Daily Archives: December 23, 2018

နဂါးနီစုဘူးသတင်း

နဂါးနီစုဘူး သြဝါဒ

နတ်တော်လပြည့်ကျော် ၁ ရက် (23.12.2018)ရက်နေ့၊ မွန်းလွဲ ၁း၃၀ နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်၊ ဂျပန်ဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။ နဂါးနီစုဘူးအမှတ်(၁) အသင်းသူ/သားများအား သြဝါဒပေးခြင်းပါ။ စုဘူးအသင်းဝင်(၂၈၆)ဦးရှိပါတယ်။ ဒီကနေ့ သြဝါဒနာယူသူတွေကတော့ တစ်သိန်းခွဲတန်း အသင်းဝင်များ ဖြစ်ပါတယ်။ သူတို့လေးတွေကိုကြည့်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူတွေမှန်း သိသာပါတယ်။ ဥစ္စာသာ ဆင်းရဲတာမဟုတ်ပါဘူး။ သဒ္ဓါတရားလည်း အတော်မွဲကြပါတယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ တရားပွဲလေးတောင် လာရောက်နာယူရကောင်းမှန်း မသိရှာပါဘူး။ နဂါးနီစုဘူးတည်ထောင်ရခြင်း ရည်ရွယ်ချက်ထဲမှာ ဆင်းရဲသူဆင်းရဲသားတွေရဲ့ရင်ထဲ သာသနာရောက်အောင် ထည့်ပေးဖို့ တစ်ခုလည်း ပါပါတယ်။ ...
သတင်း


မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ကျင်းပပါတယ်။ အနက် ၇း၀၀ နာရီမှာ စာသင်သားသံဃာတော်များအား ဆွမ်းလောင်းလှူပြီး မနက် ၉း၃၀ နာရီမှာ ပရိတ်တရားနာ ရေစက်ချ အမျှဝေပါတယ်။ မနက် ၁၁း၀၀ နာရီမှာ နာယကဆရာတော်များနှင့် စာချဆရာတော်များ ကျမ်းပြီးဘွဲ့ရသံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပါတယ်။ အလှူရှင်များကတော့ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၊ ဖခင်ကြီး ဦးချစ်ပြိုင်ဝေ မိသားစုတို့ပါပဲ။ ကွယ်လွန်သူ ဒေါ်လွင်လွင်ဝေ(၅၄)နှစ်အားရည်စူး၍ ကုသိုလ်ပြုတဲ့ အလှူပွဲပါ။ “မစိုးရိမ်တိုက်သစ် နေ့ဆွမ်းအလှူတော်” မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိကျောင်းတော်ကြီးမှာ ...
သတင်း

စာသင်သားသံဃာတော်များအား သြဝါဒပေး-၂

နတ်တော်လဆန်း ၁၂ ရက် (19.12.2018)ရက်နေ့၊ ည ၇း၀၀ နာရီ၊ မော်လမြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်မှာ ဟောကြားပါတယ်။ စာချဆရာတော်လေးများက ရောက်တုန်းရောက်ခိုက် သံဃာတော်များအား သြဝါဒပေးပါဟု လျှောက်ထားတဲ့အတွက် တရားပွဲမကြွခင်မှာ သြဝါဒပေးဖြစ်သွားတာပါ။ ချစ်တပည့်၊ နှစ်တပည့်၊ ပစ်တပည့် ဟု တပည့်သုံးမျိုးရှိရာတွင် ပစ်တပည့်မျိုးမဖြစ်အောင် စောင့်ထိန်းပြီး ချစ်တပည့်ဖြစ်အောင်ကြိုးစားဖို့ ချစ်တပည့်မဖြစ်ရင်တောင် နှစ်တပည့်ဘဝဖြင့် ဆရာကိုကျေးဇူးဆပ်ဖို့ ပါရမီဖြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပုရာဘေဒသုတ်လာ ဂါထာလေးတစ်ဂါထာ ရွတ်ပြပြီး ထိုဂါထာလာ ဘုရားအဆုံးအမကိုလိုက်နာကြဖို့ ထပ်မံအားဖြည့်ခဲ့ပါတယ်။ လာဘကမျာ န သိက္ခတိ၊ အလာဘေ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း


မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန္တလေးမြို့၊ ဈေးချို၊ ဒေါ်စန်းရီ၊ ဒေါ်စန်းကြည်၊ ဒေါ်တင်လှ (ရွှေဇီးကွက် ဒန် သတ္ထုရောင်းဝယ်ရေး)မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (23.12.2018) အလှူရှင် မိသားစုနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၃)” မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်) အမှတ်စဉ်-၃၆၆

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် ကျောက်ဆည်မြို့၊ ဦးသန်းထွေး+ဒေါ်အေးမေ၊ သားသမီးမြေး တစ်စုမှ အလှူငွေ ၁၅၀၀၀၀၀ိ (တစ်ဆယ့်ငါးသိန်းကျပ်) လှူဒါန်းပါသည်။ (6.12.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ ...