သတင်း


ဓာတ်ပုံ – ကျော်ဇင်သန်း

ဦးဝီရသူ ကိုထောက်ခံသူတွေ ရွှေတိဂုံစေတီတော် မှာ ဆုတောင်း မေတ္တာပို့သ

ဦးဝီရသူ ကိုထောက်ခံသူတွေ ရွှေတိဂုံစေတီတော် မှာ ဆုတောင်း မေတ္တာပို့သ ဦးဝီရသူ ကို ထောက်ခံသူ တွေဟာ ဒီကနေ့ နေလယ်ပိုင်းက ရွှေတိဂုံစေတီတော် မှာ ဆုတောင်း မေတ္တာပို့သတာတွေပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ နေလယ်ပိုင်းကစပြီး ရွှေတိဂုံစေတီတော် အရှေ့ဖက်မုဒ် ကြေးသွန်းဘုရားကြီးမှာ စုဝေးခဲ့ကြပါတယ်။ အဲဒီနောက် ရွှေတိဂုံစေတီတော်မှာ ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့သခဲ့တာပါ။ ဦးဝီရသူ ဟာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ဖမ်းဝရမ်းထုတ်ထားခံရတာဖြစ်ပြီး ဒီကနေ့မှာ ရန်ကုန်တိုင်း သံဃနာယက က သြဝါဒ ခံယူဖို့ အကြောင်းကြားထားခဲ့ပေမယ့် မနေ့ကည နေပိုင်းမှာတော့ သြဝါဒပေးမယ့်အစီအစဉ်ကို ဆိုင်းငံလိုက်တယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်းမီဒီယာအချို့ရဲ့ဆက်သွယ်မေးမြန်းချက်မှာတော့ ဦးဝီရသူဟာ ရန်ကုန်ကို ရောက်ရှိနေပြီး ဖမ်းဝရမ်းထုတ်တာကို ရင်ဆိုင်ဖြေရှင်းမယ်လို့ ဆိုထားပါတယ်။
ဓာတ်ပုံ – ကျော်ဇင်သန်း
https://www.facebook.com/pg/7daynews/photos/?tab=album&album_id=2478502898877996