သတင်း

မန္တလေးတရားဥပဒေစိုးမိုးရေးနှင့် အောင်ပင်လယ် ကျူးဗလီ

အရင်တစ်ခါလည်း တင်ခဲ့ဘူးပါတယ်။ ဒီအစိုးရတက်လာမှ အမေ့အားကိုးနဲ့ ကျူးကျော်ဝင်ရောက် ဝတ်ပြုသင်ကြားနေကြတာပါ။ ခင်မောင်အေးနှင့်ခင်မောင်ထွေး မွတ်ညီနောင်ကို ဆက်မကျူးလွန်ဖို့ ခံဝန်နှင့် သတိပေးထားပါလျက် ဆက်လက်ကျူးကျော်တာပါ။

ဒါကို အနီအသိုင်းအဝိုင်းက ကျောထောက်နောက်ခံပြုပေးနေပြီး အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက သခင်အားရ ကျွန်ပါးဝထားကြတာပါ။

ခုတော့ တိုင်ကြားစာပို့ထားပါပြီ။ ခံဝန်ဖောက်ဖျက်တဲ့မွတ်ညီနောင်နှင့် ကျူးဗလီကိစ္စကို ပစ္စည်းသက်သေ၊ လူသက်သေ ထင်ရှားရှိပါလျက် မန်းတိုင်း အစိုးရက သံဃာတွေအပေါ်မှာသာ သတ္တိကောင်းပြနေပြီး ကုလားတွေအပေါ်ကျတော့ မော်တောင်မကြည့်ရဲတဲ့ ပုံစံမျိုး လုပ်နေတာပါ။

ဒါကြောင့် ဥက္ကံတာဝန်ရှိသူများနှင့် တရားဥပဒေစိုးမိုးရေး လိုလားသူများလို မန်းတိုင်းအစိုးရကလည်း အောင်ပင်လယ် ကျူးဗလီကို အရေးယူဆောင်ရွက်သင့်ပါပြီ။ ဥက္ကံမြို့နေ ဘာသာပေါင်းစုံအဖွဲ့အစည်းကြီးက တာဝန်ကျေခဲ့သလို မန္တလေးမြို့နေ ဘာသာပေါင်းစုံအဖွဲ့အစည်းကြီးကလည်း ဘက်မလိုက်တမ်း တာဝန်ယူဆောင်ရွက်သင့်ပါကြောင်း။
မြဝတီမင်းကြီးဆရာတော်ဦးအရိယာဘိဝံသ(ဝဋံသကာ)ကြီးနှင့် ဘုရားကြီးအလည်တိုက် ဆရာတော်ကြီးဆိုသူများ၊ ဂဠုံနီဆရာတော်ကြီးဆိုသူများအား အသိပေးလိုက်ပါကြောင်း။

ဝီရသူ(မစိုးရိမ်)
10.8.2017
PM 11:10
============================================================

“ခွင့်ပြုချက်မကျသေးသည့် ဗလီနှင့်စာသင်ကျောင်းအား ပိတ်ထားရန် ခံဝန်ကတိထိုးခိုင်း”
===============================================

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပနီပင်ကျေးရွာအုပ်စု ကျွဲပုန်းလေးကျေးရွာမှာ ခွင်ြ့ပုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ ဗလီကျောင်းနဲ့ ဘာသာရေးစာသင်ကျောင်းကို ပိတ်ထားဖို့ တာဝန်ရှိသူတွေက ခံဝန်ကတိ ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
သြဂုတ် ၂ ရက်နေ့က ဥက္ကံနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး၊ ဥက္ကံမြို့စည်ပင်သာယာရေးအဖွဲ့နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့က ကျောင်းအကျိုးတော်ဆောင်တွေ၊ ဗလီဆရာတွေနဲ့ ဘာသာရေးစာသင်ကြားတဲ့ ဆရာတွေကို ခေါ်ယူတွေ့ဆုံပြီး ခံဝန်လက်မှတ်ထိုးခိုင်းခဲ့တာလို့ ဥက္ကံမြို့အုပ်ချူပ်ရေးမှူး ဦးမျိုးလွင်ဦးက ပြောပါတယ်။
“၂၀၁၃ ဥက္ကံမှာ ဘာသာရေးပဋိပက္ခဖြစ်ပြီး တထပ်ကျောင်းဆောင်နဲ့ ဝတ်ပြုဆောင်တခု မီးလောင်သွားခဲ့ပါတယ်။ နိုင်ငံတော်ကို ပြန်လည်ဆောက်လုပ်ရန် စာတင်ထားကြောင်း၊ စာတင်ထားရင်းနဲ့ ဆောက်လုပ်တာ၊ ခုချိန်မှာတော့ ဗလီဝတ်ပြုဆောင်မှာ ဝတ်ပြုနေပြီး ဘာသာရေးစာသင်ကျောင်းမှာ ကျောင်းသားတွေနဲ့ စာသင်ကြားနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်။”
ဥက္ကံမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုနိုင်က “ဦးတို့အဖွဲ့တွေ မနေ့က သွားစစ်တော့ အလျားပေ ၁၀၀၊ အနံပေ ၅၀ ရှိတဲ့ ဗလီဝတ်ပြုဆောင်တခုရယ်၊ ၂ ဒသမ ၅ ဧက အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ အခိုင်အမာဆောက်လုပ်ထားတဲ့ နှစ်ထပ်စာသင်ကျောင်း တကျောင်းကို တွေ့ခဲ့ပြီး ဘာသာရေးစာသင်ပေးတဲ့ ဆရာ ၁၈ ဦးရှိပြီး ကျောင်းသားဦးရေ ၁၃၂ ယောက်ကို စစ်ဆေးတွေ့ရှိခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ခံဝန်ကတိထိုးခိုင်းခဲ့တဲ့အပေါ် ကျွန်းပုန်းလေးကျေးရွာ ဘာသာရေးစာသင်ကျောင်းက ကျောင်းအုပ် ဦးသန်းဝင်းက “ကျနော်တို့မြို့နယ်က အဖွဲ့တွေစစ်တော့ ကျနော်တို့မှာရှိတဲ့ စာရွက်စာတမ်း အထောက်အထားတွေ၊ စာတင်ထားတာတွေ ပေးလိုက်ပါတယ်။ ကျနော်တို့က အထက်ကို စာတင်ထားတာပဲ ရှိပါသေးတယ်။ ပြန်မကျသေးပါဘူး။ နားလည်မှုနဲ့ ကလေးတွေကို စာသင်ပေးတာပါ။ အဓိက မိဘမရှိတဲ့ ကလေးတွေရယ်၊ ဆင်းရဲတဲ့ကလေးတွေကို ပညာသင်ပေးနေတာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
သတင်း၊ ဓာတ်ပုံ – မေသွယ်
http://burmese.dvb.no/archives/222013