ဂ်ာနယ္သတင္းအင္တာဗ်ဴး

“အႏိုင္က်င့္တဲ့အကြက္ေတြ ကုန္သြားၿပီဆိုရင္ ဦးဇင္းထြက္လာမွာပါ” (ဃ-နိဂုံး)

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္ အတြဲ(၂)အမွတ္(၂၂) 26.7.2019)

ၿငိမ္း- အရွင္ဘုရားဦးေဆာင္ၿပီး လႈပ္ရွားခဲ့တဲ့ အမ်ိဳးသားေရးလႈပ္ရွားမႈ ဒါမွမဟုတ္ အမ်ိဳးသားႏုိင္ငံေရးကေရာ လက္ရွိအခ်ိန္မွာ ဘာျဖစ္ေနလဲဘုရား၊ ဘာျဖစ္သြားၿပီလဲဘုရား။


ဆရာေတာ္- သူတို႔ေတြက မီးစင္ၾကည့္ကေနရတဲ့အဆင့္ပါ။ ရံဖန္ရံခါ ခံစစ္၊ ရံဖန္ရံခါ ထိုးစစ္ေပါ့။ အေျခအေနေကာင္းရင္ ေကာင္းသလိုေတာ့ အင္အားထုတ္သံုးမယ့္သေဘာေတြလည္း ေတြ႕ရတယ္။ ဦးဇင္းမရွိလို႔ အားငယ္စိတ္ပ်က္သြားတာေတာ့ မေတြ႕ရပါဘူး။ တစ္ဗိုလ္က်တစ္ဗိုလ္တက္စနစ္နဲ႔ ခ်က္ေကာင္းကိုင္ဖို႔အတြက္ ေခ်ာင္းေနတယ္လို႔ပဲ ျမင္ရတယ္။

ၿငိမ္း- ဒီတစ္ပတ္အတြက္ ျဖည့္စြက္မိန္႔ခ်င္တာရွိရင္လည္း မိန္႔ေပးပါဦးဘုရား။


ဆရာေတာ္- VK မွာ ျပည္သူ႔မွာတမ္းဆိုၿပီး ဗီဒီယိုဖိုင္ေတြတင္ေနတာ အပိုင္း(၄)ခုအထိ ၿပီးသြားၿပီေပါ့။ အပိုင္း(၁)ကေတာ့ ၂၁ ရာစု အစၥလာမ္မိုက္ေဇးရွင္း၊ အပိုင္း(၂)က မီဒီယာဂ်ီဟတ္၊ အပိုင္း(၃)နဲ႔ အပိုင္း (၄)ကေတာ့ ႏုိင္ငံေရးဂ်ီဟတ္ဆိုၿပီး ေျပာထားတယ္။ ဆက္ၿပီးေတာ့လည္း လာလိမ့္ဦးမယ္။ ျပည္သူ႔မွာတမ္းေတြ အျပည့္အဝ မွာၿပီးၿပီ၊ ျပည့္စံုသြားၿပီဆိုရင္ ဦးဇင္းက ေရွ႕ထြက္ၿပီး လာခဲ့မွာေပါ့။ အဲဒါၿပီးေတာ့ တုိင္းျပည္အတြက္ အေရးႀကီးတဲ့ေမးခြန္း (၂ဝ) ဆိုတဲ့ ဗီဒီယိုဖိုင္ကိုလည္း ခု႐ိုက္ေနတယ္၊ ႐ိုက္ထားခဲ့မယ္။
ဦးဇင္း အထဲေရာက္သြားတဲ့အခါပဲျဖစ္ျဖစ္၊ အႏၲရာယ္ေတြ႕တဲ့အခါပဲျဖစ္ျဖစ္ အဲဒီေမးခြန္း ၂ဝ က အနာဂတ္ ျမန္မာ့ႏုိင္ငံေရးကို အဆံုးအျဖတ္ေပးမွာပါ။ ဒီ ဗီဒီယိုဖိုင္ ၂ဝ ကို ျပည္သူေတြ နားေထာင္မိသြားတယ္ဆိုရင္ ျမန္မာ့ႏုိင္ငံေရး စိတ္ခ်ရၿပီလို႔ ဦးဇင္းယူဆတယ္။ ဒါေၾကာင့္မို႔ ေမးခြန္း ၂ဝ ကို အျဖဴေရာင္ ပိတ္ကားေပၚမွာ ဆက္လက္ေစာင့္ၾကည့္ၾကပါလို႔ ပရိသတ္ကို မွာၾကားခ်င္ပါတယ္။

