သတင်း
“မစိုးရိမ်တိုက်သစ် နေ့ဆွမ်းအလှူတော်”
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ အနက် ရး၀၀ နာရီမှာ စာသင်သားသံဃာတော်များအား ဆွမ်းလောင်းလှူပြီး မနက် ၉း၃၀ နာရီမှာ ပရိတ်တရားနာ ရေစက်ချ အမျှဝေပါတယ်။
မနက် ၁၁း၀၀ နာရီမှာ နာယကဆရာတော်များနှင့် စာချဆရာတော်များ ကျမ်းပြီးဘွဲ့ရသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ အလှူရှင်များကတော့ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၊ ဖခင်ကြီး ဦးချစ်ပြိုင်ဝေ မိသားစုတို့ပါပဲ။
ကွယ်လွန်သူ ဒေါ်လွင်လွင်ဝေ(၅၄)နှစ်အားရည်စူး၍ ကုသိုလ်ပြုတဲ့ အလှူပွဲပါ။