ဂ်ာနယ္သတင္းအင္တာဗ်ဴး

“ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာဒီမိုကေရစီေခတ္က်မွပဲ ႀကံဳဖူးတယ္” (ဃ-နိဂံုး)

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၁)၊ 12.7.2019

ၿငိမ္း- အရွင္ဘုရားရဲ႕ ေမြးေန႔မွာ ေသြးလွဴဒါန္းၾကတာေတြနဲ႔ပတ္သက္ၿပီး အဆင္မေျပတာေတြ ေတြ႕ရ ႀကံဳရတာကိုလည္း ၾကားရပါတယ္ဘုရား။ ဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါသလဲဘုရား။


ဆရာေတာ္- ေမြးေန႔ေသြးလွဴပြဲနဲ႔ပတ္သက္ၿပီးေတာ့ သတင္းေတြမွာပါေနတာက မျပည့္စံုဘူးေလ။ ဇြန္လ ၂၆ ရက္ေန႔တိုင္း ေသြးလွဴပြဲရွိတယ္လို႔ ေဆး႐ံုကို ဦးဇင္းက ရက္အေသ သတ္မွတ္ခိုင္းထားၿပီးသား။ ျပကၡဒိန္အသစ္ထြက္တာနဲ႔ ဒီႏွစ္ ဇြန္ ၂၆ ရက္ ေသြးလွဴျဖစ္ပါသလား၊ အတည္ျပဳပါမယ္ဆိုၿပီး အၿမဲတမ္း ေမးေနၾကပဲေလ။ ဦးဇင္းကလည္း အတည္ျဖစ္တယ္လို႔ အသိေပးေနက်ပဲ။
အဲဒီေန႔မွာ ဦးဇင္းနဲ႔ပတ္သက္တဲ့ ေသြးလွဴပြဲလုပ္မယ္ဆိုတာက ျပကၡဒိန္အသစ္ ထြက္ကတည္းကိုက သတ္မွတ္ၿပီးသား။ အဲဒါကို တစ္လႀကိဳၿပီး မတင္လို႔ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြက မွားေနတာေပါ့။ ဆယ္လ ႀကိဳတင္ထားတာေလ။ တစ္ႏွစ္ႀကိဳတင္ထားတာေလ။ အခုဟာက ေက်ာက္ဆည္မွာ မလုပ္ျဖစ္ဘူး၊ ေဆး႐ံုမွာပဲလုပ္မယ္ ဒါေလးပဲကြာသြားတာ။ ေက်ာက္ဆည္မွာလုပ္ရင္ သူတို႔ေဆး႐ံုကားႀကီးနဲ႔ လာရဦးမယ္၊ အလုပ္ေတာင္႐ႈပ္ေသးတယ္ေလ။ ေဆး႐ံုမွာဆုိေတာ့ ထုိင္လ်က္ ေဖာက္ေပးလိုက္႐ံုပဲ။ ပိုေတာင္သက္သာေသးတာ။ အဲဒါကို သူတို႔တစ္ေတြက တမင္အေၾကာင္းေတြ ျပတာေပါ့ေနာ္။
တကယ္တမ္း ေျပာရရင္ေတာ့ ႏုိင္ငံေရးအာဃာတ အင္မတန္ႀကီးမားတဲ့သူကို တုိင္းသူျပည္သားေတြက ေမတၱာရွင္ႀကီးသဖြယ္ ၾကည္ညိဳေနၾကတာ။ အဲဒီတုိင္းသူျပည္သားေတြက ဘုရားလိုကိုးကြယ္ေနၾကတဲ့သူေတြက တကယ္တမ္းက်ေတာ့ အတၱသမားေတြ၊ အာဃာတသမားေတြ၊ စစ္အစိုးရထက္ကို အာဃာတႀကီးတဲ့သူေတြဆိုတာ ေပၚလြင္သြားတာေပါ့ကြာ။
ဘာေၾကာင့္ အဲဒီလိုေျပာရတာလဲဆိုရင္ စစ္အစိုးရလက္ထက္မွာ ဘယ္ေခါင္းစဥ္နဲ႔လုပ္လုပ္ ေသြးရဖို႔ အဓိကပဲျဖစ္တဲ့အတြက္ေၾကာင့္ ဆရာဝန္ေတြက ေသြးေဖာက္ေပးရတာပဲ။ အခုလည္း ဦးဇင္းကို ဝရမ္းထုတ္ထားတာေတြ ဘာေတြအသာထား ဦးဇင္းေမြးေန႔ အေၾကာင္းျပဳၿပီး ေသြးလာလွဴတယ္၊ သူတို႔ ေသြးယူရမွာပဲ။ စစ္အစိုးရလက္ထက္မွာေတာင္ ဘယ္ေခါင္းစဥ္နဲ႔ျဖစ္ျဖစ္၊ ေသြးလွဴတာကိုလက္ခံၿပီး ဒီမိုကေရစီအစိုးရ လက္ထက္ေရာက္မွပဲ ဝရမ္းထုတ္ခံထားရတဲ့ဘုန္းႀကီးတစ္ပါးရဲ႕ ေမြးေန႔အျဖစ္ လွဴတဲ့ေသြးကို လက္မခံႏုိင္ဘူးဆိုၿပီးေတာ့ အေျပာခံရတာေပါ့။
နစ္နာတာ ဘယ္သူနစ္နာသလဲ။ ေသြးလိုအပ္တဲ့ လူနာေတြ၊ သူတို႔ေတြ အခက္အခဲျဖစ္သြားတာေပါ့။ အစိုးရ ကိုယ္တုိင္ကလည္းပဲ ေသြးကမေပးႏုိင္၊ ႏွစ္စဥ္ေသြးလွဴေနတာကိုလည္း ပိတ္ပင္ပစ္တယ္ဆိုေတာ့ အင္မတန္ အကုသုိလ္ႀကီးတဲ့အလုပ္ကို လုပ္သြားတာေပါ့ကြာ။
တစ္ခုေကာင္းတာကေတာ့ ရန္ကုန္မွာလည္း ပံုမွန္ေသြးလွဴျဖစ္တယ္။ ၈၁ ပုလင္းရတယ္။ မႏၲေလးမွာလည္း ဗဟိုအမ်ိဳးသမီးေဆး႐ံုႀကီးမွာ ေသြးလွဴျဖစ္တယ္။ သူက ၃၈ ပုလင္းရတယ္။ မႏၲေလးက လက္မခံလို႔ ျပင္ဦးလြင္သြားလွဴၾကရတယ္။ အဲဒီမွာ ၁၄၅ ပုလင္းရတယ္။ အားလံုးေပါင္းလိုက္လို႔ရွိရင္ သံုးရာနီးပါး ျဖစ္သြားတာေပါ့။ ဘာပဲျဖစ္ျဖစ္ ႏုိင္ငံေရးအခက္အခဲေတြၾကားထဲေနၿပီးေတာ့ လူနာရွင္ေတြ လူနာေတြထံ ေသြးေရာက္ေအာင္ မနည္း႐ုန္းကန္ခဲ့ရတာေတာ့ ေမြးေန႔အတြက္ အမွတ္တရ ျဖစ္သြားတာေပါ့ကြာ။

