Daily Archives: December 3, 2017

သတင်း

ရမ္မာဝတီဆရာတော်ကြီး အလှူတော်(၁)

ထောက်ကြံ့မြို့နယ် ဘုရားသုံးဆူကွက်သစ် ရမ္မာဝတီဆရာတော်ကြီး ဘဒ္ဒဣန္ဒကအတွက် နဝကမ္မအလှူငွေ ၁၅၀၀၀၀၀(ဆယ့်ငါးသိန်း)ကျပ် ရရှိပါပြီ။ ၁။ 1.12.2017 ရက်နေ့ ရေနံချောင်းမြို့ ဦးကျော်စိုးဟန်မှ အလှူငွေ ၅၀၀၀၀၀(ငါးသိန်း)ကျပ် ၂။ 2.12.2017 ရက်နေ့ မန္တလေးမြို့ ဦးစိုးမိုးနိုင်(မေမေချိုရည်ကုမ္ပဏီ)မှ အလှူငွေ ၁၀၀၀၀၀၀(ဆယ်သိန်း)ကျပ် လှူဒါန်းထားပါသည်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ဆရာတော်ဦးကေတုထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ ဆက်သွယ်ရန်နှင့် ဘဏ်အကောင့် ဦးကေတု(မျိုးချစ်သမဂ္ဂ)-09.450027505 Kbz-99930700401860001
သတင်း

အထင်မသေးထိုက်သော တရားလေးပါး (ဝါ) အထီးကျန်ရဟန်းနှင့် အကျည်းတန်အလွမ်း

  အထင်မသေးထိုက်သောတရားလေးပါးကား မင်းသား၊ မြွေ၊ မီး၊ ရဟန်းတို့ဖြစ်၏။ မင်းသားကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်။ မြွေကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်။ မီးကို သေးငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်။ ရဟန်းကို ငယ်၏ဟူ၍ မထီမဲ့မြင် မပြုအပ်ပေ။ မဟာဆီ မဟာသွေးအပြည့်ရှိသော မင်းသားလေးကို ကလေးအရွယ်ပဲဟု သဘောထားကာ မထီမဲ့မြင် မပြုကောင်းပေ။ အကြောင်းကား ထိုမင်းသားရှင်ဘုရင်ဖြစ်ခဲ့သော် မင်းပြစ်မင်းဒဏ်ပေးနိုင်သောကြောင့် ဖြစ်၏။ အဆိပ်ရှိသောမြွေကို သေးငယ်၏ဟူ၍ မထီမဲ့မြင်မပြုအပ်ပေ။ အကြောင်းကား မြွေကိုက်လျှင် အဆိပ်သင့်တတ်သောကြောင့် ဖြစ်၏။ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၇၈)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့၊ မြနှင်းဆီတောရကျောင်း ဆရာတော်ဦးပညာသာရမှ အလှူငွေ ၁၀၀၀၀၀(တစ်သိန်း)ကျပ်နှင့် ဆရာတော်ဦးဝိရသူ၏ နဝကမ္မအတွက် အလှူငွေ ၃၀၀၀၀(သုံးသောင်း)ကျပ် လှူဒါန်းစဉ်။ (2.12.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ ...
သတင်း

ယနေ့ သာသနာ

ပိုက်ဆံပျောက်တာလည်း ဝမ်းမနည်းဘူး၊ ဝိုင်းဝန်းရိုက်နှက်ထိုးခံရတာလည်း ဝမ်းမနည်းဘူး၊ ဗုဒ္ဓဘာသာ သားတော်တစ်ပါးကို စေ့စေ့ကြည့်ပြီး ဝိုင်းဝန်းထိုးနေကြတာကို မည်သူတစ်ဦးမျှ ဝိုင်းဝန်းတားဆီးခြင်း၊ အကူအညီပေးခြင်း မရှိတာကို အလွန်တစ်ရာ ဝမ်းနည်းကြေကွဲရပါသည်။ ဘဒ္ဒန္တဣန္ဒက ရမ္မာဝတီကျောင်းတိုက်၊ လှည်းကူး
သတင်း

ပေးစာတော့ ပေးစာပါပဲ

ရေးထားတာတော့ အင်္ဂလိပ်အက္ခရာတွေနဲ့ပါ။ ဒါပေမဲ့ ဘယ်ဘာသာစကားအသံထွက်မှန်းမသိပါဘူး။ အီတလီဆိုတာတော့ သိတယ်။ အရှင်ဝီရသူဆိုတာလည်းသိတယ်။ ၉၆၉ လှုပ်ရှားမှုဆိုတာလည်းသိတယ်။ ကျန်တာ ဘာမှမသိပါ။ ဆဲတာလား၊ ဆိုတာလား၊ ထောက်ခံစာလား၊ ကန့်ကွက်စာလားလည်း မသိရပါ။ ပရိသတ်ထဲက သိတဲ့လူရှိရင် ကူညီကြပါဦး။
သတင်း

ပျောက်ဆုံးနေသော ထောက်ကြံ့မြို့နယ် ဘုရားသုံးဆူကျေးရွာ ဓမ္မာဝတီဆရာတော်ကြီး ဘဒ္ဒန္တဣန္ဒကကိုယ်တိုင် စည်းဝေးရှင်းလင်းပွဲ

28.11.2017 ရက်နေ့က ထောက်ကြံ့လမ်းဆုံ လမင်းသာ အမှတ်-၂စားသောက်ဆိုင်မှာ အကြမ်းဖက်ခံခဲ့ရတဲ့ ဘုရားသုံးဆူရပ်ကွက်မှ ဓမ္မာဝတီကျောင်းဆရာတော်ကြီးဘဒ္ဒန္တဣန္ဒကအမှူးပြုသော ဆရာတော်သံဃာတော်များ ရခိုင်သူရခိုင်သားများ ဒကာ ဒကာမများက ဒီနေ့ 2.12.2017 ရက်နေ့မှာ အစည်းအဝေးကျင်းပခဲ့ကြပါတယ်။ ဗဟန်းမြို့နယ် သမ္မတသင်္ကန်းတိုက်မှာ ကျင်းပတာပါ။ ဆရာတော်ကြီးဦးဣန္ဒကရှင်းပြတာကတော့ ကမ္ဘောဇမှာ ငွေအပ်ခဲ့တယ်၊ ပြန်လာတော့ လမင်းသာဆိုင်မှာ ရေနွေးတောင်းသောက်တယ်။ ကောင်လေးတစ်ယောက်ကို ဟေ့ကောင် ရေနွေးတစ်ခွက်လောက်ရှိရင်ပေးစမ်းဟု သုံးခါလောက်ပြောပြီး တောင်းတယ်။ ကောင်လေးက အထဲဝင်သွားတယ်။ ပြန်ထွက်လာတော့ ဆိုင်ရှင်ပါလာတယ်။ ဆိုင်ရှင်က ဘုန်းကြီးနဲ့ အရက်နဲ့ဘာဆိုင်လဲဆိုပြီး အကြမ်းဖက်တယ်လို့ ဆိုပါတယ်။ ထေရ်ကြီးဝါကြီးလည်းဖြစ်ပြန်၊ သင်္ကန်းဝတ်ဆင်ထားတာလဲ တောထွက်ကြီးနှင့်တူပြန်၊ ရခိုင်ဖြစ်လို့ ဗမာစကား မပီသပြန် ဤအကြောင်းတရားတို့ကြောင့် ...