သတင္းအင္တာဗ်ဴး

“အေျပာင္းအလဲထက္ ဗေလာင္းဗလဲက မ်ားပါတယ္”

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္ အတြဲ(၃)အမွတ္(၂၃) 26.7.2019)

ဆရာေတာ္ဦး၀ီရသူထံေတာ္က အသံေတြၾကားရဖို႔အတြက္ ျပည္ခ်စ္သား၀ိုင္းေတာ္သားတစ္ဦးျဖစ္တဲ့ ကိုျငိမ္းခ်မ္းသာက ႀကဳိးစားဆက္သြယ္ျပီး အင္တာဗ်ဴးေတြလုပ္ေပးခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ ကိုျငိမ္းခ်မ္းသာက ဆရာေတာ္နဲ႔ အဆက္အသြယ္မရေတာ့တဲ့အတြက္ အျခားေသာ သတင္းရင္းျမစ္ေတြဆီကေန တစ္ဆင့္ျပီးတစ္ဆင့္ ခိ်တ္ဆက္စံုစမ္း စုေဆာင္းကာ ဆရာေတာ့္သတင္းသိရဖို႔ ႀကဳိးစားခဲ့ပါတယ္။ ဒီလိုႀကဳိးစားျပီး ရရိွလာတဲ့အခ်က္ေတြကို အေျခခံကာ ျပည္ခ်စ္သားတို႔အတြက္ ျပည္ခ်စ္သားဆရာေတာ္ရဲ့ အျမင္ေတြကို အင္တာဗ်ဴးပံုစံ တင္ျပေပးတာျဖစ္ေၾကာင္း အသိေပး၀န္ခံလိုပါတယ္။ ဒီတစ္ပတ္မွာေတာ့ ဆရာေတာ္ဦး၀ီရသူရဲ့ လက္ရိွျဖစ္ေနတဲ့ မဘသနဲ႔ မဟနကိစၥ၊ သီတဂူဆရာေတာ္ႀကီးကို ေ၀ဖန္ေနတဲ့ကိစၥေတြအေပၚ သေဘာထားအျမင္မ်ားကို တင္ျပထားပါတယ္။ ျမန္မာ့နိုင္ငံေရးအေပၚ ဆရာေတာ္ဦး၀ီရသူရဲ့ သံုးသပ္ေ၀ဖန္ခ်က္မ်ားနဲ႔အတူ ဆရာေတာ္ရဲ့ ေရွ႕ဆက္လုပ္ေဆာင္မယ့္ အစီအစဥ္မ်ားကိုလည္း ဖတ္ရႈေလ့လာနိုင္ေအာင္ စံုးစမ္းေရးသားတင္ျပထားပါတယ္။

ၿငိမ္း- တရားရံုးက တစ္လအတြင္း လာေရာက္ေျဖရွင္းဖို႔ အမိန္႔ခ်မွတ္ထားတဲ့အေပၚမွာ ဘာေတြဆက္လုပ္ဖို႔ စိတ္ကူးထားပါသလဲဘုရား၊ ေနာက္ မဟနဘက္က အရွင္ဘုရားကို ဆက္သြယ္လာတာေရာ ရိွပါသလားဘုရား။
ဆရာေတာ္- မဟနဘက္ကေတာ့ ဆက္သြယ္လာတာမ်ဳိး မရိွပါဘူး။ ဦးဇင္း မဟနအဖဲြ့ကို သီးသန္႔စာတင္ဖို႔ လုပ္ေသးတယ္ေလ။ ဒါေပမယ့္ မတင္လိုက္ရဘူးေပါ့။ သူတို႔ရဲ႕ သာသနာေရး ၀က္ဘ္ဆိုက္ကထြက္တဲ့ ေၾကညာခ်က္ကို ၾကည့္ျပီးေတာ့ မပို႔ျဖစ္ေတာ့တာပါ။

ၿငိမ္း- လက္ရိွျဖစ္ေနတဲ့ မဘသနဲ႔ မဟနကိစၥပါဘုရား။ မဟနက မဘသကို ၾသ၀ါဒေပးမယ္ဆိုျပီး ရုတ္တရက္ၾကီး ထျပီးစီစဥ္တာ ဘာေၾကာင့္မ်ားျဖစ္မယ္လို႔ အရွင္ဘုရားအေနနဲ႔ သံုးသပ္ပါသလဲဘုရား။
ဆရာေတာ္- အဲဒါက မဘသ ဒုဥကၠ႒ ဆရာေတာ္တစ္ပါးက ေျပာတယ္ဆိုျပီးေတာ့ သတင္းဌာနတစ္ခုက ေရးထားတာရိွတယ္။
အဲဒါကေတာ့ ”ဟိုးအရင္တုန္းက မလုပ္ခဲ့တဲ့ဟာေတြ အခုလည္း မလုပ္ေလာက္ဘူးဆိုျပီး ထင္ေနၾကတယ္”တဲ့။ ”ေရြးေကာက္ပဲြကလည္း နီးေနျပီ၊ နိုင္ငံေရးနဲ့လည္း ပတ္သက္ေနတယ္၊ ဒီတစ္ခါေတာ့ မျဖစ္မေန ကိုင္တြယ္မွာပါ”ဆိုျပီး ပါတယ္။
အေျဖက သူ႔စကားထဲမွာ အျပည့္ပါသြားပါတယ္။ နိုင္ငံေရးနဲ႔ ပတ္သက္ေနတယ္လို႔ သူတို႔တစ္ထစ္ခ် ယူဆထားတယ္၊ ေရြးေကာက္ပဲြမတိုင္ခင္ အျပတ္ၿဖဳိခ်င္တယ္။ ဒီအခ်က္ေၾကာင့္ မဟနဆရာေတာ္ေတြ အထူးအစည္းအေ၀းလုပ္ရတယ္။ လုပ္ျပီးေတာ့ ဓမၼစက္ကေန အာဏာစက္ကို တန္းလဲႊလိုက္တယ္ဆိုတာ သိသာတာေပါ့ကြာ။

ၿငိမ္း- ဒီကိစၥမွာ မဟနဆရာေတာ္ၾကီးေတြရဲ့ ဆံုးျဖတ္ခ်က္ဟာ ဖိအားတစ္စံုတစ္ရာရိွေနတယ္ လို႔ သံုးသပ္ပါသလားဘုရား၊ ေနာက္ဓမၼစက္နဲ႔ အေရးယူဖို့ မရိွေတာ့ဘူးဆိုတဲ့ ဆံုးျဖတ္ခ်က္ဟာ ဘာေၾကာင့္ ျဖစ္လာတယ္လို့ ယူဆပါသလဲဘုရား။
ဆရာေတာ္- ဒါကေတာ့ လုပ္ထံုးလုပ္နည္းမွန္ပါတယ္။ မဘသတုန္းကလည္း ဒီလိုပဲ၊ ဗုဒၶဓမၼ ပရဟိတ ေဖာင္ေဒးရွင္းတုန္းကလည္း ဒီလိုပဲ။ ေနာက္ဆံုး အၾကိမ္အျဖစ္ သူေခၚတယ္၊ မလာဘူး၊ မလာတဲ့ အတြက္ေၾကာင့္ မ်က္နွာလဲႊလိုက္တယ္ဆိုတဲ့ သေဘာေပါ့။ လုပ္ထံုးလုပ္နည္း အရကေတာ့ အမွားအယြင္း မရိွပါဘူး။
တစ္ခုေျပာစရာရိွတာက သံဃာက သံဃာ့ဘက္က မရပ္တည္ဘဲ မ်က္နွာလဲႊလိုက္တဲ့ အေပၚမွာေတာ့ ေျပာစရာျဖစ္သြားတာေပါ့။ ဒါေပမယ့္ မဟနဆိုတာ အစိုးရရဲ့ မူ၀ါဒကို ဘယ္တုန္းအခါကမွ မေက်ာ္လႊားနိုင္ခဲ့ဘူး။
အဲဒီေတာ့ ဦးဇင္းေျပာခ်င္တာက ျခေသၤ့လိုက်င့္မလား၊ ေခြးလိုက်င့္မလားဆိုတဲ့ကိစၥပါ။ ျခေသၤ့ကေတာ့ ကိုယ့္ဆီေရာက္လာတဲ့ ျမားကို မၾကည့္ဘူး၊ ျမားလာရာအရပ္ကိုၾကည့္တယ္၊ ရန္သူအစစ္ကိုရွာတယ္။ ျပီးေတာ့ ရန္သူကို ေခ်မႈန္းတယ္။ ေခြးကေတာ့ ကိုယ့္အေပၚက်လာတဲ့ခဲကိုပဲ ျမင္တယ္။ ခဲကိုပဲ လိုက္ကိုက္တယ္၊ လိုက္ဟပ္တယ္၊ လိုက္ေဟာင္တယ္။ ရန္သူရိွရာအရပ္ကို ၾကည့္ရေကာင္းမွန္းကိုမသိဘူး။
အခုလည္း အဲဒီအတိုင္းပဲ အြန္လိုင္းေပၚမွာေရာ၊ ရပ္ထဲရြာထဲမွာေရာ မဟနဆရာေတာ္ေတြကိုပဲ အျပစ္ျမင္ေနၾကတာေပါ့။ မဟန ဆရာေတာ္ေတြက လုပ္ခ်င္လို႔ လုပ္ရတာမဟုတ္ပါဘူး။ အေၾကာင္းနွစ္ခ်က္ေၾကာင့္ပါ။ ေရြးေကာက္ပဲြ နီးလာလို႔၊ နိုင္ငံေရးနဲ႔ ဆက္စပ္ေနတယ္လို႔ ယူဆလို႔ လုပ္ရတာပါ။ လုပ္တဲ့သူေတြရဲ့ ေနာက္ကြယ္မွာ လက္အနီႀကီးရိွတယ္။ လက္အနီၾကီးကို ျမင္ေအာင္ၾကည့္ၾကပါလို႔ ေျပာခ်င္ပါတယ္။