ၿငိမ္း- ဒီတစ္ပတ္အတြက္ ၾသဝါဒလည္း မိန္႔ၾကား ေပးပါဦးဘုရား။


ဆရာေတာ္- မေန႔ကတုန္းက (ဇူလိုင္လ ၅ ရက္ေန႔က) ဘားအံ၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ရန္ကုန္၊ မိတၳီလာ စတဲ့ၿမိဳ႕ႀကီး ၅ ခုမွာ တူညီတဲ့ ေၾကြးေၾကာ္သံေတြနဲ႔ ဆႏၵေတြထုတ္ေဖာ္သြားၾကတာ အင္မတန္အားရစရာေကာင္းပါတယ္။ ဆရာေတာ္ သံဃာေတာ္ႀကီးေတြရဲ႕ ဦးေဆာင္မႈေအာက္က ေနၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖာင့္ေျဖာင့္တန္းတန္း အၿမဲတန္း လိုက္ပါၾကပါ။
တကယ္တမ္းေျပာရမယ္ဆိုရင္ေတာ့ ကုန္ေစ်းႏႈန္းေတြႀကီးတဲ့ကိစၥ၊ ေမြးစားဥပေဒ ျပ႒ာန္းဖို႔လုပ္တဲ့ကိစၥ၊ မီတာခတိုးျမႇင့္တဲ့ကိစၥ အစရွိသည္ေၾကာင့္ တုိင္းရင္းသားျပည္သူေတြဟာ အခက္အခဲမ်ိဳးစံုနဲ႔ အစိုင္အခဲမ်ိဳးစံု ခံစားေနရ တာေလ။ အဲဒီေတာ့ ဒီျပည္သူေတြအားလံုး တညီ တညြတ္တည္း တၿပိဳင္တည္းမလွ်င္ ၾကြႏုိင္ပါသည္ လို႔ခံယူၿပီး ၾကြေအာင္ၿပိဳင္တူမၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်” (ဃ-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019

