သတင်း






 

“ကျောက်မဲမြို့ ညောင်ရေသွန်းပွဲ”

ကဆုန်လပြည့် (27.4.2018)ရက်နေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ တိလင်ပရိယတ္တိစာသင်တိုက်မှာ ကျင်းပတာပါ။

မိဘပြည်သူများ၊ ဓမ္မစကူးလ်များက တိုင်းရင်းသားအလံများ ကိုယ်စီကိုင်ပြီး ဗုဒ္ဓဝင်း၊ ရတနာပုံဝင်း၊ ပုဂံဝင်းတွေနဲ့ လှည့်လည်ပူဇော်တာပါ။
မနက် 7:00 နာရီမှ 10:00 နာရီအထိ မြို့ထဲလှည့်လည်ပူဇော်ကြရာ လမ်းတစ်လျှောက်ရှိပြည်သူများမှ ရေသန့်ဘူးများ၊ အအေးဘူးများ၊ မုန့်များ ဝေငှလှူဒါန်းကြပါတယ်။

တိလင်ကျောင်းတိုက် စေတီတော်ကြီးကို သုံးပတ်လှည်ပူဇော်အပြီးမှာ ဗောဓိညောင်ရေသွန်းလောင်း ပူဇော်ကြပါတယ်။
တိလင်ဆရာတော်ကြီးဦးဆောင်ကျင်းပလာခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ရှိပြီးလို့ ဆိုပါတယ်။ ဌာနဆိုင်ရာအကြီးအကဲများလည်း လာရောက်ပူဇော်ကြပါတယ်။