ၿငိမ္း- လက္ရိွ ျပသနာေတြျဖစ္ေနခိ်န္မွာ အရွင္ဘုရားကလည္းပဲ အေ၀းေရာက္ေနတယ္ေပါ့ဘုရား။ တကယ္လို႔မ်ား မဘသမွာ ရိွေနမယ္ဆိုရင္ ဘာလုပ္မလဲဘုရား။ ေနာက္ျပီးေတာ့ မဘသမွာ က်န္ခဲ့သူေတြကိုေကာ လက္ရိွျဖစ္ ေနတဲ့ အခက္အခဲေတြနဲ႔ ပတ္သက္ျပီး ဘာေတြလုပ္ေစခ်င္လဲဘုရား။ ဘာေတြအၾကံေပးခ်င္လဲဘုရား။
ဆရာေတာ္- ဆရာေတာ္ၾကီးေတြရဲ့ ဆံုးျဖတ္ခ်က္နဲ႔ ရပ္တည္ခ်က္က မွန္ကန္တာ ေတြ႔ရတယ္။ ဒီ ရပ္တည္ခ်က္ကို တစ္နိုင္ငံလံုးအတိုင္းအတာနဲ႔ ၀ိုင္း၀န္းၿပီး ၀န္းရံဖို႔ လိုတာေပါ့။ ဒီရပ္တည္ခ်က္က လံုး၀ ေသြဖည္မသြားေအာင္ ၀ိုင္း၀န္းေစာင့္ေရွာက္ၾကဖို႔ လိုတယ္။

ၿငိမ္း- မဘသ ကိစၥျပီးေတာ့ သီတဂူဆရာေတာ္ ၾကီး အေၾကာင္းကို ဆက္ခ်င္ပါတယ္ဘုရား။ သီတဂူဆရာေတာ္ၾကီး တရားပဲြတစ္ခုမွာ ပုဂံေဒသ ယူနက္စကို၀င္တဲ့ကိစၥနဲ့ ပတ္သက္ျပီးေျပာတဲ့ သေဘာထား မွတ္ခ်က္ကို အုပ္စုဖဲြ့ ေ၀ဖန္ တာေတြ လုပ္ေနတာကို ေတြ့ရပါတယ္ဘုရား။ လူငယ္ေတြ အျမင္က်ယ္လာျပီဆိုျပီး သံဃာကို ေ၀ဖန္တဲ့လုပ္ရပ္ကို ေျမွွာက္ထိုးပင့္ေကာ္ လုပ္ေနၾကသူေတြကိုလည္း ေတြ့ရပါတယ္။ ဒီကိစၥနဲ့ပတ္သက္ျပီးေတာ့ အရွင္ဘုရားအေနနဲ့ ဘာမ်ားေျပာခ်င္ပါသလဲ ဘုရား။
ဆရာေတာ္- သီတဂူ ဆရာေတာ္ၾကီးေလာက္ ဘာသာ၊ သာသနာနဲ့ ဗုဒၶယဥ္ေက်းမႈကို ခ်စ္ျမတ္နိုးတဲ့သူ ရိွနိုင္ပါ့မလား။ ဦးဇင္းက ကိုယ့္ဆရာမို့ အစဲြနဲ့ ေျပာတာမဟုတ္ပါဘူး။ ပုဂံငလ်င္တုန္းက ဆရာေတာ္ၾကီး ကားေပၚကေန ေစတီေတာ္ ေတြကို ဖူးေျမာ္ရင္း စိတ္ထိခိုက္ေနတဲ့ပံု တစ္ခုတည္းနဲ့တင္ လံုေလာက္ပါတယ္။
ျပည္တြင္းျပည္ပ တကယ့္ ယဥ္ေက်းမႈ အေမြအနွစ္ ေနရာေတြ ဆရာေတာ္ၾကီး မေရာက္တဲ့ေနရာ ဘယ္ေနရာရိွသလဲ။ ဟိုး တာဂ်စ္ကစၥတန္ထိေအာင္ ေရာက္ေအာင္သြား တာ။ ဆရာေတာ္ၾကီးလို ဘယ္သူကမ်ား အေျမာ္အျမင္ ၾကီးမားမလဲ။ ဆရာေတာ္ၾကီးလို အေတြ့အၾကံုကလည္းပဲ ဘယ္သူ့ဆီမွာမွ မရိွ နိုင္ဘူး။ ဆရာေတာ္ၾကီးလို ယဥ္ေက်းမႈကို ခ်စ္ျမတ္နိုးတဲ့စိတ္ကလည္း သူတို့ဆီမွာ မရိွနိုင္ဘူး။
ေရွ့ကို ေရာက္လြန္းေနရင္လည္း ေနာက္က လူေတြလိုက္မမီတာ ၾကံုရမွာပဲ။ ေနာက္က လူေတြ လိုက္မမီလို့ အျပစ္တင္တာမို်းလည္း ၾကံုရမွာပဲ။ သက္သက္ကို ေဘးကေန ေဘးထိုင္ ဘုေျပာ ေ၀ဖန္တဲ့သူေတြကေတာ့ ေျပာမွာပဲ။
ဆရာေတာ္ၾကီးရဲ့ ခံယူခ်က္အတိုင္းေပါ့။ သူ့ကို ဆဲတဲ့သူေတြ ဆဲပါေစ။ ေမာရင္ သူ ေရတိုက္မယ္။ နာရင္ သူ ေဆးကုေပးမယ္။ လာစရာ လမ္းပန္းအခက္အခဲ ျဖစ္ေနရင္ လမ္းျပင္ေပးမယ္ ဆိုတာေလ။ ဆရာေတာ္ၾကီး ေရတိုက္တဲ့အခိ်န္ကို ေစာင့္ပါ။ ဆရာေတာ္ၾကီး ေဆးကုေပးမယ့္အခိ်န္ကိုေစာင့္ပါလို့ ေ၀ဖန္ ပုတ္ခတ္ေနတဲ့သူေတြကို ေျပာခ်င္တယ္။