ငြိမ်း- အရှင်ဘုရားရဲ့ မွေးနေ့မှာ သွေးလှူဒါန်းကြတာတွေနဲ့ပတ်သက်ပြီး အဆင်မပြေတာတွေ တွေ့ရ ကြုံရတာကိုလည်း ကြားရပါတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲဘုရား။


ဆရာတော်- မွေးနေ့သွေးလှူပွဲနဲ့ပတ်သက်ပြီးတော့ သတင်းတွေမှာပါနေတာက မပြည့်စုံဘူးလေ။ ဇွန်လ ၂၆ ရက်နေ့တိုင်း သွေးလှူပွဲရှိတယ်လို့ ဆေးရုံကို ဦးဇင်းက ရက်အသေ သတ်မှတ်ခိုင်းထားပြီးသား။ ပြက္ခဒိန်အသစ်ထွက်တာနဲ့ ဒီနှစ် ဇွန် ၂၆ ရက် သွေးလှူဖြစ်ပါသလား၊ အတည်ပြုပါမယ်ဆိုပြီး အမြဲတမ်း မေးနေကြပဲလေ။ ဦးဇင်းကလည်း အတည်ဖြစ်တယ်လို့ အသိပေးနေကျပဲ။
အဲဒီနေ့မှာ ဦးဇင်းနဲ့ပတ်သက်တဲ့ သွေးလှူပွဲလုပ်မယ်ဆိုတာက ပြက္ခဒိန်အသစ် ထွက်ကတည်းကိုက သတ်မှတ်ပြီးသား။ အဲဒါကို တစ်လကြိုပြီး မတင်လို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေက မှားနေတာပေါ့။ ဆယ်လ ကြိုတင်ထားတာလေ။ တစ်နှစ်ကြိုတင်ထားတာလေ။ အခုဟာက ကျောက်ဆည်မှာ မလုပ်ဖြစ်ဘူး၊ ဆေးရုံမှာပဲလုပ်မယ် ဒါလေးပဲကွာသွားတာ။ ကျောက်ဆည်မှာလုပ်ရင် သူတို့ဆေးရုံကားကြီးနဲ့ လာရဦးမယ်၊ အလုပ်တောင်ရှုပ်သေးတယ်လေ။ ဆေးရုံမှာဆိုတော့ ထိုင်လျက် ဖောက်ပေးလိုက်ရုံပဲ။ ပိုတောင်သက်သာသေးတာ။ အဲဒါကို သူတို့တစ်တွေက တမင်အကြောင်းတွေ ပြတာပေါ့နော်။
တကယ်တမ်း ပြောရရင်တော့ နိုင်ငံရေးအာဃာတ အင်မတန်ကြီးမားတဲ့သူကို တိုင်းသူပြည်သားတွေက မေတ္တာရှင်ကြီးသဖွယ် ကြည်ညိုနေကြတာ။ အဲဒီတိုင်းသူပြည်သားတွေက ဘုရားလိုကိုးကွယ်နေကြတဲ့သူတွေက တကယ်တမ်းကျတော့ အတ္တသမားတွေ၊ အာဃာတသမားတွေ၊ စစ်အစိုးရထက်ကို အာဃာတကြီးတဲ့သူတွေဆိုတာ ပေါ်လွင်သွားတာပေါ့ကွာ။
ဘာကြောင့် အဲဒီလိုပြောရတာလဲဆိုရင် စစ်အစိုးရလက်ထက်မှာ ဘယ်ခေါင်းစဉ်နဲ့လုပ်လုပ် သွေးရဖို့ အဓိကပဲဖြစ်တဲ့အတွက်ကြောင့် ဆရာဝန်တွေက သွေးဖောက်ပေးရတာပဲ။ အခုလည်း ဦးဇင်းကို ဝရမ်းထုတ်ထားတာတွေ ဘာတွေအသာထား ဦးဇင်းမွေးနေ့ အကြောင်းပြုပြီး သွေးလာလှူတယ်၊ သူတို့ သွေးယူရမှာပဲ။ စစ်အစိုးရလက်ထက်မှာတောင် ဘယ်ခေါင်းစဉ်နဲ့ဖြစ်ဖြစ်၊ သွေးလှူတာကိုလက်ခံပြီး ဒီမိုကရေစီအစိုးရ လက်ထက်ရောက်မှပဲ ဝရမ်းထုတ်ခံထားရတဲ့ဘုန်းကြီးတစ်ပါးရဲ့ မွေးနေ့အဖြစ် လှူတဲ့သွေးကို လက်မခံနိုင်ဘူးဆိုပြီးတော့ အပြောခံရတာပေါ့။
နစ်နာတာ ဘယ်သူနစ်နာသလဲ။ သွေးလိုအပ်တဲ့ လူနာတွေ၊ သူတို့တွေ အခက်အခဲဖြစ်သွားတာပေါ့။ အစိုးရ ကိုယ်တိုင်ကလည်းပဲ သွေးကမပေးနိုင်၊ နှစ်စဉ်သွေးလှူနေတာကိုလည်း ပိတ်ပင်ပစ်တယ်ဆိုတော့ အင်မတန် အကုသိုလ်ကြီးတဲ့အလုပ်ကို လုပ်သွားတာပေါ့ကွာ။
တစ်ခုကောင်းတာကတော့ ရန်ကုန်မှာလည်း ပုံမှန်သွေးလှူဖြစ်တယ်။ ၈၁ ပုလင်းရတယ်။ မန္တလေးမှာလည်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ သွေးလှူဖြစ်တယ်။ သူက ၃၈ ပုလင်းရတယ်။ မန္တလေးက လက်မခံလို့ ပြင်ဦးလွင်သွားလှူကြရတယ်။ အဲဒီမှာ ၁၄၅ ပုလင်းရတယ်။ အားလုံးပေါင်းလိုက်လို့ရှိရင် သုံးရာနီးပါး ဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးအခက်အခဲတွေကြားထဲနေပြီးတော့ လူနာရှင်တွေ လူနာတွေထံ သွေးရောက်အောင် မနည်းရုန်းကန်ခဲ့ရတာတော့ မွေးနေ့အတွက် အမှတ်တရ ဖြစ်သွားတာပေါ့ကွာ။

