သတင္း

မနက္ခင္းၾသဝါဒ(၂)

31.5.2019 ရက္ေန႔ မစုိးရိမ္တုိ္က္သစ္ ဓမၼသဟာယေက်ာင္းစာသင္သားသံဃာေတာ္မ်ားအား ဆရာေတာ္ဦးဝီရသူ၏ကိုယ္စား ဆရာေတာ္ဦးသူရိယာဘိဝံသမွ ၾသဝါဒေပးပါတယ္။

ဆရာသမားလမ္းညႊန္မွာၾကားခဲ့တဲ့ စကားသံုးခြန္း(ဘာပဲလုပ္လုပ္ မိမိပညာေရးမထိခိုက္ေစနဲ႔၊ ဘာပဲလုပ္လုပ္ မိမိသာသနာ မထိခိုက္ေစနဲ႔၊ ဘာပဲလုပ္လုပ္ မိမိတုိက္တာ မထိခိုက္ေစနဲ႔။)ကို ႀကဳိးစားလိုက္နာဖုိ႔၊ ဆရာသမားဂုဏ္သိကၡာထိခိုက္က်ဆင္းေစမယ့္ အျပဳအမူေရွာင္က်ဥ္ဖုိ႔၊
ဆရာသမားအား ေက်းဇူးဆပ္ရာလည္းေရာက္ေအာင္ မိမိအတြက္လည္း အက်ဴိးရွိေအာင္ စာႀကဳိးစားၿပီး စည္းကမ္းလုိက္နာဖုိ႔၊ ဆရာသမားမရွိဘူးဆိုတဲ့စိတ္မ်ဳိးမထားဘဲ ဆရာသမားရွိေနတဲ့ပုံစံအတုိင္း က်င့္ႀကံေနထုိင္ဖို႔၊ တျခားမလိုသူမ်ား ပိုမိုမ်က္မုန္းက်ဳိးေစမယ့္ အျပဳအမူ အေျပာအဆိုမ်ား ေရွာင္ၾကဥ္ဖို႔၊ ဆရာသမားသည္ မိမိယုံၾကည္ခ်က္အတုိင္း အမ်ဳိးဘာသာ သာသနာအေရးကို ေဆာင္ရြက္ေနတဲ့သူ ျဖစ္သည္အားေလ်ာ္စြာ မ်က္ေမွာက္မ်က္ကြယ္သေဘာမထားဘဲ အစဥ္ေလးစားအတုယူဖို႔ႏွင့္ အမ်ားစံနမူနာျဖစ္ေအာင္ ညီညီညြတ္ညြတ္နဲ႔ စည္းကမ္းတက် ပုံမွန္အတုိင္းေနထုိင္ၾကဖို႔ စသည္ျဖင့္ ဆံုးမၾသဝါဒေပးတာပါ။

ဆရာေတာ္ဦးသူရိယာဘိဝံသသည္ မစိုးရိမ္တုိက္သစ္ ဓမၼဝိမုတၱိရသေက်ာင္းနာယကဆရာေတာ္ျဖစ္ၿပီး သဟာယေက်ာင္းကို ေစာင့္ေရွာက္ေပးေနတဲ့ ဆရာေတာ္တစ္ပါး ျဖစ္ပါတယ္။

ၾသဝါဒေပးၿပီးေနာက္ သံဃာေတာ္မ်ားက မိမိတုိ႔ေနရာမွာပင္ အသီးသီးစာက်က္စာအံေနၾကပါေတာ့တယ္။

“မနက်ခင်းသြဝါဒ(၂)”

31.5.2019 ရက်နေ့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းစာသင်သားသံဃာတော်များအား ဆရာတော်ဦးဝီရသူ၏ကိုယ်စား ဆရာတော်ဦးသူရိယာဘိဝံသမှ သြဝါဒပေးပါတယ်။

ဆရာသမားလမ်းညွှန်မှာကြားခဲ့တဲ့ စကားသုံးခွန်း(ဘာပဲလုပ်လုပ် မိမိပညာရေးမထိခိုက်စေနဲ့၊ ဘာပဲလုပ်လုပ် မိမိသာသနာ မထိခိုက်စေနဲ့၊ ဘာပဲလုပ်လုပ် မိမိတိုက်တာ မထိခိုက်စေနဲ့။)ကို ကြိုးစားလိုက်နာဖို့၊ ဆရာသမားဂုဏ်သိက္ခာထိခိုက်ကျဆင်းစေမယ့် အပြုအမူရှောင်ကျဉ်ဖို့၊
ဆရာသမားအား ကျေးဇူးဆပ်ရာလည်းရောက်အောင် မိမိအတွက်လည်း အကျိူးရှိအောင် စာကြိုးစားပြီး စည်းကမ်းလိုက်နာဖို့၊
ဆရာသမားမရှိဘူးဆိုတဲ့စိတ်မျိုးမထားဘဲ ဆရာသမားရှိနေတဲ့ပုံစံအတိုင်း ကျင့်ကြံနေထိုင်ဖို့၊
တခြားမလိုသူများ ပိုမိုမျက်မုန်းကျိုးစေမယ့် အပြုအမူ အပြောအဆိုများ ရှောင်ကြဉ်ဖို့၊
ဆရာသမားသည် မိမိယုံကြည်ချက်အတိုင်း အမျိုးဘာသာ သာသနာအရေးကို ဆောင်ရွက်နေတဲ့သူ ဖြစ်သည်အားလျော်စွာ မျက်မှောက်မျက်ကွယ်သဘောမထားဘဲ အစဉ်လေးစားအတုယူဖို့နှင့် အများစံနမူနာဖြစ်အောင် ညီညီညွတ်ညွတ်နဲ့ စည်းကမ်းတကျ ပုံမှန်အတိုင်းနေထိုင်ကြဖို့ စသည်ဖြင့် ဆုံးမသြဝါဒပေးတာပါ။

ဆရာတော်ဦးသူရိယာဘိဝံသသည် မစိုးရိမ်တိုက်သစ် ဓမ္မဝိမုတ္တိရသကျောင်းနာယကဆရာတော်ဖြစ်ပြီး သဟာယကျောင်းကို စောင့်ရှောက်ပေးနေတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

သြဝါဒပေးပြီးနောက် သံဃာတော်များက မိမိတို့နေရာမှာပင် အသီးသီးစာကျက်စာအံနေကြပါတော့တယ်။