ၿငိမ္း- သီတဂူဆရာေတာ္ၾကီးကိစၥပဲ ဆက္ေျပာ ခ်င္ပါတယ္ဘုရား။ ဆရာေတာ္ၾကီး ပုဂံ ယူနက္စကို ၀င္တဲ့ကိစၥ ေျပာလိုက္တဲ့ခိ်န္မွာပဲ ေ၀ဖန္ၾကသူေတြက ဘာကို အမႈတဲြလဲဆိုေတာ့ အရွင္ဘုရားကို ‘ရဲေဘာ္’လို့ ေခၚခဲ့တာနဲ့ ပတ္သက္ျပီး အဲဒီတုန္းကတည္းက အထင္မၾကီး ေတာ့တာတို့၊ရဲေဘာ္အဆင့္နဲ့မရလို့ ဗိုလ္ၾကီး ထြက္လာတာလားတို့ အမို်ုးမို်းေ၀ဖန္ၾကတာေတြ ရိွပါတယ္ဘုရား။ အဲဒါေတြနဲ့ ပတ္သက္ျပီးေရာ ဘာေျပာခ်င္ပါသလဲ ဘုရား။
ဆရာေတာ္- အဲဒါကေတာ့၀ီရသူက ကမၻာ့ပစ္မွတ္ၾကီး လိုျဖစ္ေနတာေလ။ ၀ီရသူနဲ့ပတ္သက္သူ ေတြကေတာ့ ဒီဒဏ္ကို အနည္းနဲ့ အမ်ား ခံေနၾကရတာပဲေလ။ ဆိုၾကပါစို့၊ ရခိုင္မွာ ျဖစ္တယ္။ ၀ီရသူလည္း ဘာမွမသိဘူး။ ၀ီရသူနဲ့ အဆက္အသြယ္လည္း မရိွဘူး။ ဒါေပမယ့္ သူတစ္ခုခုျဖစ္တာကို သူနဲ့ကိုယ္နဲ့ အရင္တုန္းက အဆက္အသြယ္ရိွခဲ့ပံုမို်း ပံုမွားရိုက္ျပီးေတာ့ ၀ီရသူကို အမႈတဲြသြားတာေလ။
ၾကည္လင္းတို့ကိစၥတုန္းကလည္း သီတဂူ ဆရာေတာ္ၾကီးနဲ့ ရြာမဆရာေတာ္ၾကီးတို့ရဲ့ ဓာတ္ပံုတစ္ခုကို အေၾကာင္းျပုျပီးေတာ့ မဘသ တစ္ဖဲြ့လံုး အမႈတဲြျပီးေတာ့ စာနယ္ဇင္းသမားေတြ ၀ိုင္းေရးၾကတာေလ။ အဲဒါ နိုင္ငံေရးလို့ ေခၚတယ္လို့ တစ္ခြန္းပဲေျပာခ်င္တယ္။

ၿငိမ္း- ၂၀၁၅ ေရြးေကာက္ပဲြ မတိုင္ခင္ အရွင္ ဘုရားတို့အေနနဲ့ အမို်း ဘာသာ သာသနာ ဆိုတာ မင္းအစိုးရမ်ား စိတ္၀င္စားမွသာလွ်င္ တိုးတက္ခ်မ္းသာလိမ့္မယ္လို့ ေဟာေျပာခဲ့ၾကတာ သတိရပါတယ္ ဘုရား။ လက္ရိွအခိ်န္မွာေတာ့ ေထရ္ၾကီး၀ါၾကီး သံဃာေတာ္ေတြ အမ်ားစု၊ ေနာက္ တိုင္းျပည္ရဲ့ သံဃာ့ေခါင္းေဆာင္ အမ်ားစုဟာ စိတ္ဆင္းရဲေနၾကရပါတယ္ဘုရား။ ဒါနဲ့ ပတ္သက္ျပီးေတာ့ အရွင္ဘုရားအေနနဲ့ ဘာမ်ား ေျပာခ်င္တာရိွမလဲ ဘုရား။
ဆရာေတာ္- ကာလ၀ိပတၱိ ေခတ္လို့ပဲ ေျပာရမွာပါ။ ေခတ္ကိုက ရဟန္းသံဃာေတြကို ဆဲမွ သူရဲေကာင္းလို့ သတ္မွတ္ၾကတဲ့ ေခတ္ကို။ အဲဒီေတာ့ ေခါင္းေဆာင္လုပ္တဲ့သူကလည္း ဒါေတြကို သိလ်က္နဲ့ ၾကိတ္ျပီးသေဘာတူတဲ့ ပံုစံမို်းျဖစ္ေတာ့ ဘာသာ သာသနာ မေစာ္ကား ရဲရင္ နိုင္ငံေရးသမားမပီသဘူးဆိုတဲ့ ပံုစံမို်း အထိ သူတို့က ယူဆကုန္ၾကတာေပါ့။
အဲဒီေတာ့ သူေတာ္ေကာင္းေစာ္ကားတဲ့သူ မွန္သမွ်က မိမဆံုးမ၊ ဖမဆံုးမအဆင့္ ေရာက္ သြားတာေပါ့။ အဲဒါပါပဲ။ ‘ေရွ့ေဆာင္နြားလား ေကာက္ေကာက္သြားက ေနာက္နြားတစ္သိုက္ ေကာက္ေကာက္လိုက္၏’ ဆိုတဲ့အတိုင္း ေရွ့ေဆာင္က ရဟန္း သံဃာေတြ အေပၚမွာ ေလးစားမႈမရိွ၊ သာသနာအေပၚ တန္ဖိုးထားမႈ မရိွေလေတာ့ သူ့ကို ယံုၾကည္ကိုးကြယ္တဲ့သူေတြ မွန္သမွ်ကလည္း ဒီအတိုင္းသံဃာကို ေစာ္ကား မွ သူရဲေကာင္း၊ ဘာသာ သာသနာကိုပစ္ပယ္ မွ နိုင္ငံေရးသမားေကာင္းလို့ မွတ္ယူကုန္ၾက တာေတြ့ရတယ္။

ၿငိမ္း- ေ၀ဖန္မႈေတြ အမ်ားၾကီးရိွခဲ့သလို ဆနၵ ေဖာ္ထုတ္ပဲြေတြလည္း အမ်ားၾကီး ျဖစ္ခဲ့တဲ့ ကေလးသူငယ္ ဥပေဒကို အတည္ျပုျပ႒ာန္း လိုက္ျပီဆိုေတာ့ အကို်းဆက္အေနနဲ့ ဘယ္လို ဆိုးကို်းေတြရိွနိုင္တယ္လို့ အရွင္ဘုရားျမင္မိ ပါသလဲဘုရား။
ဆရာေတာ္- တကယ္တမ္း ေျပာရရင္ ဒါက ျမန္မာ နိုင္ငံကို တိုင္းတစ္ပါးသားေတြ လက္ထဲ ထိုးအပ္ဖို့ စရံသတ္လိုက္တာပဲေလ။ ေနာင္ နွစ္ေပါင္း ၂၀၊ ၂၅ ဆိုရင္ ဘာျဖစ္မယ္ဆိုတာ ေတြး၀ံ့စရာ မရိွဘူး။ အေရာင္းအ၀ယ္တစ္ခုလို ေျပာရမယ္ဆိုရင္ေတာ့ ဒီေန့ စရံသတ္တယ္၊ ဒါေပမယ့္ မလဲႊေသးဘူး၊ ေငြအျပည့္ေခ်တဲ့ေန့ၾကမွ အားလံုးလဲႊမယ္ဆိုျပီး စရံသတ္တဲ့ အဆင့္ေတာ့ ျပီးသြားတာေပါ့။ ေငြအျပည့္ေခ်တဲ့ေန့ေရာက္ မွ အားလံုး လဲႊေပးမယ္ဆိုတဲ့ သေဘာမို်း သက္ေရာက္သြားတယ္လို့ ျမင္တယ္။

ၿငိမ္း- ပုဂံေဒသယူနက္စကို ၀င္တာကို မေကာင္း ေျပာတာဟာ ျမန္မာျပည္ကို မခ်စ္လို့ဘဲလို့ ၀န္ၾကီးခု်ပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာထားတာ ေတြ့ရပါတယ္။ ဒါကသီတဂူ ဆရာေတာ္ၾကီးကိုေျပာတာလို့ပဲ တပည့္ေတာ္ တို့က နားလည္မိတယ္ဘုရား။ သူ့အတြက္ေရာ ဘာမိန့္ခ်င္ပါသလဲဘုရား။
ဆရာေတာ္- သီတဂူဆရာေတာ္ၾကီးရဲ့အသည္းနွလံုးကို ထုတ္ျပလို့ရမယ္ဆိုရင္ ေဒါက္တာေဇာ္ျမင့္ေမာင္ ကို ထုတ္ျပခ်င္ပါတယ္။ သီတဂူဆရာေတာ္ၾကီးရဲ့ အသည္းနွလံုးဟာ အရက္သမား အသည္း နွလံုးထက္ အမ်ားၾကီး ျဖူစင္တယ္ဆိုတာေလ။ အဲဒါေလး သိသြားေစခ်င္တယ္။
ေဒါက္တာေဇာ္ျမင့္ေမာင္ကိုယ္တိုင္လည္း ၂၀၁၈ မွာ ေျပာတုန္းက တစ္မို်း၊ ခုတစ္မို်း ျဖစ္သြားတယ္။ ၂၀၁၈တုန္းကေတာ့ပုဂံကို ယူနက္စကို၀င္တာကို သေဘာမတူနိုင္ဘူး လို့ ေျပာခဲ့တယ္။ အဲဒါလည္း သတင္းဌာန ေတြမွာ ေဖာ္ျပထားတာပဲေလ။ အခုက်ေတာ့ သူက၊ ယူနက္စကို၀င္တာကို သေဘာ မတူဘူးလို့ ေျပာခဲ့တဲ့သူက ယူနက္စကို၀င္တာ မေကာင္းေျပာတာ နိုင္ငံမခ်စ္လို့ဘဲ ဆိုေတာ့ နိုင္ငံေရးသမားဆိုတာ အေျပာင္းအလဲထက္ ဗေလာင္းဗလဲက မ်ားပါတယ္လို့ ေျပာရမွာပဲ။

