သတင်း
“စာသင်သားသံဃာတော်များအား သြဝါဒပေး-၂”
နတ်တော်လဆန်း ၁၂ ရက် (19.12.2018)ရက်နေ့၊ ည ရး၀၀ နာရီ၊ မော်လမြို့၊ မဟာမြိုင်ပရိယတ္တိစာသင်တိုက်မှာ ဟောကြားပါတယ်။ စာချဆရာတော်လေးများက ရောက်တုန်းရောက်ခိုက် သံဃာတော်များအား သြဝါဒပေးပါဟု လျှောက်ထားတဲ့အတွက် တရားပွဲမကြွခင်မှာ သြဝါဒပေးဖြစ်သွားတာပါ။
ချစ်တပည့်၊ နှစ်တပည့်၊ ပစ်တပည့် ဟု တပည့်သုံးမျိုးရှိရာတွင် ပစ်တပည့်မျိုးမဖြစ်အောင် စောင့်ထိန်းပြီး ချစ်တပည့်ဖြစ်အောင်ကြိုးစားဖို့ ချစ်တပည့်မဖြစ်ရင်တောင် နှစ်တပည့်ဘဝဖြင့် ဆရာကိုကျေးဇူးဆပ်ဖို့ ပါရမီဖြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပုရာဘေဒသုတ်လာ ဂါထာလေးတစ်ဂါထာ ရွတ်ပြပြီး ထိုဂါထာလာ ဘုရားအဆုံးအမကိုလိုက်နာကြဖို့ ထပ်မံအားဖြည့်ခဲ့ပါတယ်။
လာဘကမျာ န သိက္ခတိ၊ အလာဘေ စ န ကုပ္ပတိ။
အဝိရုဒ္ဓေါ စ တဏှာယ၊ ရသေသု နာနုဂိဇ္ဈတိ။
လာဘ်ပေါများအောင် မကျင့်နဲ့၊
လာဘ်ရှားပါးရင် စိတ်မပျက်နဲ့၊ ဆန့်ကျင်ဘက်မလုပ်နဲ့၊
အစားအစာကို တအားမတပ်မက်နဲ့။