ၿငိမ္း- ၾသဝါဒစကားေလးလည္း မိန္႔ၾကားေပးေစ ခ်င္ပါတယ္ဘုရား။


ဆရာေတာ္- အခုပံုစံမ်ိဳး ဥပေဒေဘာင္ထဲကေန အင္တိုက္အားတိုက္ အလုပ္လုပ္ၾကပါ။ ပိုၿပီးေတာ့ ေကာင္းပါတယ္။ ဝီရသူေနာက္ တၿပံဳတမႀကီး လိုက္လာမယ့္နည္းလမ္းက်ေတာ့ မေကာင္းဘူး။ အဲဒါေၾကာင့္မို႔ ဥပေဒေဘာင္ထဲကေနပဲ မတရားတဲ့လူမွန္သမွ်ကို ဂြၽမ္းျပန္က်ေအာင္ တြန္းလွန္ၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

“အနိုင်ကျင့်တဲ့အကွက်တွေ ကုန်သွားပြီဆိုရင် ဦးဇင်းထွက်လာမှာပါ” (ဃ-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ် အတွဲ(၂)အမှတ်(၂၂) 26.7.2019)

ငြိမ်း- အရှင်ဘုရားဦးဆောင်ပြီး လှုပ်ရှားခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှု ဒါမှမဟုတ် အမျိုးသားနိုင်ငံရေးကရော လက်ရှိအချိန်မှာ ဘာဖြစ်နေလဲဘုရား၊ ဘာဖြစ်သွားပြီလဲဘုရား။


ဆရာတော်- သူတို့တွေက မီးစင်ကြည့်ကနေရတဲ့အဆင့်ပါ။ ရံဖန်ရံခါ ခံစစ်၊ ရံဖန်ရံခါ ထိုးစစ်ပေါ့။ အခြေအနေကောင်းရင် ကောင်းသလိုတော့ အင်အားထုတ်သုံးမယ့်သဘောတွေလည်း တွေ့ရတယ်။ ဦးဇင်းမရှိလို့ အားငယ်စိတ်ပျက်သွားတာတော့ မတွေ့ရပါဘူး။ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ ချက်ကောင်းကိုင်ဖို့အတွက် ချောင်းနေတယ်လို့ပဲ မြင်ရတယ်။

ငြိမ်း- ဒီတစ်ပတ်အတွက် ဖြည့်စွက်မိန့်ချင်တာရှိရင်လည်း မိန့်ပေးပါဦးဘုရား။


ဆရာတော်- VK မှာ ပြည်သူ့မှာတမ်းဆိုပြီး ဗီဒီယိုဖိုင်တွေတင်နေတာ အပိုင်း(၄)ခုအထိ ပြီးသွားပြီပေါ့။ အပိုင်း(၁)ကတော့ ၂၁ ရာစု အစ္စလာမ်မိုက်ဇေးရှင်း၊ အပိုင်း(၂)က မီဒီယာဂျီဟတ်၊ အပိုင်း(၃)နဲ့ အပိုင်း (၄)ကတော့ နိုင်ငံရေးဂျီဟတ်ဆိုပြီး ပြောထားတယ်။ ဆက်ပြီးတော့လည်း လာလိမ့်ဦးမယ်။ ပြည်သူ့မှာတမ်းတွေ အပြည့်အဝ မှာပြီးပြီ၊ ပြည့်စုံသွားပြီဆိုရင် ဦးဇင်းက ရှေ့ထွက်ပြီး လာခဲ့မှာပေါ့။ အဲဒါပြီးတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့မေးခွန်း (၂ဝ) ဆိုတဲ့ ဗီဒီယိုဖိုင်ကိုလည်း ခုရိုက်နေတယ်၊ ရိုက်ထားခဲ့မယ်။
ဦးဇင်း အထဲရောက်သွားတဲ့အခါပဲဖြစ်ဖြစ်၊ အန္တရာယ်တွေ့တဲ့အခါပဲဖြစ်ဖြစ် အဲဒီမေးခွန်း ၂ဝ က အနာဂတ် မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ်ပေးမှာပါ။ ဒီ ဗီဒီယိုဖိုင် ၂ဝ ကို ပြည်သူတွေ နားထောင်မိသွားတယ်ဆိုရင် မြန်မာ့နိုင်ငံရေး စိတ်ချရပြီလို့ ဦးဇင်းယူဆတယ်။ ဒါကြောင့်မို့ မေးခွန်း ၂ဝ ကို အဖြူရောင် ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ကြပါလို့ ပရိသတ်ကို မှာကြားချင်ပါတယ်။

ငြိမ်း- သြဝါဒစကားလေးလည်း မိန့်ကြားပေးစေ ချင်ပါတယ်ဘုရား။


ဆရာတော်- အခုပုံစံမျိုး ဥပဒေဘောင်ထဲကနေ အင်တိုက်အားတိုက် အလုပ်လုပ်ကြပါ။ ပိုပြီးတော့ ကောင်းပါတယ်။ ဝီရသူနောက် တပြုံတမကြီး လိုက်လာမယ့်နည်းလမ်းကျတော့ မကောင်းဘူး။ အဲဒါကြောင့်မို့ ဥပဒေဘောင်ထဲကနေပဲ မတရားတဲ့လူမှန်သမျှကို ဂျွမ်းပြန်ကျအောင် တွန်းလှန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။