ၿငိမ္း- ေရြးေကာက္ပဲြအတြက္ အာဏာရအစိုးရ က မဘသကို ျဖိုတယ္လို့ အရွင္ဘုရားတို့က သံုးသပ္တယ္ဆိုရင္ အရွင္ဘုရားတို့ကေရာ ေရြးေကာက္ပဲြအတြက္ ဘာေတြမ်ား ျပင္ဆင္ ထားတာရိွလဲဘုရား။
ဆရာေတာ္- ဦးဇင္းအထဲကို မ၀င္ေသးတာကလည္း ေရြးေကာက္ပဲြအထိ ေမွ်ာ္လင့္ျပီးေတာ့၊ ၾကို ေတြးျပီးေတာ့ ျပည္သူကို မွာစရာရိွတာေတြ မွာခဲ့ဖို့ ရုပ္သံေတြ ရိုက္ကူးမယ္ဆိုတဲ့ အခ်က္ တစ္ခ်က္က အဓိကေပါ့ေလ။
ဦးဇင္းတို့ ၂၀၁၅ မတိုင္ခင္တုန္းကေတာ့ ေခါက္ၾကည့္ျပီးမွ ေရြးခ်ယ္ပါဆိုျပီးေတာ့ အိုး၀ယ္တဲ့ ဥပမာျပျပီးေတာ့ အိုး၀ယ္ရင္ေတာင္မွ လက္နဲ့ေခါက္ျပီး ေဒါင္ေဒါင္ျမည္မွ ၀ယ္တယ္၊ အက္သံပါရင္ မ၀ယ္ဘူး၊ အသံမၾကိုက္ရင္ မ၀ယ္ဘူး။ အခုဟာက ကိုယ့္တိုင္းျပည္အတြက္ ကိုယ္စားလွယ္ေရြးခ်ယ္ရမွာ၊ အိုးတစ္လံုး ၀ယ္တာထက္ကို ပိုျပီး စိစစ္သင့္တယ္။ အဲဒါေၾကာင့္ ကိုယ့္ဆီလာျပီး မဲဆြယ္တဲ့ အမတ္ေလာင္းေတြကို ေမးခြန္းေတြ ေမးၾကပါ၊ ေသခ်ာစစ္ေဆးၾကပါ။ အေခါက္မခံနိုင္ဘူးဆိုရင္ မ၀ယ္နဲ့၊ အေခါက္ခံနိုင္တဲ့ ေခါင္းမွ ခင္ဗ်ားတို့ တေတြ ေရြးခ်ယ္ၾကပါလို့ တိုက္တြန္းခဲ့တယ္။
အဲဒီအစီအစဥ္က ၂၀၁၅မွာ လုပ္ခဲ့တာကို ခုမွ သေဘာက်လို့ပါဆိုျပီး ဆရာေတာ္ သံဃာေတာ္ေတြေရာ၊ တပည့္ေတြကပါ ၀ိုင္းျပီးေတာ့ ေလွ်ာက္ထားၾကတယ္။ ၂၀၁၅ တုန္းက ကိုယ္က ေရွ့ေရာက္ေနတဲ့ အတြက္ ေၾကာင့္ သဟဇာတ မျဖစ္ခဲဘူးေပါ့။ အခုေတာ့ အခိ်န္အခါနဲ့ ကိုက္ညီေနေလေတာ့ ဒါမို်းေလးေတြ လုပ္ေပးပါလို့ ေလွ်ာက္ထားခဲ့ၾကတာ ျဖစ္မယ္။
ဦးဇင္းမွာက ေငြေၾကးလည္း မရိွဘူး၊ အခိ်န္ လည္း မရဘူး။ အရင္တုန္းကေလာက္လည္း အပင္ပန္း မခံနိုင္ဘူး။ ဒါေၾကာင့္ ဦးဇင္းပံုစံ အတိုင္းပဲ လိုက္လုပ္ၾကပါလို့ မွာခဲ့တာ။ ဒါေၾကာင့္ အခုေရြးေကာက္ပဲြေရာက္ခဲ့ရင္လည္းပဲ ၂၀၁၅ တုန္းကအတိုင္း ေခါက္ၾကည့္ျပီးမွ ေရြးခ်ယ္ပါလို့ ေဆာ္ၾသေနဦးမွာျဖစ္တယ္။

ၿငိမ္း- လက္ရိွမွာေတာ့ ပုဒ္မ ၁၂၄ နဲ့ဆဲြထားတဲ့ အမႈနဲ့ ပတ္သက္ျပီး လာေရာက္ရင္ဆိုင္ဖို့ ရိွတယ္၊ ရင္ဆိုင္ခဲ့ရင္လည္း ေထာင္အခ်ခံရဖို့ မ်ားတယ္ဆိုေတာ့ အဲဒီအတြက္ ျပင္ဆင္ေနတဲ့ အပိုင္းေတြထဲက အရွင္ဘုရားမိန့္လို့ရတာရိွရင္၊ ေနာက္ေျပာခ်င္တာရိွလည္း ေျပာေပးပါဦး ဘုရား။
ဆရာေတာ္- ေဆာ့ခရတၱိရဲ့ စာေပေတြ ငယ္ငယ္က ဖတ္ဖူးတယ္။ ေဆာ့ခရတၱိကို ေထာင္ထဲက ခိုးထုတ္ေတာ့ လံုး၀လက္မခံဘူး။ ‘ေလာက ဥပေဒေတြကို ေလးစားလိုက္နာရမယ္’လို့ သူက ျပန္ေျပာတာကိုး။
အခုလည္း အဲဒီအတိုင္းပဲ။ ဦးဇင္းတို့က ေလာကဥပေဒနဲ့ ဓမၼဥပေဒ နွစ္ခုေအာက္မွာ ေနရတာေလ။
ဓမၼဥပေဒေတြကို ဦးဇင္းတို့က ဦးထိပ္ ထားတယ္။ ဓမၼဥပေဒရဲ့ အဆံုးအမကိုခံယူျပီး ေလာကဥပေဒနဲ့ ရင္ဆိုင္မယ္လို့ တရား၀င္ ေၾကညာထားတယ္။ ဒါေပမယ့္ ဒီလို ေၾကညာ ထားပါလ်က္နဲ့ အတင္းအဓမၼ အနိုင္က်င့္လြန္း အားၾကီးလို့သာ သူတို့နဲ့ ဆန့္က်င္ဘက္ လုပ္လိုက္တာေပါ့ေနာ္။
တကယ္လို့သာ သိမ္သိမ္ေမြ့ေမြ့ ကိုင္တြယ္ မယ္ ဆိုရင္ ဦးဇင္းက သူတို့စိတ္တိုင္းက် အင္းစိန္ ေရာက္ေနျပီးျဖစ္မယ္။

