မင္းကြန္း ၾသဂုတ္ ၂၂
စစ္ကိုင္းၿမိဳ႕နယ္ မင္းကြန္းေတာင္႐ိုး ပုထိုးေတာ္ႀကီးဘုရားအနီး ဓမၼစတီေက်ာင္းတိုက္တြင္ ဓမၼေစတီဆရာေတာ္ႏွင့္ ကမၻာေက်ာ္ဆရာေတာ္တို႔ပူးတြဲ တည္ေထာင္ထားသည့္ ပညာေရးအကယ္ဒမီေက်ာင္းသုိ႔ ေစတနာရွင္၊ အလွဴရွင္မ်ားက န၀ကမၼ၀တၳဳေငြမ်ား၊ ဆန္၊ ဆီ၊ ဟင္းသီးဟင္းရြက္စေသာ စားေသာက္ကုန္မ်ား လာေရာက္လွဴဒါန္းလ်က္ရွိသည္။

ယေန႔ ၾသဂုတ္ ၂၂ ရက္တြင္ မႏၲေလးတိုင္းေဒသႀကီး ရမည္းသင္းၿမိဳ႕နယ္ BDP ေဖာင္ေဒးရွင္း ဦးေဆာင္ဆရာေတာ္ ဘဒၵႏၲစေႏၵာဘာသဦးေဆာင္ေသာ သံဃာေတာ္အရွင္သူျမတ္မ်ား၊ လူပုဂ္ၢိဳလ္မ်ားပါ၀င္ေသာအဖြဲ႕ လာေရာက္၍ ဗလာစာအုပ္၊ ေဘာလ္ပင္၊ ခဲတံ၊ ေခါက္ဆြဲေျခာက္၊ မုန္႔ဩဇာ၊ ဆန္၊ ဆီ၊ ၾကက္သြန္နီႏွင့္ စားေသာက္ဖြယ္ရာမ်ား လွဴဒါန္းေပးအပ္သည္။

ထုိ႔ျပင္ ပညာေရးအကယ္ဒမီတြင္ စာေပသင္ၾကား၊ သင္ယူေနၾကေသာ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေန႔လည္စာ သံုးေဆာင္ရန္အတြက္ ငါးေၾကာ္ခ်က္ ဟင္းထုပ္မ်ားႏွင့္ အခ်ဳိတည္း သံုးေဆာင္ရန္အတြက္ ေဒသထြက္မုန္႔မ်ားကုိ ကုိယ္တိုင္ေလာင္းလွဴၾကသည္။

အဆိုပါလွဴဒါန္းပြဲသို႔ မႏၲေလး mbtမွ အတြင္းေရးမွဴးခ်ဳပ္ဆရာေတာ္ ဘဒၵႏၲကုသလ၊ ဦးေဆာင္ဆရာေတာ္မ်ားျဖစ္ၾကေသာ ဘဒၵႏၲ ၀ဏ္ၰိတ (နန္းဦးေက်ာင္းတိုက္)၊ ဘဒၵႏၲဇဋိလ (ဒုတ္ရဲေက်ာင္းတိုက္)တို႔ ႂကြေရာက္ခ်ီးေျမႇာက္ၾကေၾကာင္း သိရသည္။

“ပညာရေးအကယ်ဒမီ အလှူတော်”

မင်းကွန်း သြဂုတ် ၂၂
စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုး ပုထိုးတော်ကြီးဘုရားအနီး ဓမ္မစတီကျောင်းတိုက်တွင် ဓမ္မစေတီဆရာတော်နှင့် ကမ္ဘာကျော်ဆရာတော်တို့ပူးတွဲ တည်ထောင်ထားသည့် ပညာရေးအကယ်ဒမီကျောင်းသို့ စေတနာရှင်၊ အလှူရှင်များက နဝကမ္မဝတ္ထုငွေများ၊ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်စသော စားသောက်ကုန်များ လာရောက်လှူဒါန်းလျက်ရှိသည်။

ယနေ့ သြဂုတ် ၂၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် BDP ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသဦးဆောင်သော သံဃာတော်အရှင်သူမြတ်များ၊ လူပုဂ်္ဂိုလ်များပါဝင်သောအဖွဲ့ လာရောက်၍ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံ၊ ခေါက်ဆွဲခြောက်၊ မုန့်ဩဇာ၊ ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်သည်။

ထို့ပြင် ပညာရေးအကယ်ဒမီတွင် စာပေသင်ကြား၊ သင်ယူနေကြသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား နေ့လည်စာ သုံးဆောင်ရန်အတွက် ငါးကြော်ချက် ဟင်းထုပ်များနှင့် အချိုတည်း သုံးဆောင်ရန်အတွက် ဒေသထွက်မုန့်များကို ကိုယ်တိုင်လောင်းလှူကြသည်။

အဆိုပါလှူဒါန်းပွဲသို့ မန္တလေး mbtမှ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ၊ ဦးဆောင်ဆရာတော်များဖြစ်ကြသော ဘဒ္ဒန္တ ဝဏ်္ဏိတ (နန်းဦးကျောင်းတိုက်)၊ ဘဒ္ဒန္တဇဋိလ (ဒုတ်ရဲကျောင်းတိုက်)တို့ ကြွရောက်ချီးမြှောက်ကြကြောင်း သိရသည်။