သတင္း

ဧည့္သည္ေတာ္အျဖစ္ တက္ေရာက္သည့္ပြဲ

16.2.2019 ရက္ေန႔၊ ရန္ကုန္ၿမဳိ႕၊ ၿမဳိ႕ေတာ္ခန္းမေရွ႕မွာက်င္းပတဲ့ လုပ္ထံုးလုပ္နည္းႏွင့္အညီ ေျခ/ဥျပင္ဆင္ေရး ဆႏၵထုတ္ေဖာ္ပြဲ တက္ေရာက္ခဲ့ပါတယ္။ အမ်ဳိးသားေရးသမား တစ္ေယာက္စ ႏွစ္ေယာက္ကလြဲလို႔ က်န္တာလူစိမ္းေတြခ်ည္းပါပဲ။ သူတုိ႔ကေတာ့ ဝမ္းသာအားရႏွင့္ ေက်းဇူးတင္ေၾကာင္း လာေရာက္ေလွ်ာက္ထားၾကပါတယ္။

ေဟာေျပာသူသံုးေယာက္ထဲမွာ မုိက္ကယ္သန္းဆိုသူႏွင့္ ေနာက္ဆံုးေဟာေျပာသူတုိ႔ကို လံုးဝ မၾကားဖူး မေတြ႔ဖူးပါ။ ဒုတိယေဟာေျပာသူ ေဒၚေအးေအးႏုကိုေတာ့ အမ်ဳိးသားေရးပြဲေတြမွာ မၾကာခဏ ျမင္ဖူးပါတယ္။ လုပ္ထံုးလုပ္နည္းႏွင့္အညီ ေျခ/ဥကိုျပင္ဆင္ဖုိ႔ ေဟာေျပာသြားၾကတာ သံုးေယာက္စလံုး ပညာရွင္ေတြမွန္း သိသာပါတယ္။

၁၆ ရက္ေန႔ လွည္းကူးတရားပြဲကို ဦးေဆာင္စီစဥ္ၾကတဲ့ လွည္းကူးမွ ေဒၚေရႊမမအပါအဝင္ အမ်ဳိးသားေရးသမားမ်ား ေနာက္မွေရာက္လာၾကတာေတြ႔ရပါတယ္။ ေရႊျပ့ည္သာမွ ရခုိင္ရဟန္းေတာ္ႏွစ္ပါးလည္း လာေရာက္အားေပးၾကပါတယ္။ တရားပြဲမွာလည္း အားေပး ေဟာေျပာပြဲမွာလည္းအားေပးနဲ႔ အင္မတန္အားကိုးရတဲ့ ညီေနာင္ေတြပါ။ စာေရးသူက ေခါင္းစဥ္ႀကဳိက္လုိ႔ ရည္ရြယ္ခ်က္ေကာင္းလုိ႔ ဝင္ေရာက္အားေပးတဲ့သေဘာပါ။ ဘယ္သူေတြစီစဥ္မွန္းလည္း မသိပါဘူး။ အမ်ဳိးသားေရးလုိလားသူမ်ားလို႔ အြန္လိုင္းဖိတ္စာမွာ ေတြ႔လုိက္ရတာပဲ ရွိပါတယ္။

ဒါေပမယ့္ အမ်ဳိးသားေရးစင္ျမင့္ေပၚမွာ အေဟာအေျပာေကာင္းသူေတြတိုးလာတာကိုသိရလို႔ တက္ေရာက္ရက်ဳိးနပ္ခဲ့ပါတယ္။

“ဧည့်သည်တော်အဖြစ် တက်ရောက်သည့်ပွဲ”

16.2.2019 ရက်နေ့၊ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာကျင်းပတဲ့ လုပ်ထုံးလုပ်နည်းနှင့်အညီ ခြေ/ဥပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲ တက်ရောက်ခဲ့ပါတယ်။
အမျိုးသားရေးသမား တစ်ယောက်စ နှစ်ယောက်ကလွဲလို့ ကျန်တာလူစိမ်းတွေချည်းပါပဲ။
သူတို့ကတော့ ဝမ်းသာအားရနှင့် ကျေးဇူးတင်ကြောင်း လာရောက်လျှောက်ထားကြပါတယ်။

ဟောပြောသူသုံးယောက်ထဲမှာ မိုက်ကယ်သန်းဆိုသူနှင့် နောက်ဆုံးဟောပြောသူတို့ကို လုံးဝ မကြားဖူး မတွေ့ဖူးပါ။
ဒုတိယဟောပြောသူ ဒေါ်အေးအေးနုကိုတော့ အမျိုးသားရေးပွဲတွေမှာ မကြာခဏ မြင်ဖူးပါတယ်။
လုပ်ထုံးလုပ်နည်းနှင့်အညီ ခြေ/ဥကိုပြင်ဆင်ဖို့ ဟောပြောသွားကြတာ သုံးယောက်စလုံး ပညာရှင်တွေမှန်း သိသာပါတယ်။

၁၆ ရက်နေ့ လှည်းကူးတရားပွဲကို ဦးဆောင်စီစဉ်ကြတဲ့ လှည်းကူးမှ ဒေါ်ရွှေမမအပါအဝင် အမျိုးသားရေးသမားများ နောက်မှရောက်လာကြတာတွေ့ရပါတယ်။
ရွှေပြ့ည်သာမှ ရခိုင်ရဟန်းတော်နှစ်ပါးလည်း လာရောက်အားပေးကြပါတယ်။
တရားပွဲမှာလည်း အားပေး ဟောပြောပွဲမှာလည်းအားပေးနဲ့ အင်မတန်အားကိုးရတဲ့ ညီနောင်တွေပါ။
စာရေးသူက ခေါင်းစဉ်ကြိုက်လို့ ရည်ရွယ်ချက်ကောင်းလို့ ဝင်ရောက်အားပေးတဲ့သဘောပါ။
ဘယ်သူတွေစီစဉ်မှန်းလည်း မသိပါဘူး။
အမျိုးသားရေးလိုလားသူများလို့ အွန်လိုင်းဖိတ်စာမှာ တွေ့လိုက်ရတာပဲ ရှိပါတယ်။

ဒါပေမယ့် အမျိုးသားရေးစင်မြင့်ပေါ်မှာ အဟောအပြောကောင်းသူတွေတိုးလာတာကိုသိရလို့ တက်ရောက်ရကျိုးနပ်ခဲ့ပါတယ်။