ၿငိမ္း- အခုဟာက ဘုန္းၾကီးတစ္ပါးကို ဖမ္းခ်င္ တာထက္ အရွက္တကဲြ အကို်းနည္း ျဖစ္ေအာင္ လုပ္ခ်င္တာက ပိုမ်ားေနေတာ့ ကဲ…မင္းတို့ စိတ္ရိွလက္ရိွလုပ္ၾကစမ္းကြာဆိုျပီး ကိုယ္က ဥပေကၡာျပုတဲ့ သေဘာပါပဲ။
ဘာမ်ားျဖည့္ျပီး ေျပာခ်င္တာရိွမလဲ ဘုရား။
ဆရာေတာ္- ဦးဇင္းေျပာခ်င္တာ နွစ္ခ်က္ရိွပါတယ္။ တစ္ခ်က္ကေတာ့ ဦးဇင္းေဒၚေအာင္ဆန္းစုၾကည္ကို ေမးထားတဲ့ ေမးခြန္းေပါင္း ၂၀ ကို ဗီဒီယို ရိုက္ကူးထားတယ္။ အဲဒီ နွစ္ဆယ္ကို ဠု ကေန လႊင့္ေနတာဟာ နံပါတ္ ၆ အထိျပီးသြားျပီ။ အဲဒီ ေမးခြန္း၂၀ ကို ေစာင့္နားေထာင္ျပီး အဲဒီ ေမးခြန္း ၂၀ ကို အမ်ားျပည္သူေတြ သိေအာင္ ၀ိုင္းျဖန့္ၾကပါလို့ တိုက္တြန္းခ်င္တယ္။
အဲဒါဟာ ျမန္မာ့ အနာဂတ္အတြက္ အဆံုးအျဖတ္ေပးမယ့္ ေမးခြန္း ၂၀ ပဲေလ။ ဒါကို ေျဖဆိုနိုင္ရင္ ေအာင္ျပီေပါ့ကြာ၊ ဒါကို မေျဖဆိုနိုင္ရင္ က်ျပီေပါ့။ ေအာင္ျခင္း၊ က်ျခင္း ကို ဆံုးျဖတ္မွာက ျပည္သူပဲေလ။ အဲဒီေတာ့ ျပည္သူေတြ ဒီေမးခြန္းေတြကို မ်ားမ်ားသိမွ ျဖစ္မွာမို့ သိေအာင္၀ိုင္း၀န္းျဖန့္ျဖူးေပးၾကပါလို့ တိုက္တြန္းတာေပါ့။
ေနာက္တစ္ခ်က္ကေတာ့ ေစာေစာကလည္း ေျပာခဲ့ျပီးျပီ။ ေခြးလိုက်င့္မွာလား၊ ျခေသၤ့လို က်င့္မွာလားဆိုတာပဲ။ ဘယ္သူေတြ ေခြးလိုပဲ က်င့္က်င့္ အမို်းသားေရးသမားေတြကေတာ့ ျခေသၤ့လိုက်င့္ၾကပါလို့ တိုက္တြန္းပါတယ္။

“အပြောင်းအလဲထက် ဗလောင်းဗလဲက များပါတယ်”
(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ် အတွဲ(၃)အမှတ်(၂၃) 26.7.2019)

ဆရာတော်ဦးဝီရသူထံတော်က အသံတွေကြားရဖို့အတွက် ပြည်ချစ်သားဝိုင်းတော်သားတစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းသာက ကြိုးစားဆက်သွယ်ပြီး အင်တာဗျူးတွေလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကိုငြိမ်းချမ်းသာက ဆရာတော်နဲ့ အဆက်အသွယ်မရတော့တဲ့အတွက် အခြားသော သတင်းရင်းမြစ်တွေဆီကနေ တစ်ဆင့်ပြီးတစ်ဆင့် ချိတ်ဆက်စုံစမ်း စုဆောင်းကာ ဆရာတော့်သတင်းသိရဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားပြီး ရရှိလာတဲ့အချက်တွေကို အခြေခံကာ ပြည်ချစ်သားတို့အတွက် ပြည်ချစ်သားဆရာတော်ရဲ့ အမြင်တွေကို အင်တာဗျူးပုံစံ တင်ပြပေးတာဖြစ်ကြောင်း အသိပေးဝန်ခံလိုပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူရဲ့ လက်ရှိဖြစ်နေတဲ့ မဘသနဲ့ မဟနကိစ္စ၊ သီတဂူဆရာတော်ကြီးကို ဝေဖန်နေတဲ့ကိစ္စတွေအပေါ် သဘောထားအမြင်များကို တင်ပြထားပါတယ်။ မြန်မာ့နိုင်ငံရေးအပေါ် ဆရာတော်ဦးဝီရသူရဲ့ သုံးသပ်ဝေဖန်ချက်များနဲ့အတူ ဆရာတော်ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်များကိုလည်း ဖတ်ရှုလေ့လာနိုင်အောင် စုံးစမ်းရေးသားတင်ပြထားပါတယ်။

ငြိမ်း- တရားရုံးက တစ်လအတွင်း လာရောက်ဖြေရှင်းဖို့ အမိန့်ချမှတ်ထားတဲ့အပေါ်မှာ ဘာတွေဆက်လုပ်ဖို့ စိတ်ကူးထားပါသလဲဘုရား၊ နောက် မဟနဘက်က အရှင်ဘုရားကို ဆက်သွယ်လာတာရော ရှိပါသလားဘုရား။
ဆရာတော်- မဟနဘက်ကတော့ ဆက်သွယ်လာတာမျိုး မရှိပါဘူး။ ဦးဇင်း မဟနအဖွဲ့ကို သီးသန့်စာတင်ဖို့ လုပ်သေးတယ်လေ။ ဒါပေမယ့် မတင်လိုက်ရဘူးပေါ့။ သူတို့ရဲ့ သာသနာရေး ဝက်ဘ်ဆိုက်ကထွက်တဲ့ ကြေညာချက်ကို ကြည့်ပြီးတော့ မပို့ဖြစ်တော့တာပါ။

ငြိမ်း- လက်ရှိဖြစ်နေတဲ့ မဘသနဲ့ မဟနကိစ္စပါဘုရား။ မဟနက မဘသကို သြဝါဒပေးမယ်ဆိုပြီး ရုတ်တရက်ကြီး ထပြီးစီစဉ်တာ ဘာကြောင့်များဖြစ်မယ်လို့ အရှင်ဘုရားအနေနဲ့ သုံးသပ်ပါသလဲဘုရား။
ဆရာတော်- အဲဒါက မဘသ ဒုဥက္ကဋ္ဌ ဆရာတော်တစ်ပါးက ပြောတယ်ဆိုပြီးတော့ သတင်းဌာနတစ်ခုက ရေးထားတာရှိတယ်။
အဲဒါကတော့ ”ဟိုးအရင်တုန်းက မလုပ်ခဲ့တဲ့ဟာတွေ အခုလည်း မလုပ်လောက်ဘူးဆိုပြီး ထင်နေကြတယ်”တဲ့။ ”ရွေးကောက်ပွဲကလည်း နီးနေပြီ၊ နိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်၊ ဒီတစ်ခါတော့ မဖြစ်မနေ ကိုင်တွယ်မှာပါ”ဆိုပြီး ပါတယ်။
အဖြေက သူ့စကားထဲမှာ အပြည့်ပါသွားပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်နေတယ်လို့ သူတို့တစ်ထစ်ချ ယူဆထားတယ်၊ ရွေးကောက်ပွဲမတိုင်ခင် အပြတ်ဖြိုချင်တယ်။ ဒီအချက်ကြောင့် မဟနဆရာတော်တွေ အထူးအစည်းအဝေးလုပ်ရတယ်။ လုပ်ပြီးတော့ ဓမ္မစက်ကနေ အာဏာစက်ကို တန်းလွဲှလိုက်တယ်ဆိုတာ သိသာတာပေါ့ကွာ။

