သတင်း

ပျောက်ဆုံးနေသော ထောက်ကြံ့မြို့နယ် ဘုရားသုံးဆူကျေးရွာ ဓမ္မာဝတီဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကကိုယ်တိုင် စည်းဝေးရှင်းလင်းပွဲ

28.11.2017 ရက်နေ့က ထောက်ကြံ့လမ်းဆုံ လမင်းသာ အမှတ်-၂စားသောက်ဆိုင်မှာ အကြမ်းဖက်ခံခဲ့ရတဲ့ ဘုရားသုံးဆူရပ်ကွက်မှ ဓမ္မာဝတီကျောင်းဆရာတော်ကြီးဘဒ္ဒန္တဣန္ဒကအမှူးပြုသော ဆရာတော်သံဃာတော်များ ရခိုင်သူရခိုင်သားများ ဒကာ ဒကာမများက ဒီနေ့ 2.12.2017 ရက်နေ့မှာ အစည်းအဝေးကျင်းပခဲ့ကြပါတယ်။

ဗဟန်းမြို့နယ် သမ္မတသင်္ကန်းတိုက်မှာ ကျင်းပတာပါ။ ဆရာတော်ကြီးဦးဣန္ဒကရှင်းပြတာကတော့ ကမ္ဘောဇမှာ ငွေအပ်ခဲ့တယ်၊ ပြန်လာတော့ လမင်းသာဆိုင်မှာ ရေနွေးတောင်းသောက်တယ်။ ကောင်လေးတစ်ယောက်ကို ဟေ့ကောင် ရေနွေးတစ်ခွက်လောက်ရှိရင်ပေးစမ်းဟု သုံးခါလောက်ပြောပြီး တောင်းတယ်။

ကောင်လေးက အထဲဝင်သွားတယ်။ ပြန်ထွက်လာတော့ ဆိုင်ရှင်ပါလာတယ်။ ဆိုင်ရှင်က ဘုန်းကြီးနဲ့ အရက်နဲ့ဘာဆိုင်လဲဆိုပြီး အကြမ်းဖက်တယ်လို့ ဆိုပါတယ်။ ထေရ်ကြီးဝါကြီးလည်းဖြစ်ပြန်၊ သင်္ကန်းဝတ်ဆင်ထားတာလဲ တောထွက်ကြီးနှင့်တူပြန်၊ ရခိုင်ဖြစ်လို့ ဗမာစကား မပီသပြန် ဤအကြောင်းတရားတို့ကြောင့် ရေနွေးတောင်းတာကို အရက်တောင်းတယ်ထင်ပြီး အကြမ်းဖက်လိုက်ကြတာ ဖြစ်နိုင်ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရဲနှင့်သံဃနာယကတို့ပြောတာကို အကုန်လက်ခံလိုက်ရပါတယ်။ အကျယ်အကျယ်ဖြစ်မှာစိုးလို့ စကားနဲရန်စဲ လုပ်လိုက်တဲ့သဘောဖြစ်မှာပါ။ ဒါပေမဲ့ ဝန်ခံကတိလက်မှတ်ထိုးခိုင်းတဲ့ သံဃနာယကကိုယ်တိုင် မဖြေရှင်းနိုင်တော့ပါဘူး။ တောင်ပြောမြောက်ပြောပြောတဲ့ ရဲစခန်းကလည်း တာဝန်မခံတော့ပါဘူး။ ဆရာတော်ကြီးကတော့ အရက်သေစာ လုံးဝကင်းရှင်းတာကို အာမခံနေပါတယ်။

ကြိုက်သလိုစစ်ဆေးနိုင်ကြောင်းလည်း မိန့်တော်မူပါတယ်။ အခုတော့ အစည်းအဝေးမှာ ကော်မတီလည်းဖွဲ့ပြီးပါပြီ။ ထောက်ကြံ့ရဲစခန်းသို့ ဆရာတော်ကြီးကိုယ်တိုင်လည်းထွက်ချက်ပေးပြီးသွားပါပြီ။ အခု ဆေးရုံကြီးသို့ ဆေးစစ်သွားနေပါပြီ။ 4.12.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ သမ္မတသင်္ကန်းတိုက်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ သိရပါတယ်။ မျိုးချစ်သမဂ္ဂအဖွဲ့မှ ဆရာတော်ဦးကေတုပေးပို့သော ဓာတ်ပုံများနှင့် ရုပ်သံဖိုင်များကို ပူးတွဲတင်ပြပေးလိုက်ပါတယ်။ ဆရာတော်ကြီးကိုယ်တိုင်ရေးသားထားသော လက်ရေးမူကိုလည်း စာစီပြီးတင်ပြပေးလိုက်ပါတယ်။