ငြိမ်း- ဒီတစ်ပတ်အတွက် သြဝါဒလည်း မိန့်ကြား ပေးပါဦးဘုရား။


ဆရာတော်- မနေ့ကတုန်းက (ဇူလိုင်လ ၅ ရက်နေ့က) ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မိတ္ထီလာ စတဲ့မြို့ကြီး ၅ ခုမှာ တူညီတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒတွေထုတ်ဖော်သွားကြတာ အင်မတန်အားရစရာကောင်းပါတယ်။ ဆရာတော် သံဃာတော်ကြီးတွေရဲ့ ဦးဆောင်မှုအောက်က နေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြောင့်ဖြောင့်တန်းတန်း အမြဲတန်း လိုက်ပါကြပါ။
တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတွေကြီးတဲ့ကိစ္စ၊ မွေးစားဥပဒေ ပြဋ္ဌာန်းဖို့လုပ်တဲ့ကိစ္စ၊ မီတာခတိုးမြှင့်တဲ့ကိစ္စ အစရှိသည်ကြောင့် တိုင်းရင်းသားပြည်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ အစိုင်အခဲမျိုးစုံ ခံစားနေရ တာလေ။ အဲဒီတော့ ဒီပြည်သူတွေအားလုံး တညီ တညွတ်တည်း တပြိုင်တည်းမလျှင် ကြွနိုင်ပါသည် လို့ခံယူပြီး ကြွအောင်ပြိုင်တူမကြပါလို့ တိုက်တွန်းလိုက်ပါတယ်။