ငြိမ်း- ဒီကိစ္စမှာ မဟနဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ ဖိအားတစ်စုံတစ်ရာရှိနေတယ် လို့ သုံးသပ်ပါသလားဘုရား၊ နောက်ဓမ္မစက်နဲ့ အရေးယူဖို့ မရှိတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဘာကြောင့် ဖြစ်လာတယ်လို့ ယူဆပါသလဲဘုရား။
ဆရာတော်- ဒါကတော့ လုပ်ထုံးလုပ်နည်းမှန်ပါတယ်။ မဘသတုန်းကလည်း ဒီလိုပဲ၊ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းတုန်းကလည်း ဒီလိုပဲ။ နောက်ဆုံး အကြိမ်အဖြစ် သူခေါ်တယ်၊ မလာဘူး၊ မလာတဲ့ အတွက်ကြောင့် မျက်နှာလွဲှလိုက်တယ်ဆိုတဲ့ သဘောပေါ့။ လုပ်ထုံးလုပ်နည်း အရကတော့ အမှားအယွင်း မရှိပါဘူး။
တစ်ခုပြောစရာရှိတာက သံဃာက သံဃာ့ဘက်က မရပ်တည်ဘဲ မျက်နှာလွဲှလိုက်တဲ့ အပေါ်မှာတော့ ပြောစရာဖြစ်သွားတာပေါ့။ ဒါပေမယ့် မဟနဆိုတာ အစိုးရရဲ့ မူဝါဒကို ဘယ်တုန်းအခါကမှ မကျော်လွှားနိုင်ခဲ့ဘူး။
အဲဒီတော့ ဦးဇင်းပြောချင်တာက ခြင်္သေ့လိုကျင့်မလား၊ ခွေးလိုကျင့်မလားဆိုတဲ့ကိစ္စပါ။ ခြင်္သေ့ကတော့ ကိုယ့်ဆီရောက်လာတဲ့ မြားကို မကြည့်ဘူး၊ မြားလာရာအရပ်ကိုကြည့်တယ်၊ ရန်သူအစစ်ကိုရှာတယ်။ ပြီးတော့ ရန်သူကို ချေမှုန်းတယ်။ ခွေးကတော့ ကိုယ့်အပေါ်ကျလာတဲ့ခဲကိုပဲ မြင်တယ်။ ခဲကိုပဲ လိုက်ကိုက်တယ်၊ လိုက်ဟပ်တယ်၊ လိုက်ဟောင်တယ်။ ရန်သူရှိရာအရပ်ကို ကြည့်ရကောင်းမှန်းကိုမသိဘူး။
အခုလည်း အဲဒီအတိုင်းပဲ အွန်လိုင်းပေါ်မှာရော၊ ရပ်ထဲရွာထဲမှာရော မဟနဆရာတော်တွေကိုပဲ အပြစ်မြင်နေကြတာပေါ့။ မဟန ဆရာတော်တွေက လုပ်ချင်လို့ လုပ်ရတာမဟုတ်ပါဘူး။ အကြောင်းနှစ်ချက်ကြောင့်ပါ။ ရွေးကောက်ပွဲ နီးလာလို့၊ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့ ယူဆလို့ လုပ်ရတာပါ။ လုပ်တဲ့သူတွေရဲ့ နောက်ကွယ်မှာ လက်အနီကြီးရှိတယ်။ လက်အနီကြီးကို မြင်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

ငြိမ်း- လက်ရှိ ပြသနာတွေဖြစ်နေချိန်မှာ အရှင်ဘုရားကလည်းပဲ အဝေးရောက်နေတယ်ပေါ့ဘုရား။ တကယ်လို့များ မဘသမှာ ရှိနေမယ်ဆိုရင် ဘာလုပ်မလဲဘုရား။ နောက်ပြီးတော့ မဘသမှာ ကျန်ခဲ့သူတွေကိုကော လက်ရှိဖြစ် နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘာတွေလုပ်စေချင်လဲဘုရား။ ဘာတွေအကြံပေးချင်လဲဘုရား။
ဆရာတော်- ဆရာတော်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်က မှန်ကန်တာ တွေ့ရတယ်။ ဒီ ရပ်တည်ချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝိုင်းဝန်းပြီး ဝန်းရံဖို့ လိုတာပေါ့။ ဒီရပ်တည်ချက်က လုံး၀ သွေဖည်မသွားအောင် ဝိုင်းဝန်းစောင့်ရှောက်ကြဖို့ လိုတယ်။

ငြိမ်း- မဘသ ကိစ္စပြီးတော့ သီတဂူဆရာတော် ကြီး အကြောင်းကို ဆက်ချင်ပါတယ်ဘုရား။ သီတဂူဆရာတော်ကြီး တရားပွဲတစ်ခုမှာ ပုဂံဒေသ ယူနက်စကိုဝင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးပြောတဲ့ သဘောထား မှတ်ချက်ကို အုပ်စုဖွဲ့ ဝေဖန် တာတွေ လုပ်နေတာကို တွေ့ရပါတယ်ဘုရား။ လူငယ်တွေ အမြင်ကျယ်လာပြီဆိုပြီး သံဃာကို ဝေဖန်တဲ့လုပ်ရပ်ကို မြှောက်ထိုးပင့်ကော် လုပ်နေကြသူတွေကိုလည်း တွေ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အရှင်ဘုရားအနေနဲ့ ဘာများပြောချင်ပါသလဲ ဘုရား။
ဆရာတော်- သီတဂူ ဆရာတော်ကြီးလောက် ဘာသာ၊ သာသနာနဲ့ ဗုဒ္ဓယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့သူ ရှိနိုင်ပါ့မလား။ ဦးဇင်းက ကိုယ့်ဆရာမို့ အစွဲနဲ့ ပြောတာမဟုတ်ပါဘူး။ ပုဂံငလျင်တုန်းက ဆရာတော်ကြီး ကားပေါ်ကနေ စေတီတော် တွေကို ဖူးမြော်ရင်း စိတ်ထိခိုက်နေတဲ့ပုံ တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်။
ပြည်တွင်းပြည်ပ တကယ့် ယဉ်ကျေးမှု အမွေအနှစ် နေရာတွေ ဆရာတော်ကြီး မရောက်တဲ့နေရာ ဘယ်နေရာရှိသလဲ။ ဟိုး တာဂျစ်ကစ္စတန်ထိအောင် ရောက်အောင်သွား တာ။ ဆရာတော်ကြီးလို ဘယ်သူကများ အမြော်အမြင် ကြီးမားမလဲ။ ဆရာတော်ကြီးလို အတွေ့အကြုံကလည်းပဲ ဘယ်သူ့ဆီမှာမှ မရှိ နိုင်ဘူး။ ဆရာတော်ကြီးလို ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့စိတ်ကလည်း သူတို့ဆီမှာ မရှိနိုင်ဘူး။
ရှေ့ကို ရောက်လွန်းနေရင်လည်း နောက်က လူတွေလိုက်မမီတာ ကြုံရမှာပဲ။ နောက်က လူတွေ လိုက်မမီလို့ အပြစ်တင်တာမိုျးလည်း ကြုံရမှာပဲ။ သက်သက်ကို ဘေးကနေ ဘေးထိုင် ဘုပြော ဝေဖန်တဲ့သူတွေကတော့ ပြောမှာပဲ။
ဆရာတော်ကြီးရဲ့ ခံယူချက်အတိုင်းပေါ့။ သူ့ကို ဆဲတဲ့သူတွေ ဆဲပါစေ။ မောရင် သူ ရေတိုက်မယ်။ နာရင် သူ ဆေးကုပေးမယ်။ လာစရာ လမ်းပန်းအခက်အခဲ ဖြစ်နေရင် လမ်းပြင်ပေးမယ် ဆိုတာလေ။ ဆရာတော်ကြီး ရေတိုက်တဲ့အချိန်ကို စောင့်ပါ။ ဆရာတော်ကြီး ဆေးကုပေးမယ့်အချိန်ကိုစောင့်ပါလို့ ဝေဖန် ပုတ်ခတ်နေတဲ့သူတွေကို ပြောချင်တယ်။

ငြိမ်း- သီတဂူဆရာတော်ကြီးကိစ္စပဲ ဆက်ပြော ချင်ပါတယ်ဘုရား။ ဆရာတော်ကြီး ပုဂံ ယူနက်စကို ဝင်တဲ့ကိစ္စ ပြောလိုက်တဲ့ချိန်မှာပဲ ဝေဖန်ကြသူတွေက ဘာကို အမှုတွဲလဲဆိုတော့ အရှင်ဘုရားကို ‘ရဲဘော်’လို့ ခေါ်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီတုန်းကတည်းက အထင်မကြီး တော့တာတို့၊ရဲဘော်အဆင့်နဲ့မရလို့ ဗိုလ်ကြီး ထွက်လာတာလားတို့ အမိုျုးမိုျးဝေဖန်ကြတာတွေ ရှိပါတယ်ဘုရား။ အဲဒါတွေနဲ့ ပတ်သက်ပြီးရော ဘာပြောချင်ပါသလဲ ဘုရား။
ဆရာတော်- အဲဒါကတော့ဝီရသူက ကမ္ဘာ့ပစ်မှတ်ကြီး လိုဖြစ်နေတာလေ။ ဝီရသူနဲ့ပတ်သက်သူ တွေကတော့ ဒီဒဏ်ကို အနည်းနဲ့ အများ ခံနေကြရတာပဲလေ။ ဆိုကြပါစို့၊ ရခိုင်မှာ ဖြစ်တယ်။ ဝီရသူလည်း ဘာမှမသိဘူး။ ဝီရသူနဲ့ အဆက်အသွယ်လည်း မရှိဘူး။ ဒါပေမယ့် သူတစ်ခုခုဖြစ်တာကို သူနဲ့ကိုယ်နဲ့ အရင်တုန်းက အဆက်အသွယ်ရှိခဲ့ပုံမိုျး ပုံမှားရိုက်ပြီးတော့ ဝီရသူကို အမှုတွဲသွားတာလေ။
ကြည်လင်းတို့ကိစ္စတုန်းကလည်း သီတဂူ ဆရာတော်ကြီးနဲ့ ရွာမဆရာတော်ကြီးတို့ရဲ့ ဓာတ်ပုံတစ်ခုကို အကြောင်းပြုပြီးတော့ မဘသ တစ်ဖွဲ့လုံး အမှုတွဲပြီးတော့ စာနယ်ဇင်းသမားတွေ ဝိုင်းရေးကြတာလေ။ အဲဒါ နိုင်ငံရေးလို့ ခေါ်တယ်လို့ တစ်ခွန်းပဲပြောချင်တယ်။

