နဂါးနီစုဘူးသတင္း

နဂါးနီစုဘူး ၾသဝါဒ

နတ္ေတာ္လျပည့္ေက်ာ္ ၁ ရက္ (23.12.2018)ရက္ေန႔၊ မြန္းလြဲ ၁း၃၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ျပည္ႀကီးတံခြန္ၿမဳိ႕နယ္၊ ဆ ရပ္ကြက္၊ ဂ်ပန္ဘုန္းႀကီးေက်ာင္းမွာ က်င္းပပါတယ္။ နဂါးနီစုဘူးအမွတ္(၁) အသင္းသူ/သားမ်ားအား ၾသဝါဒေပးျခင္းပါ။

စုဘူးအသင္းဝင္(၂၈၆)ဦးရွိပါတယ္။ ဒီကေန႔ ၾသဝါဒနာယူသူေတြကေတာ့ တစ္သိန္းခြဲတန္း အသင္းဝင္မ်ား ျဖစ္ပါတယ္။ သူတုိ႔ေလးေတြကိုၾကည့္လုိက္ပါ။ ဆင္းရဲႏြမ္းပါးသူေတြမွန္း သိသာပါတယ္။ ဥစၥာသာ ဆင္းရဲတာမဟုတ္ပါဘူး။ သဒၶါတရားလည္း အေတာ္မြဲၾကပါတယ္။

တစ္ႏွစ္တစ္ခါက်င္းပတဲ့ တရားပြဲေလးေတာင္ လာေရာက္နာယူရေကာင္းမွန္း မသိရွာပါဘူး။
နဂါးနီစုဘူးတည္ေထာင္ရျခင္း ရည္ရြယ္ခ်က္ထဲမွာ ဆင္းရဲသူဆင္းရဲသားေတြရဲ႕ရင္ထဲ သာသနာေရာက္ေအာင္ ထည့္ေပးဖုိ႔ တစ္ခုလည္း ပါပါတယ္။

တစ္ျခားဓမၼကထိဆရာေတာ္ေတြရဲ႕တရားကို နာယူဖုိ႔ေနေနသာသာ နဂါးနီစုဘူးတည္ေထာင္ၿပီး ေငြေၾကးအရင္းအႏွီးထုတ္ေပးကာ က်န္းမာေရး၊ ပညာေရး၊ နာေရးပါမက်န္ ေထာက္ပံ့ေနတဲ့ စာေရးသူရဲ႕ တရားပြဲေတာင္ စိတ္မဝင္စားၾကပါဘူး။ ရပ္ကြက္ေက်ာင္းမွာက်င္းပတဲ့တရားပြဲေတာင္ လာေရာက္မနာယူဘူးဆိုရင္ အျခားတရားပြဲဆုိရင္ေျပာစရာမလိုေတာ့ဘူးေပါ့ဗ်ာ။

ဒီကေန႔ၾသဝါဒမွာ ဆင္းရဲသူဆင္းရဲသားေတြအတြက္ ဘုရားတရားကိုသာ အားကိုးရာအျဖစ္ လက္ကိုင္ထားၾကဖုိ႔ ဆင္းရဲသားဘဝမွ ခ်မ္းသာသြားတဲ့ သူေဌးေတြအေၾကာင္း စံနမူနာေတြေပးၿပီး ေဟာၾကားခဲ့တာပါ။

“နဂါးနီစုဘူး သြဝါဒ”

နတ်တော်လပြည့်ကျော် ၁ ရက် (23.12.2018)ရက်နေ့၊ မွန်းလွဲ ၁း၃၀ နာရီ၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်၊ ဂျပန်ဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။ နဂါးနီစုဘူးအမှတ်(၁) အသင်းသူ/သားများအား သြဝါဒပေးခြင်းပါ။

စုဘူးအသင်းဝင်(၂၈၆)ဦးရှိပါတယ်။ ဒီကနေ့ သြဝါဒနာယူသူတွေကတော့ တစ်သိန်းခွဲတန်း အသင်းဝင်များ ဖြစ်ပါတယ်။ သူတို့လေးတွေကိုကြည့်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူတွေမှန်း သိသာပါတယ်။ ဥစ္စာသာ ဆင်းရဲတာမဟုတ်ပါဘူး။ သဒ္ဓါတရားလည်း အတော်မွဲကြပါတယ်။

တစ်နှစ်တစ်ခါကျင်းပတဲ့ တရားပွဲလေးတောင် လာရောက်နာယူရကောင်းမှန်း မသိရှာပါဘူး။
နဂါးနီစုဘူးတည်ထောင်ရခြင်း ရည်ရွယ်ချက်ထဲမှာ ဆင်းရဲသူဆင်းရဲသားတွေရဲ့ရင်ထဲ သာသနာရောက်အောင် ထည့်ပေးဖို့ တစ်ခုလည်း ပါပါတယ်။

တစ်ခြားဓမ္မကထိဆရာတော်တွေရဲ့တရားကို နာယူဖို့နေနေသာသာ နဂါးနီစုဘူးတည်ထောင်ပြီး ငွေကြေးအရင်းအနှီးထုတ်ပေးကာ ကျန်းမာရေး၊ ပညာရေး၊ နာရေးပါမကျန် ထောက်ပံ့နေတဲ့ စာရေးသူရဲ့ တရားပွဲတောင် စိတ်မဝင်စားကြပါဘူး။ ရပ်ကွက်ကျောင်းမှာကျင်းပတဲ့တရားပွဲတောင် လာရောက်မနာယူဘူးဆိုရင် အခြားတရားပွဲဆိုရင်ပြောစရာမလိုတော့ဘူးပေါ့ဗျာ။

ဒီကနေ့သြဝါဒမှာ ဆင်းရဲသူဆင်းရဲသားတွေအတွက် ဘုရားတရားကိုသာ အားကိုးရာအဖြစ် လက်ကိုင်ထားကြဖို့ ဆင်းရဲသားဘဝမှ ချမ်းသာသွားတဲ့ သူဌေးတွေအကြောင်း စံနမူနာတွေပေးပြီး ဟောကြားခဲ့တာပါ။