ဒီလောက်ဆိုရင် ရဟန်းအတုအစစ် ကွဲပြားလောက်ပါပြီ။ အရက်သောက် မသောက် ဆုံးဖြတ်လို့ရပါပြီ။ မိမိအမှုပေါ့စေလိုတာနဲ့ သူတော်ကောင်းကို အရက်သမားဖြစ်အောင်တော့ မစွပ်စွဲသင့်ပါ။ ယောက်ျားဆိုတာ လုပ်ရဲရင် ခံရဲရမယ်။ မိန်းမဆိုတာလည်း ဖြဲ(ဆဲ)ရဲရင် ခံရဲရမယ်။ ရိုက်နှက်အကြမ်းဖက်တာက တစ်ပြစ်၊ စွပ်စွဲတာကတစ်ပြစ် ထိုနှစ်ပြစ်မှာ စွပ်စွဲတဲ့အပြစ်က ပိုကြီးမားပါတယ်။

အမှားတစ်ခုကို ဖုံးလွှမ်းဖို့အတွက် နောက်ထပ်အမှားတစ်ခုကျူးလွန်တာမျိုး မလုပ်သင့်ပါဘူး။ အမှားကို အမှားနှင့်ချေဖျက်လို့မရပါဘူး။ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ဝန်ချတောင်းပန်မှုမျိုး ပြုလုပ်မှသာလျင် သံသရာအထိ အပြစ်တွေလိုက်ပါ မလာနိုင်မှာဖြစ်ပါတယ်။ သူတော်ကောင်းတွေ သူယုတ်ဘေးမှ ကင်းဝေးကြပါစေ။

ဝီရသူ(မစိုးရိမ်)
2.12.2017
PM 5:53
========================================================
“ဘုန်းကြီးပြောပါရစေ”
ဒီလိုပါ နတ်တော်လ္ဆန်း(၉)ရက်နေ့ ရွှေတိဂုံသို့ကြွခဲ့၏။ အပြန်မှာ တာမွေဆရာတော်ကြီးကျောင်း၌ ညအိပ်ခဲ့ပါ၏။ (၁၀)ရက်နေ့ အာရုံဆွမ်းဘုဉ်းပြီး မိမိကျောင်သို့ ပြန်ခဲံ၏။ ထောက်ကြံ့ နွယ်ခွေစံသမာဓိ တပည့်ကျောင်း၌ နေ့ဆွမ်းသုံးခဲ့၏။

၎င်းနောက် ၁၂ နာရီ ၃၀မှာ ကမ္ဘောဇဘဏ်သို့ရောက်ခဲ့။ ကမ္ဘောဇဘဏ်မှထွက်ခဲ့ရာ အနီးရှိ ဆိုင်တစ်ဆိုင်ဝင်၍ ရေနွေးတစ်ခွက်ဆေးသောက်ရန် တောင်းခဲ့။ အရက်ဆိုင်ဟု၎င်း၊ လမင်းသာဟု၎င်း မသိခဲ့ပါ။ ပြဿနာဖြစ်တော့မှသာ အရက်ဆိုင်ဟု သိပါသည်။

ရေနွေးတောင်းရာမှ ဆိုင်ပိုင်ရှင်သည် အပေါင်းပါတို့နှင့်အတူ အရက်သောက်တဲ့ဘုန်းကြီးဟုဆိုကာ ခဏတဖြုတ်အတွင်း လက်သီးနှင့်ဝိုင်းအုံ ရိုက်နှက်ထိုးကြိတ်ကြလေ၏။ အားကိုးမဲ့နေခဲ့သော ဘုန်းကြီးသည် မိနစ်အတွင်း အရက်သမားဘုန်းကြီးဆိုးသို့ သက်ရောက်ခဲ့ရ၏။

တိုင်းသံဃာ့နာယကအတွင်းရေးမှူးဟု အနီးနားကတစ်ဦးပြော၍ သိရသော အတ္တအရှင် ဦးဇင်းဦးစန္ဒောဘာသ ဗောဓိပင်ကျောင်းဆိုကာမသိက သူ့ကျောင်းမှာပင် နောက်အခါ အရက်မသောက်တော့ပါဟု ကတိဝန်ခံချက်ထိုး၍ပေးခဲ့၏။ မထိုးလျှင် ပြီးတော့ ပြန်ခွင့်ရခဲ့၏။ ညဥ့်(၇)နာရီမှာ မိမိကျောင်းသို့ရောက်ခဲ့၏။ လက်ဆွဲအိတ်တွင် ငွေကျပ်ခုနစ်သိန်းကျပ်မတွေ့တဲ့အခါ ဒါကြောင့်လားဟု………………..။

ရေနွေးတောင်းတာလေးနဲ့ အရက်သမားဖြစ်ခဲ့ရ၏။ ယခုအခါ ဘုန်းကြီးသည် မိမိ၏ ဘဝကို တွေးလေတိုင်း ဝမ်းနည်းကြေကွဲမိ၏။ ဗုဒ္ဓဘာသာ သာသနာ့တာဝန်ကို ရိုးသားစွာဖြင့် ယနေ့တိုင်ဆောင်ရွက်လာခဲ့ရာ၌ အောင်မြင်မှုမျိုးစုံကို တွေးမိလေတိုင်း ဝမ်းသာအားရမှု မရှိနိုင်တော့ဘဲ ဝမ်းနည်းကြေကွဲစွာနဲ့ပင် ပုန်းရှောင်နေရလေစွတကား။