ငြိမ်း- ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် အရှင် ဘုရားတို့အနေနဲ့ အမိုျး ဘာသာ သာသနာ ဆိုတာ မင်းအစိုးရများ စိတ်ဝင်စားမှသာလျှင် တိုးတက်ချမ်းသာလိမ့်မယ်လို့ ဟောပြောခဲ့ကြတာ သတိရပါတယ် ဘုရား။ လက်ရှိအချိန်မှာတော့ ထေရ်ကြီးဝါကြီး သံဃာတော်တွေ အများစု၊ နောက် တိုင်းပြည်ရဲ့ သံဃာ့ခေါင်းဆောင် အများစုဟာ စိတ်ဆင်းရဲနေကြရပါတယ်ဘုရား။ ဒါနဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရားအနေနဲ့ ဘာများ ပြောချင်တာရှိမလဲ ဘုရား။
ဆရာတော်- ကာလဝိပတ္တိ ခေတ်လို့ပဲ ပြောရမှာပါ။ ခေတ်ကိုက ရဟန်းသံဃာတွေကို ဆဲမှ သူရဲကောင်းလို့ သတ်မှတ်ကြတဲ့ ခေတ်ကို။ အဲဒီတော့ ခေါင်းဆောင်လုပ်တဲ့သူကလည်း ဒါတွေကို သိလျက်နဲ့ ကြိတ်ပြီးသဘောတူတဲ့ ပုံစံမိုျးဖြစ်တော့ ဘာသာ သာသနာ မစော်ကား ရဲရင် နိုင်ငံရေးသမားမပီသဘူးဆိုတဲ့ ပုံစံမိုျး အထိ သူတို့က ယူဆကုန်ကြတာပေါ့။
အဲဒီတော့ သူတော်ကောင်းစော်ကားတဲ့သူ မှန်သမျှက မိမဆုံးမ၊ ဖမဆုံးမအဆင့် ရောက် သွားတာပေါ့။ အဲဒါပါပဲ။ ‘ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏’ ဆိုတဲ့အတိုင်း ရှေ့ဆောင်က ရဟန်း သံဃာတွေ အပေါ်မှာ လေးစားမှုမရှိ၊ သာသနာအပေါ် တန်ဖိုးထားမှု မရှိလေတော့ သူ့ကို ယုံကြည်ကိုးကွယ်တဲ့သူတွေ မှန်သမျှကလည်း ဒီအတိုင်းသံဃာကို စော်ကား မှ သူရဲကောင်း၊ ဘာသာ သာသနာကိုပစ်ပယ် မှ နိုင်ငံရေးသမားကောင်းလို့ မှတ်ယူကုန်ကြ တာတွေ့ရတယ်။

ငြိမ်း- ဝေဖန်မှုတွေ အများကြီးရှိခဲ့သလို ဆန္ဒ ဖော်ထုတ်ပွဲတွေလည်း အများကြီး ဖြစ်ခဲ့တဲ့ ကလေးသူငယ် ဥပဒေကို အတည်ပြုပြဋ္ဌာန်း လိုက်ပြီဆိုတော့ အကိုျးဆက်အနေနဲ့ ဘယ်လို ဆိုးကိုျးတွေရှိနိုင်တယ်လို့ အရှင်ဘုရားမြင်မိ ပါသလဲဘုရား။
ဆရာတော်- တကယ်တမ်း ပြောရရင် ဒါက မြန်မာ နိုင်ငံကို တိုင်းတစ်ပါးသားတွေ လက်ထဲ ထိုးအပ်ဖို့ စရံသတ်လိုက်တာပဲလေ။ နောင် နှစ်ပေါင်း ၂၀၊ ၂၅ ဆိုရင် ဘာဖြစ်မယ်ဆိုတာ တွေးဝံ့စရာ မရှိဘူး။ အရောင်းအဝယ်တစ်ခုလို ပြောရမယ်ဆိုရင်တော့ ဒီနေ့ စရံသတ်တယ်၊ ဒါပေမယ့် မလွဲှသေးဘူး၊ ငွေအပြည့်ချေတဲ့နေ့ကြမှ အားလုံးလွဲှမယ်ဆိုပြီး စရံသတ်တဲ့ အဆင့်တော့ ပြီးသွားတာပေါ့။ ငွေအပြည့်ချေတဲ့နေ့ရောက် မှ အားလုံး လွဲှပေးမယ်ဆိုတဲ့ သဘောမိုျး သက်ရောက်သွားတယ်လို့ မြင်တယ်။

ငြိမ်း- ပုဂံဒေသယူနက်စကို ဝင်တာကို မကောင်း ပြောတာဟာ မြန်မာပြည်ကို မချစ်လို့ဘဲလို့ ဝန်ကြီးခုျပ် ဒေါက်တာဇော်မြင့်မောင်က ပြောထားတာ တွေ့ရပါတယ်။ ဒါကသီတဂူ ဆရာတော်ကြီးကိုပြောတာလို့ပဲ တပည့်တော် တို့က နားလည်မိတယ်ဘုရား။ သူ့အတွက်ရော ဘာမိန့်ချင်ပါသလဲဘုရား။
ဆရာတော်- သီတဂူဆရာတော်ကြီးရဲ့အသည်းနှလုံးကို ထုတ်ပြလို့ရမယ်ဆိုရင် ဒေါက်တာဇော်မြင့်မောင် ကို ထုတ်ပြချင်ပါတယ်။ သီတဂူဆရာတော်ကြီးရဲ့ အသည်းနှလုံးဟာ အရက်သမား အသည်း နှလုံးထက် အများကြီး ဖြူစင်တယ်ဆိုတာလေ။ အဲဒါလေး သိသွားစေချင်တယ်။
ဒေါက်တာဇော်မြင့်မောင်ကိုယ်တိုင်လည်း ၂၀၁၈ မှာ ပြောတုန်းက တစ်မိုျး၊ ခုတစ်မိုျး ဖြစ်သွားတယ်။ ၂၀၁၈တုန်းကတော့ပုဂံကို ယူနက်စကိုဝင်တာကို သဘောမတူနိုင်ဘူး လို့ ပြောခဲ့တယ်။ အဲဒါလည်း သတင်းဌာန တွေမှာ ဖော်ပြထားတာပဲလေ။ အခုကျတော့ သူက၊ ယူနက်စကိုဝင်တာကို သဘော မတူဘူးလို့ ပြောခဲ့တဲ့သူက ယူနက်စကိုဝင်တာ မကောင်းပြောတာ နိုင်ငံမချစ်လို့ဘဲ ဆိုတော့ နိုင်ငံရေးသမားဆိုတာ အပြောင်းအလဲထက် ဗလောင်းဗလဲက များပါတယ်လို့ ပြောရမှာပဲ။

