ယောက်ကတော့ အသက်ပြန်ငယ်ချင်တယ်ဟု လျှောက်ထားပါတယ်။ မြင်းခြံမဘသ နောင်တော်ကြီးဦးဇာဂရကတော့ အားလုံးဆန္ဒနှင့်ဘဝ ထပ်တူကျပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပေးပါတယ်။ အောင်သာယာရွာမှာ အိမ်ထောင်စု ၉၆ စုရှိပါတယ်။

ပူပူနွေးနွေး ဘင်္ဂလားအရေးမှ ပြန်ပြေးလာသည့် တစ်အိမ်နှင့်ဆိုလျှင် ၉၇ စုရှိပါတယ်။ အားလုံး ပုံမှန်ရိက္ခာတစ်ထုပ်စီ လှူဒါန်းခဲ့ပါတယ်။ ယခုအခါမှာ ဓမ္မာရုံလေးရော ဘုန်းကြီးကျောင်းဆောင်ရော နှစ်ခုလုံးကို ခေါင်းမိုး ပြန်မိုးပေးနေပါပြီ။ ဓမ္မာရုံလေးအတွက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(မ.ဘ.သ-ဗဟို)က သိန်း ၃၀ကျပ်၊ ဘုန်းကြီးကျောင်း ဆောင်အတွက် ပုလဲရတနာဆရာတော်က ၃၅ သိန်းကျပ် စာရေးသူက ၁၀ သိန်းကျပ် လှူဒါန်းထားပါကြောင်း။