ငြိမ်း- ရွေးကောက်ပွဲအတွက် အာဏာရအစိုးရ က မဘသကို ဖြိုတယ်လို့ အရှင်ဘုရားတို့က သုံးသပ်တယ်ဆိုရင် အရှင်ဘုရားတို့ကရော ရွေးကောက်ပွဲအတွက် ဘာတွေများ ပြင်ဆင် ထားတာရှိလဲဘုရား။
ဆရာတော်- ဦးဇင်းအထဲကို မဝင်သေးတာကလည်း ရွေးကောက်ပွဲအထိ မျှော်လင့်ပြီးတော့၊ ကြို တွေးပြီးတော့ ပြည်သူကို မှာစရာရှိတာတွေ မှာခဲ့ဖို့ ရုပ်သံတွေ ရိုက်ကူးမယ်ဆိုတဲ့ အချက် တစ်ချက်က အဓိကပေါ့လေ။
ဦးဇင်းတို့ ၂၀၁၅ မတိုင်ခင်တုန်းကတော့ ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါဆိုပြီးတော့ အိုးဝယ်တဲ့ ဥပမာပြပြီးတော့ အိုးဝယ်ရင်တောင်မှ လက်နဲ့ခေါက်ပြီး ဒေါင်ဒေါင်မြည်မှ ဝယ်တယ်၊ အက်သံပါရင် မဝယ်ဘူး၊ အသံမကြိုက်ရင် မဝယ်ဘူး။ အခုဟာက ကိုယ့်တိုင်းပြည်အတွက် ကိုယ်စားလှယ်ရွေးချယ်ရမှာ၊ အိုးတစ်လုံး ဝယ်တာထက်ကို ပိုပြီး စိစစ်သင့်တယ်။ အဲဒါကြောင့် ကိုယ့်ဆီလာပြီး မဲဆွယ်တဲ့ အမတ်လောင်းတွေကို မေးခွန်းတွေ မေးကြပါ၊ သေချာစစ်ဆေးကြပါ။ အခေါက်မခံနိုင်ဘူးဆိုရင် မဝယ်နဲ့၊ အခေါက်ခံနိုင်တဲ့ ခေါင်းမှ ခင်ဗျားတို့ တတွေ ရွေးချယ်ကြပါလို့ တိုက်တွန်းခဲ့တယ်။
အဲဒီအစီအစဉ်က ၂၀၁၅မှာ လုပ်ခဲ့တာကို ခုမှ သဘောကျလို့ပါဆိုပြီး ဆရာတော် သံဃာတော်တွေရော၊ တပည့်တွေကပါ ဝိုင်းပြီးတော့ လျှောက်ထားကြတယ်။ ၂၀၁၅ တုန်းက ကိုယ်က ရှေ့ရောက်နေတဲ့ အတွက် ကြောင့် သဟဇာတ မဖြစ်ခဲဘူးပေါ့။ အခုတော့ အချိန်အခါနဲ့ ကိုက်ညီနေလေတော့ ဒါမိုျးလေးတွေ လုပ်ပေးပါလို့ လျှောက်ထားခဲ့ကြတာ ဖြစ်မယ်။
ဦးဇင်းမှာက ငွေကြေးလည်း မရှိဘူး၊ အချိန် လည်း မရဘူး။ အရင်တုန်းကလောက်လည်း အပင်ပန်း မခံနိုင်ဘူး။ ဒါကြောင့် ဦးဇင်းပုံစံ အတိုင်းပဲ လိုက်လုပ်ကြပါလို့ မှာခဲ့တာ။ ဒါကြောင့် အခုရွေးကောက်ပွဲရောက်ခဲ့ရင်လည်းပဲ ၂၀၁၅ တုန်းကအတိုင်း ခေါက်ကြည့်ပြီးမှ ရွေးချယ်ပါလို့ ဆော်သြနေဦးမှာဖြစ်တယ်။

ငြိမ်း- လက်ရှိမှာတော့ ပုဒ်မ ၁၂၄ နဲ့ဆွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး လာရောက်ရင်ဆိုင်ဖို့ ရှိတယ်၊ ရင်ဆိုင်ခဲ့ရင်လည်း ထောင်အချခံရဖို့ များတယ်ဆိုတော့ အဲဒီအတွက် ပြင်ဆင်နေတဲ့ အပိုင်းတွေထဲက အရှင်ဘုရားမိန့်လို့ရတာရှိရင်၊ နောက်ပြောချင်တာရှိလည်း ပြောပေးပါဦး ဘုရား။
ဆရာတော်- ဆော့ခရတ္တိရဲ့ စာပေတွေ ငယ်ငယ်က ဖတ်ဖူးတယ်။ ဆော့ခရတ္တိကို ထောင်ထဲက ခိုးထုတ်တော့ လုံးဝလက်မခံဘူး။ ‘လောက ဥပဒေတွေကို လေးစားလိုက်နာရမယ်’လို့ သူက ပြန်ပြောတာကိုး။
အခုလည်း အဲဒီအတိုင်းပဲ။ ဦးဇင်းတို့က လောကဥပဒေနဲ့ ဓမ္မဥပဒေ နှစ်ခုအောက်မှာ နေရတာလေ။
ဓမ္မဥပဒေတွေကို ဦးဇင်းတို့က ဦးထိပ် ထားတယ်။ ဓမ္မဥပဒေရဲ့ အဆုံးအမကိုခံယူပြီး လောကဥပဒေနဲ့ ရင်ဆိုင်မယ်လို့ တရားဝင် ကြေညာထားတယ်။ ဒါပေမယ့် ဒီလို ကြေညာ ထားပါလျက်နဲ့ အတင်းအဓမ္မ အနိုင်ကျင့်လွန်း အားကြီးလို့သာ သူတို့နဲ့ ဆန့်ကျင်ဘက် လုပ်လိုက်တာပေါ့နော်။
တကယ်လို့သာ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ် မယ် ဆိုရင် ဦးဇင်းက သူတို့စိတ်တိုင်းကျ အင်းစိန် ရောက်နေပြီးဖြစ်မယ်။

ငြိမ်း- အခုဟာက ဘုန်းကြီးတစ်ပါးကို ဖမ်းချင် တာထက် အရှက်တကွဲ အကိုျးနည်း ဖြစ်အောင် လုပ်ချင်တာက ပိုများနေတော့ ကဲ…မင်းတို့ စိတ်ရှိလက်ရှိလုပ်ကြစမ်းကွာဆိုပြီး ကိုယ်က ဥပက္ခောပြုတဲ့ သဘောပါပဲ။
ဘာများဖြည့်ပြီး ပြောချင်တာရှိမလဲ ဘုရား။
ဆရာတော်- ဦးဇင်းပြောချင်တာ နှစ်ချက်ရှိပါတယ်။ တစ်ချက်ကတော့ ဦးဇင်းဒေါ်အောင်ဆန်းစုကြည်ကို မေးထားတဲ့ မေးခွန်းပေါင်း ၂၀ ကို ဗီဒီယို ရိုက်ကူးထားတယ်။ အဲဒီ နှစ်ဆယ်ကို ဠု ကနေ လွှင့်နေတာဟာ နံပါတ် ၆ အထိပြီးသွားပြီ။ အဲဒီ မေးခွန်း၂၀ ကို စောင့်နားထောင်ပြီး အဲဒီ မေးခွန်း ၂၀ ကို အများပြည်သူတွေ သိအောင် ဝိုင်းဖြန့်ကြပါလို့ တိုက်တွန်းချင်တယ်။
အဲဒါဟာ မြန်မာ့ အနာဂတ်အတွက် အဆုံးအဖြတ်ပေးမယ့် မေးခွန်း ၂၀ ပဲလေ။ ဒါကို ဖြေဆိုနိုင်ရင် အောင်ပြီပေါ့ကွာ၊ ဒါကို မဖြေဆိုနိုင်ရင် ကျပြီပေါ့။ အောင်ခြင်း၊ ကျခြင်း ကို ဆုံးဖြတ်မှာက ပြည်သူပဲလေ။ အဲဒီတော့ ပြည်သူတွေ ဒီမေးခွန်းတွေကို များများသိမှ ဖြစ်မှာမို့ သိအောင်ဝိုင်းဝန်းဖြန့်ဖြူးပေးကြပါလို့ တိုက်တွန်းတာပေါ့။
နောက်တစ်ချက်ကတော့ စောစောကလည်း ပြောခဲ့ပြီးပြီ။ ခွေးလိုကျင့်မှာလား၊ ခြင်္သေ့လို ကျင့်မှာလားဆိုတာပဲ။ ဘယ်သူတွေ ခွေးလိုပဲ ကျင့်ကျင့် အမိုျးသားရေးသမားတွေကတော့ ခြင်္သေ့လိုကျင့်ကြပါလို့ တိုက်တွန်းပါတယ်။